၂၀၂၁ ခုနှစ်၊ အာဆီယံအိုင်စီတီပြိုင်ပွဲ (ASEAN ICT Awards 2021) သို့ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို မြှင့်တင်နိုင်ရေး အတွက် ASEAN ICT Masterplan 2015 ၊ ASEAN ICT Masterplan 2020 နှင့် ASEAN ICT Masterplan 2025 များကို ဖော်ဆောင်သောအားဖြင့် ASEAN Digital Minister’s Meeting (ADGMIN)နှင့် ASEAN Digital Senior Officials Meeting (ADGSOM) ၏ လုပ်ငန်းစီမံချက် အောက်တွင် ASEAN ICT Awards ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှစတင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျကျင်းပခဲ့ပါသည်။

ASEAN ICT Award ပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွန့်ဦးတီထွင်သူများ၊ အဖွဲ့အစည်းများအကြား ဆန်းသစ်တီထွင်ဖန်တီးမှုများတွင် အောင်မြင်မှုများကို အသိအမှတ်ပြုကာ စီးပွားရေးနှင့်ကုန်သွယ်ရေး အခွင့်အလမ်းများရရှိနိုင်ရေး၊ အိုင်စီတီနည်းပညာများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ASEAN ICT Products များကို ဒေသတွင်းသာမက နိုင်ငံတကာအသိအမှတ်ပြု လာနိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ASEAN ICT Awards ပြိုင်ပွဲကို 2nd ADGMIN အစည်းအဝေးအလှည့်ကျသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် မြန်မာနိုင်ငံမှ Organize ပြုလုပ်၍ ကျင်းပမည်ဖြစ်ပါသည်။

ပြိုင်ပွဲတွင် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစားခေါင်းစဉ် (Award Category) (၆) ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်-

    The Public Sector
    The Private Sector
    Corporate Social Responsibility (CSR)
    Digital Content
    Startup Company  နှင့်
    Research and Development

အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယဆု များ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ASEAN Digital Ministers’ Meeting အစည်းအဝေးတွင် ဆုရရှိသူများ ကို ASEAN ICT Awards ဆုတံဆိပ်နှင့် ASEAN Digital Minister (ADGMIN – Myanmar) မှ လက်မှတ်ရေးထိုးထားသည့် ဆုလက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များအားလုံးသို့လည်း ASEAN Digital Senior Official (ADGSOM – Myanmar) မှ လက်မှတ်ရေးထိုးထားသည့် အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့် ပေးသွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ စက်တင်ဘာလ (၂၀) ရက်နေ့အထိ မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာကို ရှင်းလင်းဖော်ပြထားသည့် (၂) မိနစ်မှ (၅) မိနစ်ခန့်ရှိ Video Presentation (.avi format) နှင့်အတူ ပြိုင်ပွဲဝင်ပုံစံ (Entry Form) အား မြန်မာနိုင်ငံ၏ ASEAN ICT Awards 2021 Country Coordinator ဖြစ်သည့် ဒေါ်ချောခင်ခင်၊ E-mail: [email protected] ၊ ဖုန်း – ၀၉ ၅၀၅၈၁၁၂ ထံသို့ ဆက်သွယ်ပေးပို့ လျှောက်ထားရမည် ဖြစ်ပါသည်။

ASEAN ICT Awards 2021 နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Event Webpage ဖြစ်သည့် (https://aseanictaward.org.mm)တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ထပ်မံသိရှိလိုသည့်အချက်များရှိပါက အပြည်ပြည်ဆိုင်ရာဆက်ဆံရေး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဖုန်း - ၀၆၇ ၃၄၀၇၂၄၁ နှင့် ၀၉ - ၂၅၆၀၀၀၆၆၆ သို့လည်းကောင်း၊ ဒေါ်မြင့်မြင့်သန်း၊ အမှုဆောင်ဒါရိုက်တာ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ဖုန်း - ၀၉၆၉၅၀၂၂၃၃၁ ထံသို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံမှ တာဝန်ယူကျင်းပပြုလုပ်မည့် ASEAN ICT Awards 2021 ပြိုင်ပွဲသို့ မြန်မာနိုင်ငံအတွင်း အိုင်စီတီဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသိပေးဖိတ်ခေါ်အပ် ပါသည်။

ပြိုင်ပွဲအမျိုးအစားခေါင်းစဉ်အလိုက် အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲအဆင့်များကို ပေးထားသော Link တွင် Download ရယူနိုင်ပါသည်။

Categories.pdf (92.56 KB)