အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရန်ကုန်မြို့၊ The Myanmar Terminal (TMT)ဆိပ်ကမ်းတံတားမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု၊  ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတားမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ “MV Royal Venus” နှင့် “MV Weru Pack Kha” သင်္ဘောများဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် နှင့် တာဝန်ရှိသူများက The Myanmar Terminal (TMT) ဆိပ်ကမ်းတံတားမှ ကြိုဆိုခဲ့ကြပြီး၊ ရှင်းလင်း ဆောင်တွင် အထွေထွေမန်နေဂျာက စစ်တွေမြို့သို့ တင်ပို့ပြီးသော သင်္ဘောများနှင့် ကုန်ပစ္စည်းများ စာရင်း၊ တင်ဆောင်ဆဲသင်္ဘောများနှင့် ကုန်ပစ္စည်းများစာရင်း၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေလမ်း ကြောင်းအခြေအနေ၊ သင်္ဘောများအချိန်မီ ဆိုက်ကပ်ကုန်တင်နိုင်ရေး၊ ထွက်ခွာနိုင်ရေးနှင့် ရေလမ်း ကြောင်း ဘေးကင်းလုံခြုံရေးတို့အတွက် စစ်ဆေးဆောင်ရွက်ပေးမှု အခြေအနေနှင့် ရေကြောင်း ပြမှူးကြီးများ တာဝန်ချထားပေးမှု အခြေအနေတို့ကို ဇယားကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သင်္ဘောများဆိုက်ကပ်ရာတွင် အန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်ရေး၊ ကုန်များတင်ဆောင်ရာတွင်လည်း စက်ကိရိယာနှင့် လူအင်အားနိုင်နင်းစွာသုံးစွဲနိုင်ရေးနှင့် ဘေးကင်း လုံခြုံမှုရှိစေရေး၊ သင်္ဘောများမထွက်ခွာမီ စက်ပိုင်းဆိုင်ရာ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများ တင်ဆောင်ရာ၌ Balance ဖြစ်စေရေးနှင့် လမ်းခရီးတွင် လှိုင်းဒဏ်လေဒဏ်ခံနိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး ဆိပ်ကမ်း တံတားတွင် “MV Royal Venus” နှင့် “MV Weru Pack Kha” သင်္ဘောများ ဆိုက်ကပ်၍ ဌာန အသီးသီးမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး အားပေးခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန