အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ်

ITU HRD Assistance on Licensing (Nay Pyi Taw 15-11-2010 to 19-11-2010 and 20-12-2010 to 14-12-2010) အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် ( International Telecommunication Union ) ၏ ၂၀၁၀ လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံသို့ လူ့ စွမ်း အားမြှင့်တင်ရေး အကူအညီအဖြစ် Training Assistance on Regulatory Practices ( Licensing ) သင်တန်းအား ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်း ၀န်ကြီး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) အစည်းအဝေးခန်းမတွင် ၂၀၁၀ ခုနှစ် ၊ ဒီဇင်ဘာ ၁၉ရက်နေ့မှ ၂၄ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းအား ITUမှ အတိုင်ပင်ခံကျွမ်းကျင် ပညာရှင် Mr. Eric Lie မှ(၅)ရက်ကြာ ပို့ချပေးခဲ့ပြီး နိုင်ငံတကာတွင်ဆက်သွယ်ရေး နှင့် IT ကဏ္ဍ Licensing ပုံစံပြောင်းလဲလာပုံများ၊ ကောင်းမွန်သည့် Licensing ပုံစံနှင့် ICT ကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုတို့ဆက်စက်နေပုံများ၊ Licensing ပုံစံအမျိုးမျိုး၊ Licensing တွင်ပါ၀င်လေ့ရှိသည့်ဆောင်ရွက်ပုံအဆင့်ဆင့်၊လိုင်စင် နှုန်းထား ကောက်ခံပုံများတို့ကို ကျယ်ပြန့် စွာရှင်းလင်းဆွေးနွေးခဲ့ပြီးသင်တန်းသူ၊ သင်တန်းသားများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးသည့် (interactive) ပုံစံဖြင့် ပို့ချသွားခဲ့ပါ သည်။ သင်တန်းသို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အရာထမ်းများ၊ ဆက်သွယ်ရေးနှင့် IT ကဏ္ဍဝန်ဆောင်မှုပေး သူများဖြစ်ကြသည့် ရတနာပုံ တယ်လီပို့နှင့် မြန်မာအင်ဖိုတက်ခ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ ကြေး နန်းဆက်သွယ်ရေးအဖွဲ့ချုပ် (International Telecommunication Union) သည် ကုလသမဂ္ဂ၏ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာကဏ္ဍအတွက် တာဝန်ခံအေဂျင်စီ တစ်ခုဖြစ်ပြီး အဖွဲ့ ၀င်နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိကာ ဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရ အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍအတွက် focal point အဖြစ် တာဝန်ခံ ဆောင်ရွက်နေပါသည်။ အိုင်တီယူ၏ ရုံးချုပ်ကို ဆွစ်ဇာလန် နိုင်ငံဂျီနီဗာမြို့ တွင် ဖွင့်လှစ်ထားရှိပါသည်။ မြန်မာနိုင်ငံသည် အိုင်တီယူသို့ ၁၉၄၈ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွက် Licensing HRD Program ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အိုင်တီယူ၏ အာရှ-ပစိဖိတ်ဒေသရုံးမှ တာဝန်ခံ Ms.Aurora Rubio နှင့် Mr.Eric Lie တို့သည် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ပထမအကြိမ် နေပြည်တော်သို့ လာရောက်ခဲ့ပြီး ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လိုအပ်သည့်အချက်အလက်များ စုဆောင်းခြင်းများ ပြုလုပ် ခဲ့ကြ ပါသည်။ အိုင်တီယူ ပညာရှင်အဖွဲ့သည် ၁၆-၁၂-၂၀၁၀ ရက်နေ့တွင်ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းထွန်းအား ဂါရဝပြုတွေ့ ဆုံပြီး မြန်မာနိုင်ငံနှင့် အိုင်တီယူတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေး ခဲ့ကြပါသည်။ ပညာရှင်အဖွဲ့သည် ၁၇-၁၂-၂၀၁၀ ရက်နေ့တွင် မန္တတလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ရတနာပုံ ဆိုက်ဘာမြို့သစ်သို့သွားရောက်ပြီး အိုင်စီတီ ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အစိုးရ နှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်လေ့လာခဲ့ကြပါသည်။