သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Project Planning and Management သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ ပြည့်နှစ် သြဂုတ် (၁၀) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် မြန်မာ-စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် လုပ်ငန်းစီမံချက် တစ်ခုကို စနစ်တကျ အစီအစဉ်ရေးဆွဲ၍ အစိုးရ၏ လက်ရှိဆောင်ရွက်နေသော စီမံကိန်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Project Planning and Management သင်တန်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် (၁၀) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ကြောင်း သိရပါသည်။

Project Planning and Management သင်တန်းကာလမှာ (၁၀--၂၀၂၀) ရက်နေ့မှ (၁၄--၂၀၂၀) ရက်နေ့ အထိ () ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၆) ခုမှ သင်တန်းသား (၂၀) ဦး တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင် Online Video Conferencing စနစ်ကို အသုံးပြု၍ စင်္ကာပူနိုင်ငံမှ သင်တန်းနည်းပြ Mr.  Tan Joo Chuah သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံး၊ တတိယအတွင်းဝန် Ms. Felicia Low   (Singapore Cooperation Centre) မှ အဖွင့်အမှာစကားပြောကြာပြီး Singapore Cooperation Programme (SCP) Video ကိုဖွင့်လှစ်ပြသပါသည်။ ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် Singapore Polytechnic International မှ General Manager Mr. Andrew Tan က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း