သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန MySQL Database Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ ခုနှစ် သြဂုတ် () ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် SQL Language အကြောင်းကို အခြေခံသိရှိ နားလည်ပြီး  Web Application/ Website နှင့် Database တို့ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာန Websiteရှိ Database System ကို ထိန်းသိမ်း အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော MySQL Database Course သင်တန်းကို ၂၀၂၀ ခုနှစ် သြဂုတ် () ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရပါသည်။

MySQL Database Course သင်တန်းကာလမှာ (--၂၀၂၀) ရက်နေ့မှ    (၁၉--၂၀၂၀) ရက်နေ့ အထိ (၁) ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၁၂) ခုမှ သင်တန်းသား (၁၄) ဦး တက်ရောက်ကြောင်း သိရပါသည်။  သင်တန်းတွင်   အွန်လိုင်းသင်ကြားရေး စနစ်ကို အသုံးပြု၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း