လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ထိ လုပ်ငန်းဆောင်ရွက်တိုးတက်မှု (၁)

မြစ်ကြီးနားလေဆိပ် အဆောက်အဦသစ် တည်ဆောက်ခြင်း

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်များ ဝင်/ထွက်အသုံးပြုသည့် ခရီးသည်လေဆိပ် အဆောက်အဦမှာ အရေးကြီးပုဂ္ဂိုလ်နားနေဆောင် အပါအဝင် အလျား ၁၆၂ ပေ၊ အနံ ၄၅ ပေ သာရှိသည့်အတွက် တိုးတက်လာသော လေကြောင်းလိုင်းများ နှင့် ခရီးသည် များဝင်/ထွက် အသုံးပြုမှုတို့အရ လုံလောက်မှု မရှိတော့သဖြင့် ခရီးသည်လေဆိပ် အဆောက်အဦသစ် အလျား ၂၀၀ ပေ၊ အနံ ၈၀ ပေ နှစ်ထပ်သံကူကွန်ကရိ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီး၍ (၁၀-၆-၂၀၁၆) ရက်နေ့တွင် ဖွင့်ပွဲကျင်းပခဲ့ပြီး အသုံးပြုလျက် ရှိပါသည်။

မြစ်ကြီးနားလေဆိပ် အဆောက်အဦသစ်


မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း

မြစ်ကြီးနားလေယာဉ်ပြေးလမ်း (၇၀၀၀x၁၅၀) ပေ၊ လေယာဉ်သွားလမ်း (၈၈၅ x ၇၅) ပေ နှင့် လေယာဉ်ရပ်နားနေရာ (၆၀၀ x ၁၈၀) ပေ တို့အား ၂" အထူ နိုင်လွန် ကတ္တရာ ပထမအလွှာ ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆင်းသက်အသုံး ပြုလျက် ရှိပါသည်။

မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း


လားရှိုးလေဆိပ် အဆောက်အဦသစ် တည်ဆောက်ခြင်း

လားရှိုးလေဆိပ်တွင် ခရီးသည်များ ဝင်/ထွက်အသုံးပြုသည့် ခရီးသည်လေဆိပ် အဆောက်အဦ မှာ  (၁၂၀ x ၅၈) ပေ သာရှိသည့်အတွက် တိုးတက်လာသော လေကြောင်းလိုင်းများ နှင့် ခရီး သည်များဝင်/ထွက် အသုံးပြုမှုတို့အရ လုံလောက်မှု မရှိတော့သဖြင့် ခရီးသည်လေဆိပ် အဆောက်အဦသစ် (၂၀၀ x ၈၀) ပေ တစ်ထပ်သံကူကွန်ကရိတည်ဆောက်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြီးစီးခဲ့၍ (၂၆.၁.၂၀၁၇) ရက်နေ့မှ စတင် အသုံးပြု လျက်ရှိပါသည်။


လားရှိုးလေဆိပ် အဆောက်အဦသစ်


စစ်တွေလေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

စစ်တွေလေဆိပ် မူလအဆောက်အဦမှာ အလျား ၂၂၀ ပေ၊ အနံ ၆၀ ပေ ရှိရာ၊ တိုးတက်များပြား လာသော လေကြောင်းလိုင်းများနှင့်အညီ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ နေ့စဉ် တိုးတက် များပြားလာ မှုကြောင့် လက်ရှိ လေဆိပ်အဆောက်အဦ အလျား ၂၂၀ ပေ၊ အနံ ၆၀ ပေ အား အကြီးစားပြုပြင် မွမ်းမံခြင်းနှင့် လက်ရှိအဆောက်အဦနှင့်တွဲလျက် အလျား ၁၈၀ ပေ၊ အနံ ၆၀ ပေ တိုးချဲ့ တည်ဆောက်ခြင်း ပြီးစီး၍ (၂၉-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်ပွဲကျင်းပ ပြုလုပ်ကာ အသုံးပြုလျက် ရှိပါသည်။

စစ်တွေလေဆိပ် အဆောက်အဦတိုးချဲ့တည်ဆောက်ခြင်း


စစ်တွေလေဆိပ် အရေးကြီးပုဂ္ဂိုလ်နားနေဆောင် အသစ်တည်ဆောက်ခြင်း

စစ်တွေလေဆိပ်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အသုံးပြုရန်အတွက် လည်းကောင်း၊ ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO အဖွဲ့များ၊ INGO အဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် ဆွေးနွေး ရှင်းလင်းမှု များ ဆောင်ရွက်ရန်အတွက် အရေးကြီးပုဂ္ဂိုလ်နားနေဆောင်သစ် (၁၀၀ x ၆၀) ပေ  တည်ဆောက်ခြင်းကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ပြီး (၂၅-၁၂-၂၀၁၆) ရက်နေ့မှ စတင်အသုံးပြုလျက်ရှိပါသည်။

စစ်တွေလေဆိပ် အရေးကြီးပုဂ္ဂိုလ်နားနေဆောင် အသစ်တည်ဆောက်ခြင်း


သံတွဲလေဆိပ် အဆောက်အဦသစ် တည်ဆောက်ခြင်း

သံတွဲလေဆိပ် ခရီးသည်အဆောက်အဦ [(၁၀၀x၄၀)+(၄၀x၅၀)] ပေ အား လေဆိပ်အဆောက် အဦသစ် အလျား ၂၀၀ ပေ၊ အနံ ၁၄၀ ပေ သံကူကွန်ကရိတစ်ထပ်ခွဲ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးစီး၍ (၃၀--၂၀၁၇) ရက်နေ့တွင် ဖွင့်ပွဲကျင်းပခဲ့ပြီး အသုံးပြု လျက်ရှိပါသည်။

သံတွဲလေဆိပ် အဆောက်အဦသစ် တည်ဆောက်ခြင်း


သံတွဲလေဆိပ် လေယာဉ်ပြေးလမ်း နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း

သံတွဲလေဆိပ် လေယာဉ်ပြေးလမ်း အလျား ၈၀၀၀ ပေ၊ အကျယ် ၁၀၀ပေ ကျောက်ကတ္တရာ ခင်းပြေးလမ်းအား ၂ လက်မထု နိုင်လွန် ကတ္တရာခင်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကိုလည်း ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

သံတွဲလေဆိပ် လေယာဉ်ပြေးလမ်း နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်း


ဟဲဟိုးလေဆိပ် လေယာဉ်ရပ်နားနေရာ တိုးချဲ့တည်ဆောက်ခြင်း

ရှမ်းပြည်နယ်၏ အဓိကလေကြောင်းဝင်ပေါက်ဖြစ်သည် ဟဲဟိုးလေဆိပ်တွင် တိုးတက်လာသော ခရီးသည်ဝင်/ထွက်မှု နှင့်အညီ လေကြောင်းလိုင်းများလည်း တိုးတက်ပျံသန်းလျက်ရှိနေသည့် အတွက် လေယာဉ်ရပ်နားနေရာတွင် လေယာဉ်များရပ်နားအသုံးပြုရန် လုံလောက်မှုမရှိတော့ သဖြင့် လေယာဉ် ရပ်နားနေရာ (၁၀၀၀ x ၂၂၅) ပေ၏ မြောက်ဘက်သို့ (၄၀၀ x ၂၂၅) ပေ ကျောက်ကတ္တရာခင်းတိုးချဲ့ တည်ဆောက်ခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

ဟဲဟိုးလေဆိပ် လေယာဉ်ရပ်နားနေရာ တိုးချဲ့တည်ဆောက်ခြင်း


လွိုင်ကော်လေဆိပ် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း

လွိုင်ကော်လေဆိပ် လေယာဉ်ပြေးလမ်း (၅၂၀၀ x ၇၅)ပေအား လေယာဉ်ပြေးလမ်း မြောက်ဘက် သို့ (၁၈၀၀ x ၁၀၀) ပေ ကျောက် ကတ္တရာခင်း တိုးချဲ့ခြင်းကို ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြု ရန်ပုံငွေ များဖြင့် အပိုင်းလိုက်ဆောင်ရွက်ခဲ့ရာ၊ ပြီးစီးခဲ့သဖြင့် စုစုပေါင်း လေယာဉ်ပြေးလမ်း (၇၀၀၀ x ၇၅) ပေ တွင် လေယာဉ်များ ဆင်း/တက်အသုံးပြုလျက်ရှိပါသည်။

လွိုင်ကော်လေဆိပ် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း


လွိုင်ကော်လေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

လွိုင်ကော်လေဆိပ် ခရီးသည်အဆောက်အဦ (၁၅၀ x ၅၀) ပေ အား Airside သို့ (၁၅၀ x ၁၅) ပေ နှင့် Landside Portico (၈၀ x ၁၅) ပေ တိုးချဲ့တည်ဆောက်ခြင်း တည်ဆောက်ခြင်းလုပ်ငန်းကို (၂-၇-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

လွိုင်ကော်လေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း


ကလေးမြို့လေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

ကလေးမြို့လေဆိပ်အဆောက်အဦ (၁၂၀ x ၆၀) ပေအား (၁၂၀ x ၁၀၀) ပေ ရရှိသည် အထိတိုးချဲ့ခြင်း နှင့် လက်ရှိလေဆိပ်အဆောက်အဦအား ပြုပြင်ခြင်းလုပ်ငန်းများကို (၁-၈-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ကလေးမြို့လေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

ကလေးမြို့လေဆိပ် အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း


ကျိုင်းတုံလေဆိပ်အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

ကျိုင်းတုံလေဆိပ်အဆောက်အဦ (၁၂၀ x ၆၀) ပေအား Landside သို့ (၁၂၀ x ၄၀)ပေ နှင့်  Portico (၅၀x၁၅) ပေ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း (၈-၉-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ကျိုင်းတုံလေဆိပ်အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

ကျိုင်းတုံလေဆိပ်အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း

ကျိုင်းတုံလေဆိပ်အဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်း


ဖလမ်း (ဆူရ်ဘုန်) လေဆိပ်သစ် တည်ဆောက်ခြင်း

ချင်းပြည်နယ်သည် ကုန်းလမ်းတစ်ခုတည်းကိုသာ အားထားနေရသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တောင်ပေါ်မြေပြန့် ဖွံ့ဖြိုးမှုကွာဟချက်မရှိစေရေး နှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အလွယ်တကူ လာရောက်လည်ပတ်နိုင်ရန် စသော ရည်ရွယ်ချက်များဖြင့် ပေ (၆၀၀၀) ကျော်တွင် ပထမဆုံးတည်ဆောက်သော လေဆိပ်ဖြစ်ပါသည်။

နိုင်ငံတော်ဘတ်ဂျက်ဖြင့် ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ်အား ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ စတင်၍ တည်ဆောက်ခဲ့ရာ၊ ၂၀၂၀ ပြည့်နှစ် စက်တက်ဘာလယ်အထိ ပထမအဆင့် လုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီးစီးလျက်ရှိပါသည်။

ရာသီဥတုအခြေအနေပေါ် မူတည်၍ တောင်ပေါ်ဒေသလေယာဉ်ကွင်းများအတွက် လိုအပ်သော  Navigation Facilities များဖြစ်သည့် DVOR, AWOW, Precision Approach Path Indicator (PAPI), Runway Lighting Rotation Beacon, HF, VHF များကိုလည်း တပ်ဆင်ပြီးဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း Flight Check လုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ပါသည်။

တည်ဆောက်ပြီး ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ပြေးလမ်းသစ်

တည်ဆောက်ပြီး ဖလမ်း (ဆူရ်ဘုန်) လေဆိပ်အဆောက်အဦသစ်

တည်ဆောက်ပြီး ဖလမ်း (ဆူရ်ဘုန်) လေဆိပ်အဆောက်အဦသစ်

တည်ဆောက်ပြီး ဖလမ်း (ဆူရ်ဘုန်) လေဆိပ်အဆောက်အဦသစ်

တည်ဆောက်ပြီး ဖလမ်း (ဆူရ်ဘုန်) လေဆိပ် လေကြောင်းထိန်းမျှော်စင်


လိုင်းလင်ပီလေယာဉ်ပြေးလမ်းသစ် တည်ဆောက်ခြင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်၊ လိုင်းလင်းပီမြို့တွင် နေထိုင်သည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့်ပတ်သက်ပြီး အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် အဆိုပါ အခက်အဲများ လျှော့ချနိုင်ရန်နှင့် ပိုမိုထိရောက်သည့် သယ်ယူ ပို့ဆောင်ရေးများ ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ လူသားချင်းစာနာထောက်ပံ့ရေး လေကြောင်းအဖွဲ့အစည်းဖြစ်သည့် Mission Aviation Fellowship (MAF) အား အကူအညီတောင်းခံခဲ့သဖြင့် ၎င်းအဖွဲ့မှ လိုင်းလင်းပီမြို့တွင် လေယာဉ်ကွင်းငယ် တည်ဆောက်ရေးအတွက် (၁၁−၁−၂၀၁၇) ရက်နေ့တွင် ဒုတိယသမ္မတ (၂) ရုံးခန်းတွင် ဆွေးနွေးချက်အရ လေယာဉ်ကွင်းအား MAF Grant ဖြင့် တည်ဆောက်ခွင့်ရရှိရေး ဆောင်ရွက်ရန် မူအားဖြင့် သဘောတူခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့သည် MAF ၏ အဆိုပြုလျာထားနေရာ (၁) ၊ (၂) နှင့် (၃) တို့တွင် တိုင်းတာရေးလု်ပငန်းများ ဆောင်ရွက်ခဲ့ပြီး၊ လိုအပ်သောပြေးလမ်း (၃၀၀၀ x ၅၀) ပေ ရရှိနိုင်ခြင်း၊ ဆုတောင်းကုန်းအား ရှောင်လွှဲနိုင်ခြင်း၊ မြေကြီးလုပ်ငန်း ပမာဏနည်းသဖြင့် တည်ဆောက်ရေးကာလ ပိုမိုမြန်ဆန်နိုင်ခြင်း နှင့် ကုန်ကျစရိတ် စသည့်အကျိုးကျေးဇူးများရရှိမည့် အဆိုပြု လျာထားနေရာ (၃) အား လေယာဉ်ကွင်း တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ခဲ့ပါသည်။

လေယာဉ်ပြေးလမ်းတည်ဆောက်ခြင်း (၇၅%) ဆောင်ရွက်ပြီးစီးလျက် ရှိပါသည်။

ဆက်လက်၍ ယခုနှစ် ပွင့်လင်းရာသီသို့ ရောက်ရှိချိန်တွင် ကျန်ရှိသော လေယာဉ် ပြေးလမ်းခင်းခြင်းလုပ်ငန်းနှင့် လေယာဉ်ပြေးလမ်း ဘေးနှစ်ဘက်တွင်ရှိသော ရေမြောင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လိုင်းလင်ပီလေယာဉ်ပြေးလမ်းသစ် တည်ဆောက်ခြင်း


အစိုးရ-ပုဂ္ဂလိကပူးပေါင်းပါဝင်မှုဖြင့် ဟဲဟိုးလေဆိပ်အဆင့်မြှင့်တင်ရန် ဆောင်ရွက်မှု အခြေအနေ

ဟဲဟိုးလေဆိပ်အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီးပွားရေးရာကော်မတီ၏ (၉/၂၀၁၇) မှ မူအားဖြင့် ခွင့်ပြုချက် ရရှိခဲ့ပြီး၊ တင်ဒါ ခေါ်ယူ ဆောင်ရွက်ခဲ့ရာ KBZ/Toyota Tsusho Corporation Consortium မှ  အဆိုပြုလွှာ တင်ပြခဲ့ပါသည်။ အဆိုပြုလွှာအား စိစစ်ခဲ့ပြီး Preferred Tenderer  အဖြစ် သတ်မှတ်ခဲ့ပါသည်။

KBZ/Toyota Tsusho Corporation Consortium နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တို့အကြား Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းလျက် ရှိပါသည်။

KBZ Group of Companies မှ စီမံကိန်းကုန်ကျစရိတ်အားလုံးကို ရင်းနှီးမြှုပ်နှံ၍ လည်းကောင်း၊ နည်းပညာပိုင်းအား Toyota Tsusho Corporation မှလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

ဟဲဟိုးလေဆိပ်အား အဆင့်မြှင့်တင်ပြီးပါက ဖြစ်ပေါ်လာမည့် လေဆိပ်အဆောက်အဦ

ဟဲဟိုးလေဆိပ်အား အဆင့်မြှင့်တင်ပြီးပါက ဖြစ်ပေါ်လာမည့် လေဆိပ်အဆောက်အဦ


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဖြင့် မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်မှု အခြေအနေ

မော်လမြိုင်လေဆိပ်အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီးပွားရေးရာကော်မတီ၏ (၉/၂၀၁၇) မှ မူအားဖြင့် ခွင့်ပြုချက် ရရှိခဲ့ပြီး၊ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ၊  Hinthar Group Holding Co., Ltd မှ အဆိုပြုလွှာ တင်ပြခဲ့ပါသည်။ အဆိုပြုလွှာအား စိစစ်ခဲ့ပြီး Preferred Tenderer  အဖြစ် သတ်မှတ် ခဲ့ပါသည်။

Hinthar Group Holding Co., Ltd နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် Concession Agreement (Draft) ကို ရရှိခဲ့ပါသည်။ အဆိုပါ Concession Agreement (Draft) နှင့်ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်များအားရရှိပြီး ဖြစ်ပါ သည်။ စာချုပ်(မူကြမ်း) အား ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရန် ကျန်ရှိပြီး၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ သဘောထားမှတ်ချက်ရရှိက ပြည်ထောင်စုအစိုးအဖွဲ့သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

မော်လမြိုင်လေဆိပ်အား အဆင့်မြှင့်တင်ပြီးပါက ဖြစ်ပေါ်လာမည့် လေဆိပ် အဆောက်အဦပုံ

မော်လမြိုင်လေဆိပ်အား အဆင့်မြှင့်တင်ပြီးပါက ဖြစ်ပေါ်လာမည့် လေဆိပ် အဆောက်အဦပုံ


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဖြင့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှု အခြေအနေ

ကော့သောင်းလေဆိပ်အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရန် စီးပွားရေးရာကော်မတီ၏ (၉/၂၀၁၇) မှ မူအားဖြင့် ခွင့်ပြုချက် ရရှိခဲ့ပြီး၊ တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ရာ Golden Myanmar Airline မှ အဆိုပြုလွှာတင်ပြခဲ့ပါသည်။ အဆိုပြုလွှာအား စိစစ်ခဲ့ပြီး Preferred Tenderer  အဖြစ် သတ်မှတ်ခဲ့ပါသည်။ Golden Myanmar Airline Consortium နှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ အကြား Concession Agreement  ချုပ်ဆိုနိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်စဉ်တွင် ၎င်းမှ နှုတ်ထွက်ကြောင်း တင်ပြခဲ့ပါသည်။

ကော့သောင်းလေဆိပ်အတွက် Re-Tender အား (၈-၈-၂၀၁၉) ရက်နေ့တွင် ခေါ်ယူခဲ့ရာ၊  Yangon Aerodrome Co., Ltd  နှင့် KT Group တို့မှ အဆိုပြုလွှာများ တင်ပြထားပါသည်။ အဆိုပါ အဆိုပြုလွှာများအား တင်ဒါစိစစ်ရေးကော်မတီမှ စိစစ်မှုများ ဆောင်ရွက်လျက် ရှိပါသည်။


ပုဂံ-ညောင်ဦးလေဆိပ်အား အကောက်ခွန်လေဆိပ် (Customs Aerodrome) သို့ အဆင့်မြှင့်တင်ခြင်း

ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃) ကြိမ် မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၆.၇.၂၀၁၉ ရက်နေ့တွင် သတ်မှတ်ခဲ့၍ ပုဂံဒေသသို့ ပြည်ပမှ ခရီးသွားဧည့်သည်များ ယခင်ကထက် ပိုမို ဝင်ရောက် လာနိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။

ပုဂံ-ညောင်ဦး လေဆိပ်သို့ ပြည်တွင်း/ပြည်ပခရီးသည်များ အဆင်ပြေစွာ ဝင်/ထွက် သွားလာနိုင်ရေးနှင့် ပြည်ပမှ စင်းလုံးငှားလေယာဉ်များ တိုက်ရိုက်ဆင်းတက် အသုံးပြု နိုင်ရေး တို့အတွက် ပုဂံ-ညောင်ဦးလေဆိပ်အား  အကောက်ခွန်လေဆိပ် (Customs Aerodrome) အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်ခဲ့ပါသည်။

လေဆိပ်အဆောက်အဦအားပြုပြင်မွမ်းမံခြင်း

မူလ DepatureRoom1 အခန်းတွင် Aluminum wall ဖြင့်ကာရံ၍ International Departure နှင့် Check-In ဖွဲ့စည်းခြင်း၊ Baggage way ခန်းတွင် မူလသစ်သားနံရံအား (၁၀) ပေအကျယ် ဖွင့်ထုတ်ခြင်း၊ X-Ray ထားရှိသည့် အခန်းအား International Arrival ဖွဲ့စည်းခြင်း၊ သန့်စင်ခန်းများအတွင်း အိမ်သာအိုး၊ ဆီးအိုးနှင့် လက်ဆေးခွက်များ လဲလှယ် တပ်ဆင်ခြင်း၊  အဆောက်အဦနံရံ အတွင်း/အပြင်နှင့် မျက်နှာကြက်များအား ရေဆေးသုတ်ခြင်း၊ Septic Tank တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊၊

Main Lobby ရှိ သန့်စင်ခန်းများဖျက်သိမ်းခြင်းနှင့် အသစ်တည်ဆောက်ခြင်း

Main Lobby ရှိ မူလသန့်စင်ခန်းအား ဖျက်သိမ်းခြင်း၊ ယခင် Store & Airline Office နေရာတွင် သန့်စင်ခန်းအသစ် တည်ဆောက်ခြင်း

အဆောက်အဦအတွင်း လျှပ်စစ်မီးကြိုး၊ မီးသီး၊ မီးချောင်းများပြုပြင်ခြင်းနှင့် လေအေးပေးစက် များ တပ်ဆင်ခြင်း

လေယာဉ်ပြေးလမ်းအမှတ်အသားရေးဆွဲခြင်းနှင့် Runway Strip ရှင်းလင်းခြင်း

၁၁−၁၂−၂၀၁၉ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၁၂၆/၂၀၁၉) ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်ကို အကောက်ခွန်လေဆိပ် (Customs Aerodrome) အဖြစ် သတ်မှတ်ခဲ့ပါသည်။

ပုဂံ-ညောင်ဦးလေဆိပ်အား အကောက်ခွန်လေဆိပ် (Customs Aerodrome) သို့ အဆင့်မြှင့်တင်ခြင်း


သံတွဲလေဆိပ်အား အကောက်ခွန်လေဆိပ် အဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှု

သံတွဲလေဆိပ်သို့ ပြည်တွင်း/ပြည်ပခရီးသည်များ အဆင်ပြေစွာ ဝင်/ထွက်သွားလာ နိုင်ရေးနှင့် ပြည်ပမှ စင်းလုံးငှားလေယာဉ်များ တိုက်ရိုက်ဆင်းတက် အသုံးပြုနိုင်ရေး တို့အတွက် သံတွဲလေဆိပ် အား  အကောက်ခွန်လေဆိပ် (Customs Aerodrome) အဖြစ် အဆင့်မြှင့်တင်ရန် လေယာဉ်ပြေးလမ်း အကျယ် တိုးချဲ့ခြင်း၊ ထပ်ပိုးလွှာတင်ခြင်း၊ ပြေးလမ်းအထောက်အကူပြုလျှပ်စစ်မီးများ တပ်ဆင်ခြင်းလုပ်ငန်းနှင့် လက်ရှိလေဆိပ် အဆောက်အဦ၏ အခန်းဖွဲ့စည်းမှုကို ပြင်ဆင် သတ်မှတ်ခြင်း လုပ်ငန်းများဦးစားပေး ဆောင်ရွက်သွားရန် လျာထားမှုရှိပါသည်။

အဆိုပါ လုပ်ငန်းများအနက် လေယာဉ်ပြေးလမ်းအကျယ် ပေ (၁၀၀) မှ အကျယ်ပေ (၁၅၀) ရရှိရန် တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂ x (၂၅၀၀ x ၂၅) ပေ ဆောင်ရွက်ပြီးစီးလျက်ရှိပါသည်။

လာမည့်ဘဏ္ဍာရေးနှစ်များတွင် ကျန်ရှိသောပြေးလမ်းအကျယ်တိုးချဲ့ခြင်း နှင့်  နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း၊ ပြေးလမ်းအထောက်အကူပြုလျှပ်စစ် မီးများတပ်ဆင်ခြင်းနှင့် လေဆိပ် အဆောက်အဦ အခန်းဖွဲ့စည်းမှု ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သံတွဲလေဆိပ်အား အကောက်ခွန်လေဆိပ် အဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှု


ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ

လေဆိပ်စီမံကိန်းအား ဂျပန်နိုင်ငံမှ Official Development Assistant (ODA) ရရှိတည်ဆောက် နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ (၂၆-၆-၂၀၁၈) ရက်စွဲဖြင့် သဘောတူညီခဲ့ပါသည်။ ဂျပန်နိုင်ငံအစိုးရ၊ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism (MLIT) ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် အခြားဆက်စပ်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်သောစီမံကိန်း အကောင် အထည်ဖော်ရေး ပြင်ဆင်မှုကော်မတီ (၁၀-၈-၂၀၁၈) ရက်နေ့တွင် ဖွဲ့စည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပ၍ ညှိနှိုင်း ဆွေးနွေးမှုများ အား (၁၂) ကြိမ် ပြုလုပ်ခဲ့ပါသည်။

(၁၁-၂-၂၀၂၀) ရက်နေ့တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့အား ဖွဲ့စည်းခဲ့ပါသည်။

(၁၁-၆-၂၀၂၀) ရက်နေ့မှ စတင်၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် JICA Myanmar Office တို့အကြား အစည်းအဝေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၁-၆-၂၀၂၀) ရက်နေ့မှ စတင်၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် JICA Myanmar Office တို့အကြား အစည်းအဝေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

လေဆိပ်စီမံကိန်းအတွက် ဦးစွာ Feasibility Study လုပ်ငန်းများကို အထောက်အပံ့ ပြုနိုင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Project Unit (PU) ဖွဲ့စည်းခဲ့ပြီး၊ PU နှင့် FS Team တို့အကြား စီမံကိန်းဧရိယာ  FS လုပ်ငန်းစဉ်တွင်ပါဝင်သော Environmental Impact Assessment (EIA)၊ Social Impact Assessment (SIA) ၊ Resettlement Action Plan (RAP) Procedure များ၊ Infrastructure လုပ်ငန်းတွင် ပါဝင်သော လေဆိပ်အဝင်လမ်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ Phase အလိုက် ရေးဆွဲ ထားသော Layout Plan များ ဆွေးနွေးခဲ့ကြပါသည်။

လေဆိပ်စီမံကိန်း Phase- I တွင် 8mppa၊ Phase- II တွင် 12mppa၊ Phase- III တွင် 30mppa လျာထားချက် များနှင့်ပတ်သက်၍ Technical Meeting များ ဆောင်ရွက် လျက်ရှိပါသည်။

Preparatory FS လုပ်ငန်းစဉ်တွင် Workflow Chart ရေးဆွဲလျက် Interim Report (1) အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ Interim Report (2) အား အောက်တိုဘာလ နှင့် Interim Report (3) အား နိုဝင်ဘာလတွင် တင်ပြနိုင်ရေး လျာထား ဆောင်ရွက် လျက် ရှိပါသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း