ရှေ့ပြေးစီမံကိန်း Pilot Project လုပ်ငန်းလမ်းညွှန် Operating Manual အား ထုတ်ပြန်ခြင်း

 

ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေကိုအသုံးပြု၍ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးအစီအစဉ် Pilot Project အား ကနဉီးစီမံကိန်းမြို့နယ် (၄)မြို့နယ် ဖြစ်သည့် ကယားပြည်နယ်ရှိ ဖားဆောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ် စသည်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် (၉-၁၁-၂၀၁၈)ရက်နေ့၌ တင်ဒါအဆိုပြုလွှာများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနော မြန်မာလီမိတက်၊ အော်ရီဒူးမြန်မာလီမိတက်နှင့် Telecom International Myanmar Co.,Ltd (Mytel) တို့အားပေးအပ်ခဲ့ပြီး အဆိုပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သောလုပ်ငန်း လမ်းညွှန်အား ကမ္ဘာ့ဘဏ်၏အတည်ပြုချက်ဖြင့် လိုက်နာဆောင်ရွက်ရန်နှင့် အဆိုပါလုပ်ငန်းလမ်းညွှန်သည် ယခုကမ္ဘာ့ဘဏ်ဖြင့် ဆောင်ရွက်မည့် ရှေ့ပြေးစီမံကိန်းအတွက်သာ ဖြစ်ပါသည်။