ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

ဇွန် ၂၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV. FORTUNE ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှ ပေးပို့သည့် သွပ် (၁၆၅,၆၇၄) ချပ်၊ ခေါင်အုပ်သွပ် (၁၃၂.၇၇) တန်၊ အမိုးဒိုင်း (Lip Channel)(၁၅၀)တန်၊ ထရန်စဖော်မာ(၂) လုံး၊ သစ်ခွဲသား(၁၅၀)တန်၊ ဆန်(၁၀၀) အိတ်၊ ရေသန့် (၁၀,၀၃၀) ကတ်နှင့် ပျိုးပင် (၁၄,၀၀၂) ပင်  စုစုပေါင်း (၁,၅၆၂.၅၈) တန် တင်ဆောင်၍ ၂၈-၆-၂၀၂၃ ရက်၊ ယနေ့ နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၁၆-၅-၂၀၂၃ ရက်မှစ၍ ယနေ့အထိ တပ်မတော် စစ်ရေယာဉ်များ အပါအဝင် ရေယာဉ်(၁၈)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၂၆,၉၀၀.၆၄)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။