ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

နေပြည်တော်၊ ဇွန် ၁၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV WERU PACK KHA (ဝိရူပက္ခ) ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ပေးပို့သည့် လျှပ်စစ်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း (၃၄.၈၄)တန်၊ ထရန်စဖော်မာ (၂၀) လုံး၊ သစ်ခွဲသားဆိုဒ်စုံ (၄၆၄) တန်၊ သွပ် (၅၇၃၃၃) ချပ်၊ မိုးကာတဲ/ တာပေါ်လင်(၁၄၄) လိပ်၊ ဆန်(၂၄)ပြည်ဝင် (၂၉၇)အိတ်၊ ဆန်အိတ်အရွယ်စုံ (၁၉၇၁) အိတ်၊ အိမ်သုံးဆား (၆၆၈)အိတ်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ စည်သွပ်ဗူးများနှင့် အခြားစားသောက်ကုန်များ၊ အဝတ်အထည်နှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း (၁၂၉၄.၄၇) တန်တင်ဆောင်၍ စစ်တွေမြို့သို့ (၁၃-၆-၂၀၂၃) ရက်၊ နံနက် (၀၉:၀၀)နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ထွက်ခွာသွားကြောင်းနှင့် ရခိုင်ပြည်နယ်သို့ (၁၆-၅-၂၀၂၃) ရက်နေ့မှ စတင်၍ ယနေ့အထိ ရေယာဉ် (၁၆) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်အပါအဝင် စုစုပေါင်း (၂၂၈၁၇.၁၂) တန်အား ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန