ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်

ဇွန် ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MERCURY FORCE သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရတို့မှ ပေးပို့သည့် သစ်ခွဲသား (၃၀၀) တန်၊ သွပ် (၁၅၄,၅၈၈)ချပ်၊ ခေါင်အုပ်သွပ် (၉၀,၂၃၀) ချပ်၊ သွပ်သံ (၆,၉၀၅) ပိဿာ၊ အိမ်ရိုက်သံ (၇,၂၆၅)ပိဿာ၊ အုတ် (၃၀,၀၀၀) လုံး၊ ကရိန်းယာဉ် (၁) စီး၊ လက်တွန်း ထွန်စက် (၆၀) စီး၊ အင်ဂျင် (၆၀) လုံး၊ စက်သုံးဆီပေပါ (၃၀၀)၊ ရေသန့်စင်စက် (၂၀၀) ပုံး၊ အစားအသောက်နှင့် လူသုံးကုန် (၁၁.၄) တန်အပါအဝင်  စုစုပေါင်း ကူညီကယ်ဆယ်ရေး ပစ္စည်း (၁,၄၆၃.၂၈) တန် တင်ဆောင်၍ ၂၀-၆-၂၀၂၃ ရက်၊ (၁၇:၀၀)နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။