ယာဉ်တိုက်ခိုက်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက် Database လက်တွေ့အသုံးချမှုသင်တန်း ပထမအပတ်စဉ်ဖွင့်လှစ်သင်ကြားခြင်း

 

၁၉.၁၁.၂၀၁၈

နိုင်ငံအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် လူများသေဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ် ပေါ်လျက်ရှိပါသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရနှုန်းများ လျော့ချရေးအတွက် စီမံချက်များ၊ မူဝါဒများ၊ လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထိထိရောက်ရောက်နှင့် လက်တွေ့ကျကျ ချမှတ်နိုင်ရေးအတွက် မြေပြင်ကိန်းဂဏန်း အချက်အလက်များသည် အရေးပါပါသည်။

သို့ဖြစ်၍ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ကြီးမှူး၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အကူအညီဖြင့် Road Crash Database Software ကို ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ Database အတွင်းသို့ ကိန်းဂဏန်းအချက်အလက်များ ထည့်သွင်းခြင်း၊ ယာဉ်တိုက်ခိုက်မှုဆိုင်ရာဇယား(၇)မျိုးဖြင့် အစီရင်ခံ ခြင်းနှင့် ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များပေါ် မူတည်၍ ဆန်းစစ်သုံးသပ်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်သည့် သင်တန်းသား(၂၁)ဦးအား လက်တွေ့သင်ကြားပို့ချခြင်းသင်တန်း ပထမအပတ်စဉ်ကို (၁၉.၁၁.၂၀၁၈)ရက်နေ့မှ စတင်၍ (၂)ရက်တာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ ရွာတော်ရုံးတွင် ဆောင်ရွက်လျက်ရှိပါသည်။ လက်တွေ့အသုံးချမှုသင်တန်းအား (၁၉.၁၁.၂၀၁၈)မှ (၂၀.၁၁.၂၀၁၈)ရက်တို့၌ ပထမအပတ်စဉ်နှင့် (၂၆.၁၁.၂၀၁၈)မှ (၂၇.၁၁.၂၀၁၈)ရက်နေ့အထိ ဒုတိယ အပတ်စဉ် ဟူ၍ ဖွင့်လှစ်သင်ကြားသွားပြီး Road Crash Database Software ကို မကြာမီအသုံး ပြုလျက် ယာဉ်တိုက်ခိုက်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကောက်ယူသွားမည်ဖြစ်ပါ သည်။

 

သတင်းစဉ်