မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၅:၀၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ(၅၀)မိနစ်(၀၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်‌မြောက်ဘက် (၅၉၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Qinghai, China)၊ မြောက်လတ္တီတွဒ် (၃၃.၁၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၇၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။