မြန်မာ့နိုင်ငံ၏ ပထမဆုံး “ဒေတာ နှင့် အခမဲ့ကျန်းမာရေးအာမခံ” ပါဝင်သော “ဒေတာအာမခံ” ပက်ကေ့ချ်ကို MPT နှင့် KBZMS တို့ ပူးပေါင်းဆောင်ရွက်

(ရန်ကုန် ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်) –  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် KBZMS အထွေထွေအာမခံကုမ္ပဏီနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပထမဆုံး “အခမဲ့ကျန်းမာရေးအာမခံ” ပါဝင်သော ဒေတာအာမခံ ဒေတာပက်ကေ့ချ်ကို ဇွန်လ ၂၇ ရက်က စတင်မိတ်ဆက်ခဲ့ပါသည်။ MPT က ပေးအပ်သော အခမဲ့ကျန်းမာရေးအာမခံ ပါဝင်သည့် အဆိုပါ ဆန်းသစ်သော ဒေတာပက်ကေ့ချ်သည် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဒီဂျစ်တယ် လူနေမှုဘဝများ တိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ထားခြင်းဖြစ်ပြီး တယ်လီကွန်းကဏ္ဍတွင် အာမခံ အကျိုးခံစားခွင့်များ ပါဝင်သည့် ပထမဆုံးသော ဒေတာဝန်ဆောင်မှု  ဖြစ်သည်။ MPT နှင့် KBZMS အထွေထွေအာမခံကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်မှု သဘောတူ လတ်မှတ်​ရေးထိုးပွဲ အခမ်းအနားကို  ဇွန်လ (၂၈) ရက်က Zealax ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများ၏ လူနေမှုဘဝလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းရေးဆွဲ ထားသည့်  တယ်လီကွန်းဝန်ဆောင်မှုအဖြစ် တစ်မူထူးခြားသော ဒေတာပက်ကေ့ချ်ကို MPT ယူလိုက်ဖ် ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုအောက်တွင် တိုးချဲ့ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဒေတာအာမခံ  ပက်ကေ့ချ်များသည်  ကုန်ကျစရိတ်နှင့် ကျန်းမာရေးထောက်ခံချက်စာရွက်စာတမ်းများအတွက် စိတ်ပူစရာမလိုဘဲ MPT သုံးစွဲသူများကို ကျန်းမာရေး အာမခံဝန်ဆောင်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပံ့ပိုးသွားနိုင်မည် ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် အကောင်းဆုံးအာမခံ အကျိုးခံစားခွင့်များကို MPT ပလက်ဖောင်းမှတစ်ဆင့်  လွယ်ကူစွာ ရယူနိုင်ပြီ ဖြစ်သည်၊၊

“ဒေတာအာမခံ” ဝန်ဆောင်မှုသည် (၁၅) ရက် တစ်ကြိမ် အလိုအလျောက် သက်တမ်းတိုးပေးသော ဒေတာပက်ကေ့ချ် ဖြစ်ကာ   ဒေတာနှင့်အတူ KBZMS က ပေးအပ်သည့် မြန်မာကျပ်ငွေ (၄) သိန်းအထိ ရှိသော အခမဲ့ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်များကိုရရှိနိုင်မည်ဖြစ်သည်။ MPT ၏ ကြိုတင်ငွေပေးချေမှုစနစ်  သုံးစွဲသူများအားလုံးသည် “ဒေတာအာမခံ” ပက်ကေ့ချ်ကို  MPT4U အက်ပလီ ကေးရှင်းမှတစ်ဆင့် စာရင်းသွင်းရယူနိုင်ပါသည်။ “KBZMS အသေးစား ကျန်းမာရေးအာမခံပေါ်လစီ” အောက်ရှိ အခမဲ့ ကျန်းမာရေးအာမခံအကျိုးခံစားခွင့်များရရှိနိုင်ရန် ဆန်းစစ်ခြင်းတွင် အသက် ၁၈ နှစ်နှင့် ၆၀ နှစ် ကြား မည်သူမဆို အကျုံးဝင်မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် အခမဲ့ကျန်းမာရေးအာမခံ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရန် လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းပြီးနောက် ပက်ကေ့ချ်စာရင်းသွင်းခြင်းနှင့် အလိုအလျောက်သက်တမ်းတိုးခြင်း အောင်မြင်ပြီးဆုံးသွားကြောင်းကို  MPT မှ စာတို (SMS) ပေးပို့မည်ဖြစ်သည်။

ဒေတာအာမခံ” ပက်ကေ့ချ်နှင့် ကျန်းမာရေးအာမခံအကျိုးခံစားခွင့်များ အသေးစိတ်ကို အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်၊၊

စျေးနှုန်း
[အခွန်အပါအဝင်]
သက်တမ်းဒေတာပမာဏ
(MB)
သေဆုံးခြင်း
အတွက် ခံစားခွင့်
ဆေးရုံတက်ခြင်းအတွက် ခံစားခွင့်ဝယ်ယူနိုင်မည့်
နည်းလမ်း
၃၀၀ ကျပ် ၁၅ ရက်၁၀၀၁၀၀,၀၀၀ကျပ်၃၀,၀၀၀ကျပ်MPT4U အက်ပလီကေးရှင်း
၅၀၀ ကျပ်၁၆၇၂၀၀,၀၀၀ကျပ်၆၀,၀၀၀ကျပ်
၁,၀၀၀ ကျပ်၃၃၃၄၀၀,၀၀၀ကျပ်၁၂၀,၀၀၀ကျပ်

“ဒေတာအာမခံ” အကြောင်း အသေးစိတ် သိရှိလိုပါက MPT ဝက်ဘ်ဆိုက်ရှိ MPT ယူလိုက်ဖ် ဒီဂျစ်တယ် အာမခံဝန်ဆောင်မှု ဝက်ဘ်စာမျက်နှာနှင့် https://bit.ly/3P9DmSk တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPTJO ၏ ပူးတွဲ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kazuhiko MASUDA က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို သူတို့ရဲ့နေ့စဉ်ဘဝတွေအတွက် အကျိုး ရှိစေမယ့် ဝန်ဆောင်မှုတွေကို ဒီထက်မကပေးအပ်နိုင်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ KBZMS နဲ့မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အခမဲ့ ကျန်းမာရေးအာမခံ အကျိုးခံစား ခွင့်တွေနဲ့အတူ မတူညီကွဲပြားတဲ့ ဒေတာပက်ကေ့ချ် တွေကို ပေးအပ်လိုက်ပြီဖြစ်ပါတယ်။ ဒီဆန်းသစ်တဲ့ “ဒေတာအာမခံ” ပက်ကေ့ချ်တွေက သုံးစွဲသူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုနဲ့အတူ လွယ်ကူ စွာ ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ “ဒေတာအာမခံ” က ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အတွက် တစ်မူထူးခြားတဲ့ဝန်ဆောင်မှုဖြစ်ပြီး MPT4U အက်ပလီကေးရှင်းကတစ်ဆင့် သက်သာတဲ့ နှုန်းထား တွေနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အပြင်  စာရွက် စာတမ်း တွေ မလိုဘဲ မြန်မာကျပ်ငွေ (၄) သိန်း အထိ ရရှိနိုင်တဲ့ အခမဲ့ကျန်းမာရေးအာမခံ အကျိုးကျေးဇူးတွေ ကို ခံစားနိုင်မှာ ဖြစ်ပါတယ်၊၊ ” ဟုပြောကြားခဲ့ပါသည်။

KBZMS ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Anil Mancham က “မြန်မာနိုင်ငံသားတွေဆီကို အာမခံအကျိုးကျေးဇူးတွေ ယူဆောင်လာနိုင်ဖို့ MPT လို ခိုင်မာတဲ့ ပါတနာတစ်ဦးနဲ့အတူ လက်တွဲလုပ်ဆောင်ခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ လူတိုင်းအတွက် အာမခံ လိုအပ်ပေမယ့်လည်း သုံးစွဲသူတွေအနေနဲ့ မှန်ကန်တဲ့ ပေါ်လစီကို ရှာဖွေဝယ်ယူဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူလှပါဘူး။ ယခုလို MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အာမခံကနေ ပေးစွမ်းနိုင်တဲ့ အကာအကွယ်တွေကို သုံးစွဲသူတွေအနေနဲ့ ပိုမိုလွယ်ကူအဆင်ပြေစွာ၊ ဈေးနှုန်း သက်သာစွာနဲ့ ရယူနိုင်စေဖို့အတွက် အာမခံအမျိုးအစားတွေကို ရှိရင်းစွဲ Customer Ecosystem တွေနဲ့ ဘယ်လို ပေါင်းစည်းပေးနိုင်တယ်ဆိုတာကို တွေ့နိုင်တဲ့ ဥပမာကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ MPT နဲ့ ရှေ့ဆက်ဆောင်ရွက် သွားမယ့် ပူးပေါင်းမှုအပြင် မြန်မာနိုင်ငံသား အားလုံးအတွက် မှန်ကန်တဲ့ အာမခံနည်းလမ်းတွေကို ပေးစွမ်းရင်း မြန်မာနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး ပိုမိုတိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ ဒေတာအာမခံပက်ကေ့ချ်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://bit.ly/3P9DmSk သို့ဝင်ရောက်လေ့လာနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း ၊ Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ “KBZMS အသေးစားကျန်းမာရေးအာမခံပေါ်လစီ” ကို KBZMS ၏ Call Center အပြင် ၀၁-၂၃၀၇၀၀၀ သို့လည်း ၂၄ နာရီ ၇ ရက်ပတ်လုံး  ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

[/vc_column_text]

"ဒေတာအာမခံ ဝန်ဆောင်မှု” ပေးအပ်ရန် MPT နှင့် KBZMS အထွေထွေအာမခံကုမ္ပဏီ တို့ Partnership Launching Ceremony အမှတ်တရ ဓာတ်ပုံများ

[/vc_column][/vc_row]
1
2