မြန်မာ့စာတိုက်လုပ်ငန်းမှ ပြည်တွင်း/ပြည်ပ စာပို့ခများ ပြောင်းလည်းကောက်ခံမည့်ကိစ္စ

၂၇.၄.၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၇) ၏ ခွင့်ပြုချက်အရ မြန်မာ့စာတိုက် လုပ်ငန်း၏ အခြေစိုက် စခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် (၂၅.၅.၂၀၁၇) ရက်နေ့မှ စ၍ ပြည်တွင်း/ ပြည်ပ စာပို့ခ နှုန်းထားများအား ပြောင်းလည်းကောက်ခံသွားမည်ဖြစ်ပါသည်။