မြန်မာ့စာတိုက်လုပ်ငန်းမှ တန်ခူးလအထိမ်းအမှတ်အဖြစ် (၂၀၀) ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂လရာသီပွဲတော်များအနက် တန်ခူးလအထိမ်းအမှတ်အဖြစ်  သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပုံပါဝင်သည့် (၂၀၀) ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းအား ဧပြီလ (၅)ရက်နေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဧပြီလ (၅)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ်များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် လအလိုက် ရာသီပန်းများနှင့် ပွဲတော်များပါဝင်သော အထူးထုတ်တံဆိပ်ခေါင်းများအား ဆက်လက်ထုတ်ဝေသွား မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။