မြစ်ရေကြီးမှုအခြေအနေသတင်း

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးမှုအခြေအနေသတင်း

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်၊ (၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့နှင့် ဟင်္သာတမြို့တို့တွင် ပေဝက်ခန့်စီ၊ ညောင်ဦးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး၊ နောက်(၂)ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက် (၃)ရက်အတွင်း ဟင်္သာတမြို့တွင် (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တို့တွင် (၂)ပေခွဲခန့်၊ ကနီမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂)ရက်အတွင်း ဖောင်းပြင်မြို့နှင့် နောက် (၃)ရက်အတွင်း ကနီမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၆)ပေခွဲခန့်၊ ကလေးဝမြို့တွင် (၅)ပေခန့်နှင့် မင်းကင်းမြို့တွင် (၅)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက် (၃)ရက်အတွင်း မော်လိုက်မြို့နှင့် ကလေးဝမြို့တို့တွင် (၄)ပေခန့်စီ၊ မင်းကင်းမြို့တွင် (၃)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂) ရက်အတွင်း မုံရွာမြို့တွင် ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၃) ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ငဝန်မြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm