မြစ်ရေကြီးမှုအခြေအနေသတင်း

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးမှုအခြေအနေသတင်း

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၁)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၃)ပေခန့်၊ ဖောင်းပြင်မြို့တွင် (၂)ပေခွဲခန့်၊ မော်လိုက်မြို့တွင် (၅)ပေခန့်၊ ကလေးဝမြို့ နှင့် မင်းကင်းမြို့တို့တွင် (၃)ပေခွဲခန့်စီနှင့် မုံရွာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂)ရက်အတွင်း ဟုမ္မလင်းမြို့တွင် (၁)ပေခန့်နှင့် ဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့်၊ နောက် (၃)ရက်အတွင်း မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် (၁)ပေခွဲခန့်စီ၊ မုံရွာမြို့တွင် (၁)ပေခန့် ဆက်လက် တက်လာနိုင်ကာ  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

အကြံပြုချက်

          သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm