ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းဌာနလက်အောက်ရှိ ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ရန် လစာနှုန်းကျပ် (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)တန်းဝင် ရေယာဉ်အုပ်-၅ ရာထူးနေရာ ဝန်ထမ်း (၁၀)ဦးခန့်ထားရန်အတွက် အလျှောက်လွှာခေါ်ယူခြင်း

၁။      ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းဌာန လက်အောက်ရှိ ရေယာဉ်များတွင် တာဝန် ထမ်းဆောင်ရန် ရေယာဉ်အုပ်-၅ လစာနှုန်းကျပ် (၁၆၂၀၀၀- ၂၀၀၀- ၁၇၂၀၀၀) ရာထူး နေရာ ဝန်ထမ်း (၁၀)ဦး ခန့်ထားသွားမည် ဖြစ်ပါသည်။

၂။       လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

( ခ )   တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံ (သို့မဟုတ်) ဝိပ္ပံ ဘာသာတွဲဖြင့် အောင်မြင် ပြီးသူ ဖြစ်ရမည်။

( ဂ )   အိမ်ထောင်မရှိသူ (အမျိုးသား) (၃၁.၁၂.၂၀၁၉)နေ့တွင် အသက် (၁၈)နှစ် ပြည့်ပြီး (၂၅)နှစ်ထက် မကြီးသူ ဖြစ်ရမည်။

(ဃ)    ရေကူးတတ်ရမည်။

( င )   ကျန်းမာရေးကောင်းမွန်ပြီး မျက်စိ အနီး/အဝေး ကောင်းမွန်သူ ဖြစ်ရမည်။

( စ )   ရွေးချယ်ခန့်ထားခြင်းခံရလျှင် ဌာနတွင် အနည်းဆုံး (၁၀)နှစ် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ (စာချုပ် ချုပ်ဆို ရမည်။)

(ဆ)    နေရာဒေသမရွေး သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

( ဇ )   အလုပ်သမားမှတ်ပုံတင်မိတ္တူ ပါရှိရမည်။

၃။      ရေယာဉ်အုပ်-၅ ရာထူးဝန်ထမ်းအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများသည် အောက်ပါ အခွင့်အလမ်းများ ရရှိမည် ဖြစ်သည်-

(က)   စတင်ခန့်ထားသည့် နေ့မှစ၍ သင်္ဘောသားရာထူး လစာနှုန်း ကျပ် (၁၄၄၀၀၀- ၂၀၀၀- ၁၅၄၀၀၀) ဖြင့် ခံစားခွင့် ရမည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် သင်တန်း (၆)လ တက်ရောက်ပြီးက ရေယာဉ်အုပ်-၅ ရာထူး လစာနှုန်း ကျပ် (၁၆၂၀၀၀- ၂၀၀၀- ၁၇၂၀၀၀) ခံစားခွင့် ရမည်။ (သင်တန်းကြေး ကျသင့်ငွေကို ဌာနမှ ကျခံပေးမည်။)

( ခ ) လုပ်သက် (၂)နှစ် ပြည့်မြောက်ပြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်အုပ် ကျွမ်းကျင်မှု လက်မှတ် (တတိယတန်း) ဖြေဆိုအောင်မြင် ပြီးလျှင် လုပ်ငန်းခွင်တွင် ကျေနပ်မှုရှိပါက ရေယာဉ်အုပ်-၃ ရာထူး လစာနှုန်းကျပ် (၁၉၈၀၀၀- ၂၀၀၀- ၂၀၈၀၀၀) သို့ တိုးမြှင့်ခြင်း ခံရမည်။

( ဂ )  ရေယာဉ်အုပ်-၃ ရာထူးတွင် လုပ်သက် (၂)နှစ် ပြည့်မြောက်ပြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်အုပ် ကျွမ်းကျင်မှုလက်မှတ် (ဒုတိယတန်း) ဖြေဆို အောင်မြင်ပြီးလျှင် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိပါက ရေယာဉ်အုပ်(၂) ရာထူး လစာနှုန်းကျပ် (၂၁၆၀၀၀- ၂၀၀၀-  ၂၂၆၀၀၀)သို့  တိုးမြှင့်ခြင်း ခံရမည်။

(ဃ)  ရေယာဉ်အုပ်-၂ ရာထူးတွင် လုပ်သက် (၂)နှစ် ပြည့်မြောက်ပြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်အုပ် ကျွမ်းကျင်မှု လက်မှတ် (ပထမတန်း) ဖြေဆို အောင်မြင်ပြီးလျှင် လုပ်ငန်းခွင်တွင် ကျေနပ်ဖွယ်ရှိပါက ရေယာဉ်အုပ်(၁) ရာထူး လစာနှုန်း ကျပ် (၂၃၄၀၀၀- ၂၀၀၀-  ၂၄၄၀၀၀)သို့  တိုးမြှင့်ခြင်း ခံရမည်။

( င )  ရေယာဉ်အုပ်(၁) ရာထူးမှ လုပ်သက် (၃)နှစ် ပြည့်မြောက်ပြီးလျှင် လုပ်ငန်းခွင်တွင် ကျေနပ်ဖွယ်ရှိပါက ပြန်တမ်းဝင် အရာရှိ အဆင့်ဖြစ်သော ရေယာဉ်အရာရှိ (ရေယာဉ်စု) လစာနှုန်း ကျပ် (၂၇၅၀၀၀- ၄၀၀၀- ၂၉၅၀၀၀) ရာထူးတိုး စာမေးပွဲ ဝင်ရောက် ဖြေဆိုနိုင်သည်။

၇။   လျှောက်ထားလိုသူများ အနေဖြင့် လျှောက်လွှာများအား ရန်ကုန်မြို့ရှိ အမှတ်(၅၀) ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းဌာနတွင် လည်းကောင်း၊ မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ စစ်တွေမြို့များရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ဌာနခွဲ ရုံးများတွင် လည်းကောင်း၊ သတင်းစာကြော်ငြာပါသည့် နေ့မှစ၍ ထုတ်ယူနိုင်ပြီး လျှောက်လွှာတင်ရမည့် နောက်ဆုံးနေ့ရက်မှာ ကြော်ငြာပါရှိသည့် ရက်နေ့မှစ၍ (၁၅)ရက်အတွင်း ဖြစ်ပါသည်။ နောက်ကျပြီးမှ ရောက်ရှိလာသော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။ အသေးစိတ် သိရှိလိုပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရုံးချုပ်၊ ရေကြောင်း ဌာနတွင်လည်းကောင်း၊ ဖုန်းအမှတ် (၀၁-၃၈၀၇၆၃) သို့လည်းကောင်း၊ အထက်ဖော်ပြပါ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဌာနခွဲများတွင်လည်းကောင်း ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။