ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းဖွင့်ပွဲ

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းဖွင့်ပွဲကို ယနေ့ မေလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဗဟိုအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။
       ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းကျောင်းအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား နည်းပညာအခြေပြု ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တိကျလျင်မြန်မှုရှိစေရန် ရည်ရွယ်၍ Microsoft Office Word 2019 သင်တန်းနှင့် ဝန်ကြီးဌာန Website များတွင် အသုံးပြုထားတဲ့ Database System များကို ထိန်းသိမ်း အသုံးပြုနိုင်စေရန်ရည်ရွယ်ပြီး MySQL Database သင်တန်းတို့ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
         ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက် ဖြစ်သည့် Human Resource ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ဒီဂျစ်တယ် စာတတ်မြောက်ရေး (Digital Lateracy) ညွှန်းကိန်း တိုးတက်လာစေရန်၊ အမျိုးသားအဆင့် ညွှန်းကိန်းမူဘောင်တွင် အိုင်စီတီကျွမ်းကျင်မှုညွှန်းကိန်း         (ICT Skill index) များ သတ်မှတ် ပြဌာန်းနိုင်ရန်တို့အတွက် ရည်ရွှယ်ပြီး ယခုကဲ့သို့ သင်တန်းများ  ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် မိမိဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော e-Government လုပ်ငန်းစဉ်များတွင် နည်းပညာကျွမ်းကျင်မှုရှိစေရန်အတွက် တစ်ဉီးချင်း တစ်ယောက်ချင်း ကြိုးပမ်းအားထုတ်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ အိုင်စီတီ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်းနှင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ပြီး သင်တန်းအချိန်ကို စည်းကမ်းရှိရှိ ထိထိရောက်ရောက် အသုံးချသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။  
       Microsoft Office Word 2019 နှင့် MySQL Database သင်တန်းကာလမှာ (၂၃.၅.၂၀၂၂)ရက်နေ့မှ (၃.၆.၂၀၂၂)ရက်နေ့အထိဖြစ်ပြီး e-Learning Center စာသင်ခန်းမများ တွင် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
          သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။