ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးလုပ်ငန်းများအတွက်လိုအပ်သည့်အခြေခံအဆောက်အဦများတည်ဆောက်ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးတတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဆက်သွယ်ရေးလုပ်ငန်းများအတွက်လိုအပ်သည့်အခြေခံအဆောက်အဦများတည်ဆောက်ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးတတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်

၂၀၁၇ခုနှစ်၊ သြဂုတ်လ ၃၀  ရက်

ဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေး အခြေခံအဆောက် အအုံများဖြစ်သည့် ဖိုက်ဘာကေဘယ်များ၊ တာဝါတိုင်များတည်ဆောက်ဖြန့်ကြက်ခြင်းသည် မဖြစ် မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ ဖြစ်ပါကြောင်း သြဂုတ်လ ၃၀ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် ဆက်သွယ်ရေးလုပ်ငန်း များအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် မြေယာအသုံးအပြုမှု စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောကြားသည်။

 

ပြည်​ထောင်စုဝန်ကြီးက ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအ ဆောက်အအုံများ တည်ဆောက်ခဲ့ရာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လကုန်အထိ ၆ လ အတွင်း တာဝါတိုင် စုစုပေါင်း ၇၀၀နီးပါး တိုးတက်တည်ဆောက်နိုင်ခဲ့ပြီး ဖိုင်ဘာကေဘယ်ချခင်းမှု ကီလို မီတာ စုစုပေါင်း ၂၆၀၀ ကျော် ဆောင်ရွက်နိုင်ကြောင်း ၊ ဖိုင်ဘာကေဘယ်ချခင်းခြင်းကဲ့သို့ အခြား အရေးကြီးသော အခြေခံအဆောက်အအုံ တစ်ခုဖြစ်သည့် တာဝါတိုင်များ တည်ဆောက်ခြင်းတွင် လည်း တည်ဆောက်ခွင့်မြေနေရာ ခွင့်ပြုချက်ရရှိရေးကိုလည်း ဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီး ဌာနများ ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီ များသို့ အကူအညီတောင်း ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တာဝါ တိုင်များနှင့် စပ်လျဉ်း၍ အများပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင့်ကြမူများ မဖြစ် ပေါ်စေရေးအတွက် သက်ဆိုင်ရာဒေသများသို့ သွားရောက် အသိပေးခြင်း ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအပြင် ရုပ်မြင်သံကြားအစီအစဉ်များမှ တစ်ဆင့်အသိပေး ရှင်းလင်းတင်ပြခြင်းများကို လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ ကဏ္ဍအား လုံးအတွက် အထောက်အကူဖြစ်စေသည့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ လိုအပ်ချက်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ပြောကြား သည်။

၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကော်မတီ ဝင်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များမှ မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များနှင့် ထပ်မံပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်ချက် များအား ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။