ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ Hong Kong and Shang Hai Hotel Limited (HSH) မှ လာရောက်လေ့လာ

 

မိတ္ထီလာ၊ အောက်တိုဘာ (၁၇)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ အောက်တိုဘာလ(၁၇)ရက် (၁၀)နာရီ အချိန်တွင် Hong Kong and Shang Hai Hotel Limited (HSH) မှ Mr. Martyn Sawyer, Group Director (Properties. HSH) အဖွဲ့ လာရောက် လေ့လာရာ ကျောင်းအုပ်ကြီးကိုယ်စား ညွှန်ကြားရေးမှူး (စီမံ) နှင့် ညွှန်ကြားရေးမှူး (သလရ)တို့က ကျောင်းအစည်းအဝေးခန်းမ(၁)တွင် လက်ခံ တွေ့ဆုံခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးကျော် က ကျောင်း၏လုပ်ငန်းများအကြောင်းကို  ရှင်းလင်း ပြောကြားခဲ့ရာ ဧည့်သည်များက  သိရှိလိုသည်များကို  ပြန်လည်မေးမြန်းခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ ရထားသင်တန်းဌာနခွဲရှိ သရုပ်ပြဆောင်များသို့ သွားရောက် လေ့လာကြည့်ရှုကြပြီး စက်ခေါင်းရုံမှ ရေနွေးငွေ့စက်ခေါင်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။