ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ Civil Service ID Management System အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

           ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနက Government Personnel Management System (GPMS) စနစ်တွင် စုစည်းသိမ်းဆည်းထားသော ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း အချက်အလက်များအား အသုံးပြု၍ ဝန်ထမ်းစိစစ်ရေးကတ်များကို Smart Card ဖြင့် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော Civil Service ID Management System အသုံးပြုနည်းသင်တန်းအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် နေပြည်တော်ရှိ Information Access Center တွင် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။