ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပို့ဆောင်ရေး) ဦးအောင်ကျော်ထွန်း မှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ သွားရောက်စစ်ဆေးခြင်း

၆-၃-၂၀၂၂၊ ရန်ကုန်မြို့

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပို့ဆောင်ရေး) ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့သည် (- -၂၀၂၂) ရက်နေ့ (၀၈:၃၀) အချိန်တွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများမှ ခရီးဦး ကြိုဆိုခဲ့ပါသည်။

၂။      ထို့နောက် ရှင်းလင်းခန်းမတွင် ကျောင်းအုပ်ကြီးက ဒုတိယဝန်ကြီး (ပို့ဆောင်ရေး) အား ကျောင်းသမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊  ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လေ့ကျင့် သင်ကြားပို့ချမှု အစီအစဉ်များ၊ ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ နှင့် လိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီး(ပို့ဆောင်ရေး)က လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ ပါသည်။

၃။      ထို့နောက် ကောလိပ်အတွင်း လှည့်လည် စစ်ဆေးမှုအနေဖြင့် Simulator Room များ စာကြည့်တိုက်၊ သင်တန်းသား အိပ်ဆောင်များ၊ စာသင်ခန်းမများ၊ စားရိပ်သာနှင့် ရေယာဉ်မီးငြှိမ်းတ်မှုအဆောက်အဦ(Smoke House)တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကာ (၁၃:၀၀) အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။