ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ပို့ဆောင်ရေး) မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် နှင့် မြန်မာ့သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေးခြင်း

၁၆--၂၀၂၂ (ရန်ကုန်)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ၁၆--၂၀၂၂ ရက်နေ့ နံနက်(၀၈:၀၀) အချိန်တွင် ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ရှင်းလင်းခန်းမဆောင်၌ ကျောင်းအုပ်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာ စံနှုန်း များနှင့်အညီ လေ့ကျင့် သင်ကြားပို့ချနေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တည်ဆောက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခံ့စွာ တည်ဆောက်သွားရန်၊ ဘဏ္ဍာငွေ ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်စနစ်နှင့်အညီ ရေးဆွဲ သင်ကြားသွားရန်၊ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို မိသားစုများအပါအဝင် အစဉ်အမြဲ ဂရုပြု နေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သင်တန်းသားများ စားရိပ်သာ၌ အရာရှိလောင်း ဒီပလိုမာသင်တန်းသားများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာ ချက်ပြုတ်သည့်နေရာတွင် သန့်ရှင်းမှု ရှိစေရေး၊ သင်တန်းသား လက်တွေ့လေ့ကျင့်သည့် ရေကူးကန်နေရာ၊ သင်တန်းသားများ၏ Gym ကစားသည့် နေရာ၌ အားကစားပစ္စည်းများ ထားရှိမှုအခြေအနေှင့် တည်ဆောက်ပြီးသည့် (၄)ခန်းတွဲ၊ (၆)ထပ် ဝန်ထမ်း အိမ်ရာတို့အား  ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ အစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ ရေယာဉ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ ကိစ္စများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေး ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တန်ချိန် ၁၂၀၀၀ ရေလုံ လွန်းကျင်း၌ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ MV-U Thar ရေယာဉ် လွန်းတင်ထားမှုအခြေအနေ၊ ရေလုံလွန်းကျင်းနှင့် ဆက်စပ်လုပ်ငန်းများ အခြေအနေ၊ ရေယာဉ် ပြုပြင်ရေး အလုပ်ရုံတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြား ခဲ့ပါသည်။