ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍ ရက် ၁ဝဝ စီမံချက်

အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁ဝဝ အတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံချက် ၁၇ ချက်အနက် ရန်ကုန်-မ္တလေး ရထားလမ်းပိုင်းရှိ ကျန်ရှိနေသေးသော ရထားလမ်း ပိုင်းတစ်ခုအား ဒွေးလမ်းအဖြစ် အပြီးအကောင်အထည်ဖော်ရ မည်ဟူသည့် ရည်မှန်းချက်အတိုင်း လုပ်ငန်းများ နေ့ဆိုင်း ညဆိုင်းဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ရန်ကုန်-မန္တလေးအစုန်အဆန် ပိုမိုလွယ်ကူစေမည်

အဆိုပါလမ်းပိုင်းသည် မြစ်ငယ်မြို့နှင့် ပလိပ်မြို့ကြားတွင် တည်ရှိသည့် ဒုဋ္ဌဝတီမြစ်ဖြတ်ကူး တံတားလမ်းပိုင်းပင်ဖြစ်ပြီး ပေပေါင်း ၈၆ဝ ခန့် ရှည်လျားသည်။ နေ့ညတာဝန်ယူ ဆောင်ရွက် မှုများကြောင့် ဇူလိုင်လအတွင်း ပိုမိုလွယ်ကူချောမောစွာ ခရီးဆက် နိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

''ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေက ရေရှည် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ များပါတယ်။ ရက်ပေါင်း ၁ဝဝ စီမံချက်တွေအနေနဲ့ မူလကလုပ်ဆောင်နေပြီး မပြီးပြတ်သေး တာ တွေကို တွန်းပြီးအမြန်ဆုံးပြီးစီးအောင်လုပ်တာရယ်၊ ပြည်သူတွေ အတွက် ရက် ၁ဝဝ အတွင်းမှာ မဖြစ်မနေ ပြုပြင်ပြောင်းလဲဆောင် ရွက်သင့်တာတွေကို ရွေးထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

ဝန်ကြီးဌာနသစ်ရဲ့ ပေါင်းစပ်မှု

ယခင်က ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ၊ ရထားပို့ဆောင်ရေးစသည့် ဝန်ကြီးဌာန သုံးခုကို ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

မီးရထားကဏ္ဍနဲ့ ရက်ပေါင်း ၁ဝဝ

မီးရထားကဏ္ဍတွင် ဝန်ထမ်းများကို ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ရထားဝန်ထမ်းတွေ ပြည်သူလူထုကို ဆက်ဆံတဲ့အခါမှာ တကယ့်ကို ယဉ်ကျေးပျူငှာအောင် ချိုချိုသာသာပြောဆိုတတ် အောင် လေ့ကျင့်ပေးနေပါတယ်။ ပြည်သူ့ဆက်ဆံရေးဘာသာရပ် ကို တိုင်း ၁၁ တိုင်းက မီးရထားဝန်ထမ်းတွေ အကုန်လုံး ဖြန့်ဝေ တာတွေ ဟောပြောပို့ချတာတွေ ဆောင်ရွက်နေပါတယ်။ ရက်ပေါင်း ၁ဝဝ ပြည့်တဲ့အချိန်မှာ ဝန်ထမ်းတွေဘက်ကတော့ ပြည်သူ နဲ့ ဆက်ဆံရတဲ့အပိုင်းမှာ အများကြီးပြောင်းလဲသွားလိမ့်မယ် လို့ ယုံကြည်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် စီးပွားရေးအရ အရှုံးပေါ်နေသည့် လမ်းကြောင်းများ ကို လျှော့ချခြင်း၊ အမှန်တကယ်မလိုအပ်သည့် လမ်းပိုင်းများကို လေ့လာဆန်းစစ်ကာ လျှော့ချခြင်းများကို ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ရက်ပေါင်း ၁ဝဝ နဲ့ စီမံချက် ၁၇ ခု

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပို့ဆောင်ရေးကဏ္ဍတွင် အမျိုးသား သယ်ယူပို့ဆောင်ရေး မူဝါဒရေးဆွဲနိုင်ရေး၊ လေကြောင်းကဏ္ဍတွင် ART လေယာဉ် အကြီးစားပြုပြင်ရေးကို လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီမှ အင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် မြန်မာအမျိုးသားလေကြောင်း မှ ပထမဦးဆုံး စတင်ဆောင်ရွက်မှု၊ ရေကြောင်းကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍဘေးကင်းလုံခြုံမှု ပိုမိုရရှိစေရန် ဆွေးနွေးပွဲများ၊ အသိပညာပေးမှုများ ဆောင်ရွက်ရေး၊ မြစ်ဆိပ် ကမ်းနှင့် ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်ရန်၊ မန္တလေးဆိပ်ကမ်းအလျင်အမြန် အဆင့်မြှင့်တင်တည် ဆောက်ရန်အတွက် ဂျပန်နိုင်ငံ ထောက်ပံ့ငွေ အတည်ပြု ချက်ရရှိရေး ဆောင်ရွက်ရန်၊ မိုးလေဝသနှင့် ဇလဗေဒကဏ္ဍတွင် မုန်တိုင်းဖြစ်ပေါ်မှုများကို စောင့်ကြည့် ထောက်လှမ်းနိုင်ရန် ရန်ကုန်၌ ရေဒါတပ်ဆင်ရေးအတွက် ရ၇ မီတာမြင့်သည့် တာဝါ တည်ဆောက်ပြီး စက်အပြီးသတ်တပ်ဆင်ရေး ဆောင်ရွက်ရန်၊ အယ်နီညိုနှင့် လာနီညာရာသီဥတုဖြစ်စဉ်များ၏ နောက်ဆုံးအခြေ အနေများကို ပြည်သူများသိရှိနိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မှုများ ဆောင်ရွက်နိုင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများနှင့် ဟောပြောပွဲများ ဆောင်ရွက်ရေး၊ ယာဉ်မောင်းလိုင်စင် (ခ၊ ဂ၊ ဃ၊ င)များကို နိုင်ငံတကာအဆင့်မီ ထုတ်ပေးရေးတို့ကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားခဲ့သည်။

 

ဆက်သွယ်ရေးကဏ္ဍအနေဖြင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်း ဥပဒေ ၁၃(က)အရ လှိုင်းနှုန်း အသုံးပြုခွင့်အတွက် ၂၆ဝဝMHz လှိုင်းနှုန်းစဉ် လေလံတင်ခြင်း၊Myanmar National Satellite Project အတွက် ဦးစားပေးရွေးချယ်ထားသည့် Intesat Satellite Operator နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်ရန်၊GSMစခန်း ၅ဝဝ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန်၊Mobile Operation Center ဖွင့်လှစ်ရန်၊MPT Brand Shop များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန်၊ မြေအောက်ဆက်ကြောင်း ဖြင့် ဖိုက်ဘာကေဘယ်နှင့် ပါဝါကေဘယ်သွယ်တန်းချိတ်ဆက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် ရက်ပေါင်း ၁ဝဝ ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

''ကျွန်တော်တို့နိုင်ငံက သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ သူများ နိုင်ငံတွေထက် အဘက်ဘက်က နိမ့်ကျနေခဲ့တာက သယ်ယူ ပို့ဆောင်ရေးမူဝါဒ ကောင်းကောင်းမွန်မွန် ခိုင်ခိုင်မာမာမရှိ တာရယ်၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေမှာ ချွတ်ချော်နေတဲ့ကိစ္စ တွေရှိနေတာကြောင့်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် အမျိုးသားသယ်ယူပို့ဆောင်ရေးမူဝါဒတစ်ရပ် ရေးဆွဲနိုင်ဖို့ပြုလုပ် နေပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ရှေ့ဆက်သွားမည့် မူဝါဒ နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းပြသည်။

 

မေလ တတိယပတ်အတွင်း ADB ၏ အကူအညီဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမည်ဟု သိရသည်။

လေကြောင်းကဏ္ဍမှာ ရက်ပေါင်း ၁ဝဝ အတွင်းဘာတွေ ဆောင်ရွက်မလဲလေကြောင်းကဏ္ဍတွင်မူ ART လေယာဉ်အကြီးစား ပြုပြင်ရေးကို လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီမှ အင်ဂျင် နီယာများ၏ ကြီးကြပ်မှုဖြင့် မြန်မာအမျိုးသားလေကြောင်းမှ ပထမဦးဆုံးအနေဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ မှ ပုဂ္ဂလိကလေကြောင်းလိုင်းများနှင့် နိုင်ငံပိုင်လေကြောင်းလိုင်း များ တည်ရှိသည့်အနက် ART လေယာဉ်အမျိုးအစား ၃ဝ ကျော်ကို သုံးစွဲလျက်ရှိခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ ပြင်ဆင် မှုလိုအပ်လာပါက အခြားနိုင်ငံများတွင် သွားရောက်ပြင်ဆင်ရ သဖြင့် နိုင်ငံခြားငွေများ ပိုမိုသုံးစွဲနေရသည့်အတွက် နိုင်ငံတွင်း မှာပင် ပြင်ဆင်သွားနိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရေကြောင်းကဏ္ဍနဲ့ ရက် ၁ဝဝ စီမံချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအား စနစ်တကျ သွားလာနိုင်စေရေးအတွက် စည်းကမ်းပိုင်း အဆင့်မြှင့်သွားရန် ရည်ရွယ်ထားပြီးပညာပေး ဟောပြောစည်းရုံးခြင်းများကို မိုးမကျမီ ကာလများတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနမှ ဦးစီးကာ ပြည်ထောင်စုဘတ်ဂျက်ကို အသုံးပြုခြင်းဖြင့် ရေလမ်းထိန်းသိမ်းရေးနှစ်ခုအား လုပ်ဆောင်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးများ၏ ဘတ်ဂျက်ဖြင့် မြစ်ကမ်းပြိုထိန်းသိမ်းမှုများ ကို ၃၆ နေရာတွင် လုပ်ဆောင်မည်ဖြစ်သည်။

''ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ရဲ့ မူရင်းရောဂါကတော့ မြစ်ကြီး အိုနေတယ်။ မြစ်ရဲ့ရေလမ်းကြောင်း မကောင်းဘူး။ အပေါ်က အနယ်အနှစ်ကျမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ သတ္တုတွေကို စည်းကမ်းမဲ့ တူးဖော်မှုတွေကြောင့် အနည်ကျပြီးတော့ မြစ်က တဖြည်းဖြည်းနဲ့ တိမ်ကောလာပြီး ရေကြီးရေလျှံမှုတွေ၊ ကမ်းပြို မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အခုကျတော့ တကယ် အရင်းအမြစ်ရောဂါဖြစ်တဲ့ ရေလမ်းထိန်းသိမ်းရေးကို မလုပ်နိုင်ဘဲ မြစ်ကမ်းပြိုတာတွေပဲလိုက်ပြီးပြုပြင်နေတာက လက်ပူတိုက်နေရ တဲ့ အခြေအနေပါ။ တကယ်တမ်းမြစ်ကြောင်း တစ်ခုလုံးသာ ကောင်းမွန်သွားရင် ကမ်းပြိုတာတွေလည်း ရှိမှာမဟုတ်ဘဲ ရေကြောင်းသွားလာမှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒါတွေကိုတော့ နောက်လာမယ့် စီမံကိန်းတွေမှာ ရေးဆွဲသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ ရက် ၁ဝဝ အတွင်းမှာ နေရာ ၃၈ နေရာ ရေလမ်းကြောင်း ထိန်းသိမ်းသွားမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

ကမ်းပြိုကာကွယ်ရေး ရက်ပေါင်း ၁ဝဝ စီမံချက်များကို ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ခု၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ခု၊ မကွေးတိုင်းဒေသကြီးတွင် တစ်ခု၊ မ္တလေးတိုင်းဒေသကြီးတွင် ခုနစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃ ခု၊ ရခိုင်ပြည်နယ်တွင် လေးခု၊ မွန်ပြည်နယ်တွင် နှစ်ခုနှင့် ကချင်ပြည်နယ်တွင် ခြောက်ခု အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွင်းတွင်မူ ၁၄၂ ခုအထိ ဆောင်ရွက်ရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

ထို့ပြင် ဧရာဝတီမြစ် ငါးနှစ်ဖွံံ့ဖြိုးရေးစီမံကိန်းကို က္ဘာ့ဘဏ် ၏ ကူညီထောက်ပံ့မှုဖြင့် လုပ်ဆောင်သွားရန်ရှိပြီး ဧရာဝတီမြစ်တွင်း မန္တလေးပတ်ဝန်းကျင်တွင် အဆင့်အတန်းမြင့်သည့် ကုန်တင် ကုန်ချဆိပ်ကမ်းမရှိသည့်အတွက် ယင်းကို အကောင်အထည် ဖော်ရန် စတင်နေပြီဖြစ်ပြီး ရက်ပေါင်း ၁ဝဝ အတွင်း ဆိပ်ကမ်း တည်ဆောက်ရေးအတွက် သဘောတူညီမှုစာချုပ်ကို အပြီးသတ် ရေးဆွဲချုပ်ဆိုရန် ရည်မှန်းထားကြောင်း သိရသည်။

 

နိုင်ငံတကာအဆင့်မီယာဉ်မောင်းလိုင်စင်ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင်မူ အဓိကအားဖြင့် ယာဉ် မတော်တဆမှုများကြောင့် များပြားလာသည့် ယာဉ်တိုက်မှုများ ကို ကာကွယ်တားဆီးနိုင်ရေးအတွက် ရည်ရွယ်ထားပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ပညာပေးလုပ်ငန်း များအား စုစုပေါင်း အကြိမ် ၅ဝ ခန့် အနည်းဆုံးထားဆောင်ရွက်ရန် ရက်ပေါင်း ၁ဝဝ အတွင်း ရည်မှန်းထားကြောင်း သိရသည်။

ဒုတိယလုပ်ဆောင်ချက်အနေဖြင့် ယာဉ်မောင်းလိုင်စင် (ခ၊ ဂ၊ ဃ၊ င) လိုင်စင်များကိုChip ပါရှိသည့် နိုင်ငံတကာအဆင့်မီ လိုင်စင်ကတ်များအဖြစ် စတင်ထုတ်ပေးနေပြီ ဖြစ်သည်။

 

ဆက်သွယ်ရေးနည်းပညာသစ်များနဲ့ ရက်ပေါင်း ၁ဝဝ

ဆက်သွယ်ရေးကဏ္ဍတွင် အဓိကကျသည့်Broad Band ဝန်ဆောင်မှု တိုးမြှင့်ပေးနိုင်ရန်အတွက် လှိုင်းနှုန်း ၂၆ဝဝMHz ကို နိုင်ငံတကာအဆင့်နှင့်အညီ လေလံတင်အသုံးပြုခွင့် ချထား ပေးရန်အတွက် လေလံဆောင်ရွက်ခြင်းများကို စတင်မည်ဟု သိရှိရသည်။

လက်ရှိတွင် တယ်လီဖုန်းအော်ပရေတာများသို့ ၉ဝဝMHz နှင့် ၁၁ဝဝMHz လှိုင်းနှုန်းများ အသုံးပြုခွင့်ပေးထားပြီး နှစ် အလိုက် လှိုင်းနှုန်းများပေးအပ်မည့် အစီအစဉ်များကိုလည်း ရေရှည်တွင် ဆောင်ရွက်ရန်ရှိကြောင်း ဆက်သွယ်ရေးတာဝန်ရှိ သူများထံမှ သိရသည်။

''၂၆ဝဝMHzကို အတည်ပြုပေးမယ်၊ သုံးခွင့် ပေးမယ်။ Release လုပ်မှာနဲ့အညီ ဆက်လက် ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်''ဟု ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ရှင်းပြသည်။

 

ထို့ပြင် ရက်ပေါင်း ၁ဝဝ ၏ ပထမလအတွင်း မှာပင် Intelsat Satellite Operation နှင့် စာချုပ်ချုပ်ဆိုကာ ကိုယ်ပိုင်ဂြိုဟ်တုလွှင့်တင်နိုင် ရန် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

''ကိုယ်ပိုင်ဂြိုဟ်တုတစ်ခုအနေနဲ့ အသုံးပြုမှု ကြိုးပမ်းရခြင်းက ဂြိုဟ်တုငှားခစျေးနှုန်းတွေ သက်သက်သာသာနဲ့ သုံးစွဲလာနိုင်မယ်။ ဂြိုဟ်တု စနစ်နဲ့ အဝေးဖိုက်ဘာဆက်ကြောင်းတွေ၊ မိုက် ခရိုဆက်ကြောင်းတွေ မြန်မာနိုင်ငံရဲ့ ဒေသ တော်တော်များကို ဆက်သွယ်ရေးဝန်ဆောင်မှု ပေးသွားနိုင်မှာဖြစ်ပါတယ်။ ဘယ်နေရာကမဆို ဆက်သွယ် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်မှုပေး သွားနိုင်ဖို့ အကျိုးကျေးဇူးတွေရမယ်လို့ ယုံကြည် တာကြောင့် ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ငန်း စနိုင်အောင် ကြိုးပမ်းရခြင်းဖြစ်ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုင်းစောလင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် မိုဘိုင်းဖုန်းသုံးစွဲမှုပမာဏ အားဖြင့် MPT သုံးစွဲသူမှာ ၆၆ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်ကာ ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် ရ၅ ရာခိုင်နှုန်းအထိ ရရှိနိုင်ရန် မျှော်မှန်းထားပြီး လာမည့် ငါးနှစ်တာကာလအတွင်း ၈၅ ရာခိုင်နှုန်း အထိ လွှမ်းခြံုနိုင်အောင် ရည်မှန်းထားဆောင်ရွက် နေကြောင်း သိရသည်။

''မိုဘိုင်းစခန်း ၅ဝဝ တည်ဆောက်ဖို့ လျာ ထားပါတယ်။ ယနေ့အထိ ၂၂ဝ လောက် ပြီးသွား ပါပြီ။ ရှေ့ဆက်ပြီးလည်း လူထုဝန်ဆောင်မှုကို မြန်မြန်ရရှိစေဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ မိုဘိုင်းဝန်ဆောင်မှုကောင်းဖို့ လိုအပ်တဲ့ အတွက် အလုံမှာလည်း mobile operation center ဖွင့်လှစ်နေပါပြီ။ ကတ်ပျောက်၊ ကတ်ပျက် စတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို တိုင်း ဒေသကြီးနဲ့ ပြည်နယ်နေရာအနှံ့က ပြည်သူတွေ အရင်ကလို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ လာလုပ်စရာမလိုဘဲနဲ့ ကိုယ့်ဒေသမှာ ပြုလုပ် နိုင်အောင်Brand Shop တွေ ဖွင့်လှစ်သွား မယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

ထို့ပြင် ရေအောက်ကေဘယ်လ်အမှတ်(၅) ကုန်းတွင်း ဆက်ကြောင်းများ သွယ်တန်းခြင်းကို အပြီးဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်ကုန် ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် ဝန်ဆောင်မှုစတင် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ရက်ပေါင်း ၁ဝဝ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနအနေဖြင့်လည်း ဂျိုက်ကာ၏ အကူအညီဖြင့် တည်ဆောက်နေသည့် ရ၇ မီတာအမြင့်ရှိ ရန်ကုန် က္ဘာအေး ရေဒါအဆောက်အအုံကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီးသတ်နိုင်ရန် ရည်ရွယ်ထား ပြီး ရေဒါတပ်ဆင်ပြီးစီးပါက မိုးလေဝသသတင်း များကို ယခုထက်ပိုမိုကာ ခန့်မှန်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်သည် အယ်နီညိုနှင့် လာနီ ညာပါဖြစ်ပေါ်သည့် ရာသီဥတုဆိုးရွားသောနှစ်ဖြစ် ခြင်းကြောင့် ပြည်သူလူထုနှင့် သက်ဆိုင်သည့် ရာသီဥတုဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို ယခုထက်ပိုမိုကာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ကြေညာပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။