ပထမ ရက် ၁၀၀ ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

အစိုးရသစ်၏ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက် သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်း ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မြစ်ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေး အတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ဆောင်ရွက်သည့် လုပ်ငန်းနှစ်ခု၊ တိုင်းဒေသကြီးအစိုးရများ၏ ဘတ်ဂျက် ခွင့်ပြုငွေနှင့် ကမ်းပြို၊ ကမ်းထိန်းလုပ်ငန်း ၃၆ ခု ဆောင်ရွက်လျက် ရှိပါကြောင်း၊ ချင်းတွင်းဝ-မုံရွာ ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်း ပြီးဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် လုပ်ငန်းများစတင်နိုင်မှု မရှိသေးပါကြောင်းနှင့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင် အပြီးဆောင်ရွက် မည်ဖြစ်ပါကြောင်း။

ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၃၆ ခုအနက် ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီး လုပ်ငန်း ၂၈ ခု၊ ၆၅ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းတစ်ခု၊ ၆ဝ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းနှစ်ခု၊ ၅၅ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်း နှစ်ခု၊ ၅ဝ ရာခိုင်နှုန်းပြီးစီးသည့် လုပ်ငန်းနှစ်ခု တို့ ဆောင်ရွက်ပြီးစီး ခဲ့ပါကြောင်း၊ ဧရာဝတီမြစ်ရေ သုံးကြိမ်မြင့်တက်မှုကြောင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်း၊ မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်နိုင်ငံ မှ ထောက်ပံ့ငွေ ရရှိရေးအတွက် ဆောင်ရွက် ထားပါကြောင်း။

မိုးလေဝသနှင့် ဇလဗေဒကဏ္ဍအတွက် မုန်တိုင်းဖြစ်ပေါ်မှုများကိုစောင့်ကြည့် နိုင်ရန် ရန်ကုန်၌ ရေဒါတပ်ဆင်ရေးအတွက် အမြင့် ရ၇ မီတာရှိ တာဝါတည်ဆောက်ခြင်း၊ စက်ကိရိယာတပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အယ်နီညိုနှင့် လာနီညာ ဖြစ်စဉ်များ၏ နောက်ဆုံးအခြေအနေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး အယ်နီညိုရာသီဥတုဖြစ်စဉ်၏အခြေအနေများကို တစ်လလျှင် နှစ်ကြိမ် ထုတ်ပြန်ပေးခဲ့ပါ ကြောင်း၊ လာနီညာရာသီဥတုဖြစ်ပေါ်လာမှုမှာ ဇူလိုင်မှ စက်တင်ဘာလထိ ၄၄ ရာခိုင် နှုန်းဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသဖြင့် ဆက်လက်စောင့်ကြည့် ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း။

မြန်မာ့မီးရထားအနေဖြင့် မြစ်ငယ်ဒွေးလမ်းတံတား (အရှည်ပေ ၈၆ဝ)တည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ရထားများ အစုန်၊ အဆန်သွားလာနိုင်တော့မည် ဖြစ်ပါကြောင်း၊ စီးပွားရေးတွက်ခြေမကိုက်သော ရထားလမ်းပိုင်းများ ဖျက်သိမ်းရေး စိစစ်မှုများ ဆောင်ရွက်ခြင်းအတွက် လုံးဝဖျက်သိမ်းရမည့် ရထားလမ်းပိုင်း ၁၆ ခုကို ဖျက်သိမ်းခဲ့ပြီး ရထားလမ်း ၁၄ ခုကို ပြင်ဆင်ပြေးဆွဲစေလျက်ရှိပါကြောင်း။

ဆက်သွယ်ရေးကဏ္ဍတွင် လှိုင်းနှုန်းအသုံးပြုခွင့်အတွက် လှိုင်းနှုန်းစဉ် လေလံတင် မှုဆောင်ရွက်ခဲ့ပြီးAction Framework ကို ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ Myanmar National Satellite Project အတွက် ဦးစားပေး ရွေးချယ်ထားသော Intelsat Satellite Operator နှင့် အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ မိုဘိုင်းစခန်း ၄၄၂၈ ခု ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍GSM စခန်း ၅ဝဝ တိုးချဲ့ ဖွင့်လှစ်ခြင်းကို ရက် ၁ဝဝ အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ အော်တိုအိတ်ချိန်းရုံးတွင်Mobile Operation Center (MOC) ဖွင့်လှစ်ခဲ့ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များတွင် MPT Brand Shop ၄၉ခု ဖွင့်လှစ်ထားပြီး ထပ်မံ၍ အခု ၂ဝ တိုးချဲ့ဖွင့်လှစ်ရန် လျာထားခဲ့ပါကြောင်း၊ ၄ဝ အထိ တိုးချဲ့ဖွင့်လှစ် ခဲ့ပါကြောင်း၊ ရေအောက်ကေဘယ်ဆက်ကြောင်းအတွက် ငွေဆောင်

ကမ်းခြေနှင့် ပုသိမ်မြို့ ရေအောက်ကေဘယ်စခန်းအကြား ၅၈ ကီလိုမီတာ မြေအောက်ဆက်ကြောင်း ဖြင့် ဖိုင်ဘာကေဘယ်နှင့် ပါဝင်ကေဘယ်သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

လုပ်ငန်းစီမံကိန်း ၁၇ ခုအနက် လုပ်ငန်း ၁၆ ခု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး မြစ်ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေး၊ ကမ်းပြို/ကမ်းထိန်းလုပ်ငန်းစီမံကိန်းတစ်ခုသာ မြစ်ရေမြင့်တက်မှုကြောင့် ကျန်ရှိပါကြောင်း၊ လုပ်ငန်းတစ်ခုလုံးအတွက် ၈၇ ရာခိုင်နှုန်းဆောင်ရွက်ပြီး ကျန်ရှိလုပ်ငန်းများကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးမူဝါဒကြေညာချက်သစ်တစ်ရပ် ချမှတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။