တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးသည့် အစည်းအဝေးကျင်းပပြုလုပ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၆-၃-၂၀၁၉ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်  ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် Pilot Project (၄) မြို့နယ်အတွက် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များ၊ Ms. Sonja Oestmann ( PTD Consultant)၊ World Bank မှ တာဝန်ရှိသူများနှင့် Nationwide Telecommunications Licence ရယူထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar Limited၊ Ooredoo Myanmar Limited ၊Telecom International Myanmar Company Limited (Mytel) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။