ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်)တွင် ဆုရရှိသူများအား ကြေညာခြင်း

၁။       ASEAN-JAPAN Cybersecurity Awareness Video Competition-2023 သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်)ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါပြိုင်ပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူ (၄၇)ဦး၏ ပြိုင်ပွဲဝင်ဗီဒီယို များအား အကဲဖြတ်ဒိုင်များက စိစစ်ရွေးချယ်ပြီးနောက် ဆုရရှိသူများစာရင်းကို အောက်ပါအတိုင်း ကြေညာအပ်ပါသည် –

ပထမဆု     –  မောင်မြတ်မင်းခန့်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ (Data Dilemma)

ဒုတိယဆု   –  မောင်ဟိန်းထက်အာကာမောင်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊(PhishGuard: Unmasking the Hooks)

တတိယဆု –  မခိုင်ရွှေစင်ဝင်း၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (ရန်ကုန်)၊ (Protecting Personal Information Online # Stay safe and protect your digital world)

နှစ်သိမ့်ဆု –    မောင်ဘွဲ့ညှောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၊ (Social Media Safety Tips Everyone needs to know)

နှစ်သိမ့်ဆု –    မောင်လင်းခန့်ကျော်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)၊(Awareness of Juice Jacking)

၃။       ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအား ထပ်မံအကြောင်းကြားသွားမည်ဖြစ်ပြီး ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Video Competition-2023 သို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲကျင်းပရေးကော်မတီ