စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ဆိုင်ရာ သတင်းထုတ်ပြန်ချက်

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ဆက်သွယ်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ရာတွင် ပြည်ပအော်ပရေတာများဖြစ်သော Ooredoo Myanmar Limited ၊ Telenor Myanmar Limited နှင့် ပြည်တွင်းအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI Summit Global MyanmarCo.,Ltd တို့ကို ဆက်သွယ်ရေး ဥပဒေနှင့်အညီ လိုင်စင်များ ချထားပေးခဲ့ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
    ထို့အတူ စတုတ္ထမြောက် ဆက်သွယ်ရေး လုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရယူသုံးစွဲမည့် ပြည်တွင်း အများပိုင်ကုမ္ပဏီနှင့် အစုစပ် ဖက်စပ်ဆောင်ရွက်နိုင်ရေး နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီ ရွေးချယ်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သော စီမံခန့်ခွဲရေးကော်မတီကို (၂၀-၁၁-၂၀၁၄) ရက်နေ့တွင်လည်းကောင်း၊ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရေးနှင့် တင်ဒါရွေးချယ်ရေး လုပ်ငန်းကော်မတီကို (၅-၈-၂၀၁၅) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
    တင်ဒါရွေးချယ်ရေး လုပ်ငန်းများကို စနစ်တကျ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ယခင် လိုင်စင်ချထားခြင်းဆိုင်ရာ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် Roland Berger Consultant ကုမ္ပဏီ ကျွမ်းကျင်အဖွဲ့အား ငှားရမ်း၍ အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါသည်-
(၁)    (၁၁.၉.၂၀၁၅) ရက်နေ့တွင် ပြည်တွင်းအများပိုင်ကုမ္ပဏီ (၁၁)ခုအားပြည်တွင်းအထူးလုပ်ငန်းကုမ္ပဏီ (Special Purpose Company)အဖြစ် Myanmar National Telecom Holding Public Limited ကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။
(၂) (၁၉.၁.၂၀၁၆) ရက်နေ့တွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့် ပြည်ထောင်စုဝန်ကြီးဌာနများအား ဖိတ်ကြား၍ စတုတ္ထမြောက် လိုင်စင် ရယူဆောင်ရွက်မည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး အစိုးရအစုရှင်အား ဖိတ်ခေါ်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာန က အဆိုပြုတင်ပြထားသည့် Star High  Co.,Ltd အားသတ်မှတ်ပေးနိုင်ခဲ့ပါသည်။
(၃)  (၁၈.၃.၂၀၁၆) ရက်နေ့တွင်ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ Request for Proposal (RFP) အရ လျှောက်လွှာ တင်သွင်းလာသည့် နိုင်ငံခြားကုမ္ပဏီ တစ်ဖွဲ့တည်းဖြစ်စေ၊ တစ်ဖွဲ့ထက်ပိုသည်ဖြစ်စေ Foreign Partner ရွေးချယ်ရေး အနိမ့်ဆုံးအမှတ်ပေးဇယား (၁၂၅၀)ထက် ပိုမိုကောင်းမွန်သော အမှတ် သတ်မှတ်ချက်ရရှိမှသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူရန် ဆုံးဖြတ်ခဲ့ပါသည်။
(၄)  (၁၈.၃.၂၀၁၆) ရက်နေ့တွင် တင်ဒါလုပ်ငန်း အဆင့်ဆင့် (EOI, RFP နှင့် Application) ကိုသတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဗီယက်နမ်နိုင်ငံ၊ Viettel ကုမ္ပဏီ၏ အဆိုပြုလျှောက်လွှာကို တင်ဒါပိတ်သိမ်းသည့် (၁၈.၃.၂၀၁၆)ရက်နေ့ သတ်မှတ်အချိန်တွင် လက်ခံရရှိခဲ့ပါသည်။    
    သို့ပါ၍ Consultant ကုမ္ပဏီနှင့် အစုရှယ်ယာရှင် ကိုယ်စားလှယ်များ၏ သုံးသပ်ချက်များ၊ တင်ဒါရွေးချယ်ရေး ကော်မတီမှအကြံပြုချက်များ၊ စီမံခန့်ခွဲရေးကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် အညီ အဆိုပြုခဲ့သော ဗီယက်နမ်နိုင်ငံ၊ Viettelကုမ္ပဏီမှာ Foreign Partner ရွေးချယ်ရေး အနိမ့်ဆုံး အမှတ်ပေးဇယားထက် ပိုမိုကောင်းမွန်သောအမှတ် (၁၆၁၀) ရရှိခဲ့ပါသဖြင့် Successful Applicant အဖြစ် သတ်မှတ်ပြီး ဖက်စပ်ဖွဲ့စည်းရေးခလုပ်ငန်းဆိုင်ရာခသဘောတူညီချက်ခရရှိရေးအတွက် အသေးစိတ်ခညှိနှိုင်းဆွေးနွေးမှုများအားခဆက်လက်ဆောင်ရွက်ခွင့်ပြုနိုင်ရန်ခအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူထားရှိပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။