ကုန်းလမ်းပို့ဆောင်ရေး၊ အငှားယာဉ်ဌာန

တည်နေရာ

         အငှားယာဉ်ဌာန၏ ရုံးအား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ၊ ဂုံးကျော်တံတားအနီးတွင် ဖွင့်လှစ်ထားရှိပါသည်။

အငှားယာဉ်ဌာန၏ လုပ်ဆောင်နေသော လုပ်ငန်းများ

၁။    ကုန်းလမ်းပို့ဆောင်ရေးရှိ ယာဉ်မောင်းသင်တန်းကျောင်းများအတွက် လိုအပ်သော အမောင်းသင်ယာဉ်များ ငှားရမ်းပေးခြင်း။

၂။     အငှားယာဉ်ဌာနမှ ယာဉ်မောင်းများဖြင့် မြို့တွင်း၊ နယ်ဝေး ခရီးသွားများအတွက် သက်သာသောနှုန်းထားဖြင့် ပို့ဆောင်ပေးခြင်း။

၃။    ပုဂ္ဂလိကသို့ လပြတ်၊ နှစ်ချုပ်စနစ်ဖြင့် မော်တော်ယာဉ်များအား သက်သာသော နှုန်းထားဖြင့် ငှားရမ်းပေးခြင်း။

၄။    မိသားစုအပန်းဖြေခရီးများ၊ ဘုရားဖူးခရီးစဉ်များအတွက် သက်သာသောနှုန်းထားဖြင့် ယာဉ်စီးလုံးငှား ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။