ကမ်းရိုးတန်းသွား "ကစ္ဆပနဒီ(၃)" အမြန်ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ တိုက်ရိုက် ကမ်းရိုးတန်း ခရီးစဉ် ပြန်လည်ပြေးဆွဲ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲမှ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) အမြန် ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို ကမ်းရိုးတန်းပင်လယ်ပြင် ဖြတ်သန်း၍ တိုက်ရိုက် ခရီးစဉ်အဖြစ် ၅-၄-၂၀၁၉ ရက်နေ့မှစ၍ ပြေးဆွဲ‌ပေးခဲ့ပြီး၊ မိုးတွင်းကာလ၌ ယာယီရပ်နားထားခဲ့ပါသည်။ ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် ၂၃-၁၀-၂၀၁၉ ရက်နေ့မှစ၍ ကစ္ဆပနဒီ- ၃ ရေယာဉ်ဖြင့် အပတ်စဉ် ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ စစ်တွေမြို့မှ ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၀၆:၀၀ နာရီအချိန် ထွက်ခွာပြီး၊ ကျောက်ဖြူမြို့မှ အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၀၇:၃၀ နာရီအချိန်တွင် ထွက်ခွာမည်ဖြစ်ပါသည်။ ခရီးသည်ခမှာ တစ်ဦးလျှင် လက်မှတ်ခ ၁၄၀၀၀ ကျပ်နှုန်း သတ်မှတ် ထားကြောင်း သိရသည်။

 

လက်ရှိပြေးဆွဲပေးနေသည့် စစ်တွေ-မြေပုံ-ကျောက်ဖြူ (မြစ်ကြောင်းအတွင်းလမ်း) ခရီးစဉ်ကိုလည်း ကစ္ဆပနဒီ(၁) အမြန်ရေယာဉ်ဖြင့် စစ်တွေမြို့မှ အပတ်စဉ် သောကြာနေ့တိုင်း နံနက် ၀၆:၀၀ နာရီအချိန် ထွက်ခွာပြီး၊ ကျောက်ဖြူမြို့မှ အပတ်စဉ် စနေနေ့တိုင်း နံနက် ၀၇:၃၀ နာရီအချိန်တွင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ခရီးသည်ခမှာ တစ်ဦးလျှင် လက်မှတ်ခ ၁၄၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။