Published: 08 Apr, 2020



Last Date :
Description :

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Cardများ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သော Common Database စနစ် တည်ဆောက်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါပေးသွင်းလိုသူများအား အောက်ပါ စည်းကမ်းချက်များနှင့် အညီ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

အိတ်ဖွင့်တင်ဒါများကို တင်ဒါဖွင့်ဖောက်မည့်ရက် (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီတွင် အိတ်ဖွင့်တင်ဒါ လက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့၊ ရုံးအမှတ်(၂)၊ နေပြည်တော်ထံသို့ တင်သွင်း ရမည်။ တင်ဒါဖွင့်ဖောက်မည့်ရက်တွင် တင်သွင်းမည့်တင်ဒါများကို လူကိုယ်တိုင် ယူဆောင်လာရန် ဖြစ်ပါသည်။ တင်ဒါဖွင့်ဖောက်မည့်ရက် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီ ထက်နောက်ကျ၍ တင်သွင်းလာသော တင်ဒါအဆိုပြုလွှာများအား လုံးဝ လက်ခံစဉ်းစားမည် မဟုတ်ပါ။ 

 အိတ်ဖွင့်တင်ဒါနှင့် စပ်လျဉ်းသည့် အချက်အလက်များအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ 

Download Details :
Download Detail
Department Under :