သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။   ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်ရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းမှ သင်ထောက်ကူ System Unit များ ဝယ်ယူခြင်းလုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်  အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။   တင်ဒါဆိုင်ရာအချက်အလက်များကို download ရယူနိုင်ပါသည်။

၃။   အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ် () နေပြည်တော်၊ ဖုန်း ၀၆၇၃၄၀၇၇၅၃ နှင့် သင်တန်းကျောင်း၊ ၀၆၇ ၃၄၀၇၁၀၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

   တင်ဒါကော်မတီ(ဆက်သွယ်ရေး)

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

   ရုံးအမှတ် (၂)၊ နေပြည်တော်