Microsoft Office Excel (2019), Basic Networking နှင့် Responsive Web Design using Bootstrap 5 သင်တန်းဆင်းပွဲ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Excel 2019 (Online) သင်တန်း၊ (ဒုတိယအကြိမ်) Basic Networking နှင့် Responsive Web Design using Bootstrap 5 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၂၂)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ်(၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ ( ၄၅ ) ဦးတို့  တက်ရောက်ခဲ့ပါသည်။

ထို့နောက် သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးရန်နောင်စိုး တို့မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။