Linux Foundation နှင့် Windows Server Administration -1 သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Linux Foundation သင်တန်း နှင့် Windows Server Administration -1 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၄)ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၄၈) ဦး  တက်ရောက်ခဲ့ပါသည်။

   ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပထမသင်တန်းဖြစ်သည့် Linux Foundation သင်တန်း၏ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ ပထမဆုရရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးကိုကိုမောင်၊ ဒုတိယဆုရရှိသော အလုပ်သမားဝန်ကြီးဌာနမှ  ဒေါ်ဆွေဇင်ယု၊ တတိယဆုရရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါ်နမ့်ယဉ်ယဉ်နွယ်တို့အား ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်း၊ ကျောင်းအုပ်မှ ဒုတိယသင်တန်းဖြစ်သည့် Windows Server Administration - 1  သင်တန်း၏ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ ပထမဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေါ်မဉ္ဇူသန်း၊ ဒုတိယဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒေါက်တာအောင်ခိုင်ဖြိုး၊ တတိယဆုရရှိသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ဦးအောင်ကျော်စိုးတို့အား ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။