“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲ သတင်း (၁၉-၂-၂၀၁၉)

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဗော်ယာမ/ချ ရေယာဉ် “ဆင်ပြောင်”သည် မာန်အောင်ကျွန်း မီးပြတိုက်နှင့် တစ်မိုင်ခွဲအကွာ ပင်လယ်ပြင်တွင် ကျောက်ချ အခြေပြုစဉ် ၁၁-၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၄:၃၀)အချိန်ခန့်၌ နစ်မြုပ်သွားခဲ့မှု ဖြစ်စဉ်၌ ကွယ်လွန်ခဲ့သော ရေယာဉ်ဝန်ထမ်းများအတွက် လူမှုဖူလုံရေး၊ နာရေးစရိတ် အကျိုးခံစားခွင့် (လစာ၏၄ဆ)ကို ၁၉-၂-၂၀၁၉ရက်နေ့၊ ညနေ(၁၅:၀၀)အချိန်၊ ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ခန်းမတွင် အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ တိုင်းဒေသကြီး ယာယီ တာဝန်ခံအရာရှိ၊ ဦးဝင်းစိုးနှင့် အဖွဲ့က ကွယ်လွန် ရေယာဉ် ဝန်ထမ်းများ၏ မိသားစုဝင်များထံ ပေးအပ်ခဲ့ပါသည်။

ပျောက်ဆုံးလျက်ရှိသည့် ရေယာဉ်ဝန်ထမ်းများကို ရှာဖွေကယ်ဆယ်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဌာနမှူး (မီးပြတိုက်) ဦးအေးလွင် ဦးစီးသည့် မီးပြတိုက် ဝန်ထမ်းအဖွဲ့(၉)ဦး သည် မာန်အောင်မီးပြကျွန်းကို အခြေပြု၍ တပ်မတော်(ရေ)၊ ဒေသခံအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၁၉-၂-၂၀၁၉ ရက်နေ့၊ ညနေ(၁၇:၀၀)အချိန်အထိ ပျောက်ဆုံးဝန်ထမ်း​ (၇)ဦး ကို ထပ်မံ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါကြောင်း သိရှိရပါသည်။

ထို့ကြောင့် ၁၉.၂.၂၀၁၉ ရက်နေ့အထိ Dead Body(၁၂)ခုတွေ့ရှိထားပြီး ရေယာဉ်ဝန်ထမ်း(၇)ဦး ပျောက်ဆုံးဆဲ ဖြစ်ပါသည်။

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း

(၁၉-၂-၂၀၁၉ ရက်နေ့ ညနေ ၁၇:၀၀ အချိန်အထိ ရရှိစာရင်း)

(၁၇-၂-၂၀၁၉ ရက်နေ့ စာရင်းအတိုင်းသာ)

 

ကယ်ဆယ်ရရှိ စာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၃။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၄။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၅။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၆။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၇။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

 

အလောင်းရရှိ စာရင်း (၁၂)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

တွေ့ရှိရက်စွဲ

၈။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

၁၁-၂-၂၀၁၉

၉။

ဦးကျော်ညွန့်

၆၄၃၈၀

စက်မှုအင်ဂျင်နီယာဌာန

၁၀။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

၁၂-၂-၂၀၁၉

၁၁။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

၁၂။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

၁၃။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

၁၄။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

၁၅။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

၁၆။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

၁၃-၂-၂၀၁၉

၁၇။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

၁၈။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

၁၄-၂-၂၀၁၉

၁၉။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

စက်မှုအင်ဂျင်နီယာဌာန

၁၆-၂-၂၀၁၉

 

ပျောက်ဆုံးဆဲစာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၂၀။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၂၁။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၂၂။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၂၃။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

ပျောက်ဆုံး

၂၄။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၂၅။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၂၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး