“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်မှု နောက်ဆက်တွဲသတင်း (၃-၃-၂၀၁၉)

 

၂-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၇:၄၅) အချိန်ခန့်တွင် မာန်အောင်ကျွန်း၊ ကမားကျေးရွာ ကမ်းစပ်အနီးတွင် Dead Body တစ်ခုတွေ့ရှိကြောင်း ကမားကျေးရွာ ရဲစခန်းက သတင်းနှင့် ဓာတ်ပုံ မှတ်တမ်းပေးပို့လာသဖြင့် စိစစ်ရာ ပုံပန်းသဏ္ဍာန်နှင့် အဝတ်အစားများအရ “ဆင်ပြောင်” ရေယာဉ်နစ်မြုပ်စဉ် ပျောက်ဆုံးနေသော ဦးကျော်လင်းအေး၊ ပုဂ္ဂလိကအမှတ်(၆၅၆၄၀)၊ သင်္ဘောသား ၏ Dead Body  ဖြစ်ကြောင်း အတည်ပြု ရရှိပါသည်။

အဆိုပါရုပ်အလောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် နာရေးကူညီမှုအသင်းတို့၏အကူအညီဖြင့် ကမားကျေးရွာမှတစ်ဆင့် မာန်အောင်မြို့နယ် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ရုပ်အလောင်းကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ သင်္ဂြိုလ်ရန်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကျောက်ဖြူဆိပ်ကမ်းမှူး၊ မန်နေဂျာ ဦးစိုးလွင်က ဦးစီး၍ ဆောင်ရွက်ခဲ့ရာ ၂-၃-၂၀၁၉ ရက်နေ့၊ ၁၆:၂၅ အချိန်တွင် မာန်အောင်မြို့သုဿာန်၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပြီးစီး ခဲ့ပါသည်။

 “ဆင်ပြောင်”ရေယာဉ်နစ်မြုပ်စဉ် ပျောက်ဆုံးလျက်ရှိသော ရေယာဉ်ဝန်ထမ်း(၁၉)ဦး အနက်၊ ၂.၃.၂၀၁၉ ရက်နေ့အထိ ရေယာဉ်ဝန်ထမ်း(၁၃)ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ပျောက်ဆုံးဝန်ထမ်း​ (၆)ဦးတို့ကို ဆက်လက် ရှာ​ဖွေလျက် ရှိပါကြောင်း သိရှိရပါသည်။

 

၁၁-၂-၂၀၁၉  ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော

“ဆင်ပြောင်”ရေယာဉ်မှ

ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း

(၃-၃-၂၀၁၉ ရက်နေ့ ညနေ ၁၈:၀၀ အချိန်အထိ ရရှိစာရင်း)

ကယ်ဆယ်ရရှိ စာရင်း (၇)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၁။

ဦးမိုးလွင်

၃၂၃၅၀

ရေယာဉ်အရာရှိ

ကယ်ဆယ်ရရှိ

၂။

ဦးသန့်ဇင်အောင်

၆၆၂၃၆

ဒု-အရာရှိ

ကယ်ဆယ်ရရှိ

၃။

ဦးသန့်ဇော်ဦး

၆၃၁၁၂

ကုန်းပတ်မှူး

ကယ်ဆယ်ရရှိ

၄။

ဦးထွန်းရွှေ

၆၄၅၃၅

ဆီလောင်း

ကယ်ဆယ်ရရှိ

၅။

ဦးမြင့်အောင်

၆၅၆၆၆

ဆီလောင်း

ကယ်ဆယ်ရရှိ

၆။

ဦးကိုကိုဦး

၃၂၂၃၀

ဆီလောင်း

ကယ်ဆယ်ရရှိ

၇။

ဦးဇော်ဌေး

၆၄၆၁၀

ဆီလောင်း

ကယ်ဆယ်ရရှိ

 

အလောင်းရရှိ စာရင်း (၁၃)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

တွေ့ရှိရက်စွဲ

၈။

ဦးမြတ်မော်

၃၂၀၃၄

ဆက်သွယ်ရေးတာဝန်ခံ

၁၁-၂-၂၀၁၉

၉။

ဦးကျော်ညွန့်

၆၄၃၈၀

အငယ်တန်းအင်ဂျင်နီယာ(၃)

၁၀။

ဦးထွန်းထွန်း

၃၁၇၀၄

ရေယာဉ်မှူး

၁၂-၂-၂၀၁၉

၁၁။

ဦးထွန်းအောင်

၆၆၈၇၂

ပူးတွဲရေယာဉ်မှူး

၁၂။

ဦးတင်မောင်ဝင်း

၃၆၅၈၃

လျှပ်စစ်ကျွမ်းကျင်

၁၃။

ဦးမြတ်ဆွေ

၃၁၇၄၉

သင်္ဘောသား

၁၄။

ဦးသိန်းလွင်

၆၃၀၇၈

သင်္ဘောသား

၁၅။

ဦးထွန်းဦး

-

ကုန်းပတ်မှူး(အငြိမ်းစား)

၁၆။

ဦးမင်းလွင်

၄၂၇၄၄

သင်္ဘောသား

၁၃-၂-၂၀၁၉

၁၇။

ဦးမင်းဇော်ထွေး

၆၇၈၀၇

သင်္ဘောသား

၁၈။

ဦးသန်းထိုက်

၆၅၇၂၉

ဆီလောင်း

၁၄-၂-၂၀၁၉

၁၉။

ဦးတင်ဇော်ဝင်း

၆၉၁၅၁

လုပ်သားမှူး

၁၆-၂-၂၀၁၉

၂၀။

ဦးကျော်လင်းအေး

၆၅၆၄၀

သင်္ဘောသား

၂-၃-၂၀၁၉

 

ပျောက်ဆုံးဆဲစာရင်း (၆)ဦး

စဉ်

အမည်

ပုဂ္ဂလိကအမှတ်

ရာထူး

မှတ်ချက်

၂၁။

ဦးဇေဖြိုးအောင်

၃၂၃၃၃

အင်ဂျင်နီယာမှူး

ပျောက်ဆုံး

၂၂။

ဦးမျိုးမင်းထွန်း

၃၂၃၃၉

တ-အင်ဂျင်နီယာ

ပျောက်ဆုံး

၂၃။

ဦးခင်စိုး

၆၃၈၉၈

စက်ခန်းအုပ်

ပျောက်ဆုံး

၂၄။

ဦးကံရှိန်

၇၀၄၂၅

ဆီလောင်း

ပျောက်ဆုံး

၂၅။

ဦးကျော်ကျော်မိုး

၆၇၇၈၇

ဆီလောင်း

ပျောက်ဆုံး

၂၆။

ဦးအောင်သိန်းညွန့်

နေ့စား

ဒေသခံမီးပြဝန်ထမ်း

ပျောက်ဆုံး