မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၀:၃၅ နာရီ အချိန်ထုတ်ပြန်ချက်)

           ၂၀၂၁ ခုနှစ်၊ မေလ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ(၁၈)မိနစ်(၄၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၅၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Yunnan, China)၊ မြောက်လတ္တီတွဒ် (၂၅.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၇)ဒီဂရီ၊ အနက် (၃၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။