မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၃၃) မိနစ်၊ (၁၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၈၃) မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၇၂) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၇၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၁(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။

