နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများပေါ်မှ ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ရေယာဉ်/ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ မြို့ပတ်လမ်းရှိ လျှပ်စစ်မီးတိုင်များ ပြုပြင်ဆောင်ရွက်မှု အခြေအနေနှင့် အဆောက်အဦပြင်ဆင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး

စစ်တွေ   မေ   ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းသို့ ရောက်ရှိကြပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် For Tune သင်္ဘော၊ Sun Shine သင်္ဘောနှင့် တပ်မတော်စစ်ရေယာဉ်များပေါ်မှ ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ရေယာဉ်/ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပို့ဆောင်ကြမည့် တပ်မတော် ကမ်းထိုး ရေယာဉ်များကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောများ ရောက်ရှိလာပါက အချိန် ကြန့်ကြာမှု မရှိဘဲ ပစ္စည်းများ အတင်အချ ပြုလုပ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်၊ ပစ္စည်းများ စနစ်တကျ ဖြန့်ခွဲနိုင်ရေး၊ ဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်ရေးနှင့် ပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး စနစ်တကျ ကြီးကြပ် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည်  မြို့ပတ်လမ်းတစ်လျှောက် လျှပ်စစ်မီးတိုင်များ ပြုပြင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စစ်တွေတပ်နယ် ဧည့်ရိပ်သာသို့ ရောက်ရှိ၍ ရိပ်သာပြန်လည်ပြုပြင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ စစ်တွေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အမိုး မိုးခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ရေးနှင့် ကျောင်းဖွင့်ချိန်အမီ အချိန်မီ ပြီးစီးရေး လမ်းညွှန်မှာကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ၂၃၀ ကေဗွီ မြောက်ဦး - ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်() ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ့ လူအင်အား ၅၆၇ ဦး၊ ယာဉ်ယန္တရား ၆၂ စီးတို့ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။   

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးသော ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်းရှိ တာဝါတိုင် တိုင်၊  ရသေ့တောင်မြို့ပေါ်သို့ ဓာတ်အားဖြန့်ဖြူးပေးသော ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်းမှ ဓာတ်တိုင် ၇၆ တိုင်နှင့် ထရန်စဖော်မာ လုံး ထိခိုက်ပျက်စီးခဲ့ရာ လျပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်း ၉၂ ဦး၊ ယာဉ်ယန္တရား စီးတို့ဖြင့် ရသေ့တောင်မြို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ပြင်ဆင် ဆောင်ရွက်ခဲ့ရာ မေ ၂၆ ရက်အထိ ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၄ တိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသော ဓာတ်အားလိုင်းများကို ဇွန်လ ပထမပတ်အတွင်း ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။