ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းစဉ်များ

ကုန်းလမ်းပို့ဆောင်ရေး၏ လုပ်ငန်းစဉ်များ

ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −

  • အဆင့်မီသော ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာအောင် စီမံဆောင်ရွက်ရန်၊
  • ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများမှ ဝင်ငွေရရှိနိုင်ရေး ဆောင်ရွက်ရန်၊
  • ပို့ဆောင်ရေးကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်။

ဌာနအလိုက်လုပ်ငန်းတာဝန်များ

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း   

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်အောက်ပါ ဌာနခွဲ (၁၀)ခု ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည် -

  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရန်ကုန်)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(တောင်ကြီး)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မန္တလေး)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရွှေဘို)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မိတ္ထီလာ)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ပခုက္ကူ)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မကွေး)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ပြည်)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မော်လမြိုင်)
  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ဟင်္သာတ)

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း  

  • ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်အခြေပြု အဝေးပြေး ပို့ဆောင်ရေး၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့တွင်း ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် အောက်ဖော်ပြပါ ဌာနခွဲ(၅)ခုကို ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည် -
    • ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၅) ( မြောက်ဥက္ကလာ )
    • ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၈) ( ဗိုလ်တထောင် )
    • ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၉) ( ထောက်ကြန့် )
    • ခရီးသည်ပို့ဆောင်ရေးဌာနခွဲ(မန္တလေး)
    • ခရီးသည်ပို့ဆောင်ရေးဌာနခွဲ(မော်လမြိုင်)

အငှားယာဉ်ပို့ဆောင်ရေးလုပ်ငန်း   

  • ရန်ကုန်မြို့တွင်း အငှားယာဉ်ဖြင့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ကုန်းလမ်းပို့ဆောင်ရေးသည် ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ၌ ဖြတ်သန်းလာခဲ့သော ကာလတစ်လျောက်နှင့် ယနေ့အချိန်အထိ အောက်ပါပို့ဆောင်ရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်-

  • နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် ပို့ဆောင်ပေးခြင်း၊
  • နိုင်ငံတော်စီမံကိန်းလုပ်ငန်းများပို့ဆောင်ပေးခြင်း၊    
  • နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အခမ်းအနားများအတွက် ပို့ဆောင်ပေးခြင်း၊
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပို့ဆောင်ပေးခြင်း၊
  • တက္ကသိုလ်ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများအား ပို့ဆောင်ပေးခြင်း၊  
  • ဗဟိုဝန်ထမ်းတက္ကသိုလ်(‌အောက်မြန်မာပြည်)နှင့်(အထက်မြန်မာပြည်)သင်တန်းများ သို့ တက်ရောက်သော သင်တန်းသား များအား ကြို/ပို့ဆောင်ရွက်ပေးခြင်း၊
  • ဝန်ကြီးဌာနကိစ္စရပ်များအတွက် ပို့ဆောင်ပေးခြင်း၊ 
  • သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စရပ်များအတွက် ပို့ဆောင်ပေးခြင်း၊
  • ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ပို့ဆောင်ပေးခြင်း။

ယာဉ်မောင်းသင်တန်းများ        

  • ရန်ကုန်တိုင်းဒေသကြီး         -        အခြေစိုက်အလုပ်ရုံ(၁)၊(၂)(၃)၊ ကုန်စည်ဌာနခွဲ(ရန်ကုန်)
  • နေပြည်တော်                      -        အင်ဂျင်နီယာဌာန(ရွာတော်)
  • မန္တလေးတိုင်းဒေသကြီး        -        အခြေစိုက်အလုပ်ရုံ(၄)မန္တလေး၊ ကုန်စည်ဌာနခွဲ(မိတ္ထီလာ)
  • မွန်ပြည်နယ်                       -        ခရီးသည်ပို့ဆောင်ရေး ဌာနခွဲ (မော်လမြိုင်)
  • ရှမ်းပြည်နယ်                     -        ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (တောင်ကြီး၊ လားရှိုး)
  • မကွေးတိုင်း                       -        ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မကွေး၊ ပခုက္ကူ)
  • ပဲခူးတိုင်း                          -        ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (ပြည်)(တောင်ငူ)
  • ကယားပြည်နယ်                -        ကုန်စည်ပို့ဆောင်ရေးစခန်း(လွိုင်ကော်)
  • ဧရာဝတီတိုင်းဒေသကြီး        -        ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ဟင်္သာတ ၊ ကန်ကြီးထောင့်)
  • စစ်ကိုင်းတိုင်းဒေသကြီး        -        ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရွှေဘို)
  • ရခိုင်ပြည်နယ်                     -        ကုန်စည်ပို့ဆောင်ရေးစခန်း(သံတွဲ)
  • ကရင်ပြည်နယ်                   -        ကုန်စည်ပို့ဆောင်ရေးစခန်း(ဘားအံ)

ဆိုင်ကယ်စီးနင်းသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးသင်တန်း   

  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မန္တလေး)တွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

ယာဉ်ပြင်ဆင်ရေးသင်တန်းများ

  • ရန်ကုန်မြို့               -        အခြေစိုက်အလုပ်ရုံ အမှတ်(၁)၊ (၃)
  • မန္တလေးမြို့              -        အခြေစိုက်အလုပ်ရုံ အမှတ်(၄)

ကုန်းလမ်းပို့ဆောင်ရေးနှင့်အကျိုးတူလုပ်ငန်းဆောင်ရွက်မှု

  • ပြည်ပကုမ္ပဏီ (JV)

    • Myanmar Sunchang Transport။         စက်ယန္တရားများ၊ ခရီးသည် ပို့ဆောင်ရေး ယာဉ်များ၊ စက်ကရိယာ များတင်ပို့/သွင်းခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ အရန် ပစ္စည်းများရောင်းချခြင်း၊ ကုန်ပစ္စည်း သယ်ယူ ခြင်းနှင့် သိုလှောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊                                                         
    • CJ Korea Express RT Myanmar ။       ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်း (Freight Forwarding)၊ Third Party Logistics(3PL)
  • ပြည်တွင်းကုမ္ပဏီ (JV)

    • Forever Green Road Transport ။          ရန်ကုန်မြို့တွင်းနှင့် အဝေးပြေး ခရီးသည် ပို့ဆောင်ခြင်းလုပ်ငန်း
    • စန်းရောင်နီကုန်းလမ်းပို့ဆောင်ရေး ။           ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ခြင်း လုပ်ငန်း

ကုန်းလမ်းပို့ဆောင်ရေး၏ အနာဂတ်ရည်မှန်းချက်

  • AEC ၏ ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ အောက်ပါ အခန်းကဏ္ဍ(၅)ရပ်ကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်-

    • Passenger Transportation
    • Freight Transportation
    • Rental of commercial vehicles with operator
    • Maintenance and repair of road transport equipment
    • Supporting services for road transport services

  • HRD ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ယာဉ်မောင်း၊ ယာဉ်ပြင်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန်။


  • Road Safety အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေး သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်။


  • ကုန်းလမ်းပို့ဆောင်ရေးအခန်းကဏ္ဍမှ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက် ပြီး အများပိုင်ပို့ဆောင်ရေးစနစ်သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။


  • နေပြည်တော်ဗဟိုပြုပြီး ခေတ်မီယာဉ်သစ်များဖြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရန်။


  • ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်(BRT)။


  • စွမ်းအင်ချွေတာနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသော Electric Bus  Transportation သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။


ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး အနေဖြင့် ဌာနများ၏ ကြိုးပမ်းအားထုတ်မှု၊ ကုန်းလမ်းပို့ဆောင်ရေးနှင့်ဆိုင်သော ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှု ပြည်တွင်း၊ ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများ ရရှိမှု၊ နိုင်ငံတော်အစိုးရပိုင်းမှ ထောက်ပံ့ကူညီပေးမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အားပေးကူညီမှု၊ ကျွမ်းကျင်သူပညာရှင်များ၏ အတွေ့အကြုံ၊ အကြံဉာဏ် နှင့် လုပ်ငန်းစနစ်များ ရရှိမှု၊ ပတ်ဝန်းကျင်နိုင်ငံများ၏ အတွေ့အကြုံဗဟုသုတနှင့် နည်းပညာရရှိမှု၊ ပြည်သူလူထု၏ စည်းကမ်းတကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် စီမံဆောင်ရွက်လျက်ရှိပါသည်။


 

ကုန်းလမ်းပို့ဆောင်ရေး ခရီးသည်ပို့ဆောင်ရေးယာဉ်များ

 

 


ကုန်းလမ်းပို့ဆောင်ရေး ကုန်စည်ပို့ဆောင်ရေးယာဉ်များ

    


ကုန်းလမ်းပို့ဆောင်ရေး ယာဉ်မောင်းသင်တန်းသုံးယာဉ်များ

    


ကုန်းလမ်းပို့ဆောင်ရေး နှင့် အကျိုးတူဆောင်ရွက်မှု မှတ်တမ်းပုံများ