ကုန်းလမ်းပို့ဆောင်ရေး-ဖွဲ့စည်းပုံ

ကုန်းလမ်းပို့ဆောင်ရေး၏ ဖွဲ့စည်းပုံ

ကုန်းလမ်းပို့ဆောင်ရေး ဖွဲ့စည်းပုံ

 


ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ဖွဲ့စည်းပုံနှင့် ခွင့်ပြုအင်အား ဘောင်အတွင်း၌ ဌာနအသီးသီးကို ဖွဲ့စည်းကာ ဦးဆောင်စီမံကွပ်ကဲဆောင်ရွက်လျက်ရှိပါသည်။ ထိုနည်းတူ အထွေထွေမန်နေဂျာနှင့် ဒု-အထွေထွေမန်နေဂျာ တို့သည် ဌာနအသီးသီးမှ တင်ပြသော ဌာနဆိုင်ရာ လုပ်ငန်းကိစ္စအရပ်ရပ်ကို စိစစ်သုံးသပ်၍ အရေးယူ ဆောင်ရွက်ဖွယ်ရာများကို ဦးဆောင် ညွှန်ကြားရေးမှူးအား တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်ကြပါသည်။


ကုန်းလမ်းပို့ဆောင်ရေးတွင် ဖွဲ့စည်းထားရှိသော အောက်ပါဌာနအသီးသီးကို ဌာနမှူးများမှ ဦးဆောင်၍ ယှဉ်တွဲပါတာဝန်များကို ဦးဆောင်ညွှန်ကြားရေးမှူးအား တာဝန်ခံ ဆောင်ရွက်ကြပါသည် -

စဉ်

ဌာန

တာဝန်ခံ

လုပ်ငန်းတာဝန်

(က)

အင်ဂျင်နီယာဌာန

အင်ဂျင်နီယာချုပ်

ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊

( ခ)

ငွေစာရင်းဌာန

ဒုတိယအထွေထွေ မန်နေဂျာ(စာရင်း)

ငွေကြေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊

( ဂ)

ဖွဲ့စည်းနှင့်စီမံရေးရာ ဌာန

ဌာနမှူး

စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးလုပ်ငန်းတာဝန် များ၊

(ဃ)

လုပ်သားရေးရာ ဌာန

ဌာနမှူး

ဝန်ထမ်းရေးရာ လုပ်ငန်းတာဝန်များ၊

( င)

ပစ္စည်းဝယ်ယူ/သိုလှောင်ရေးဌာန

ဌာနမှူး

ပစ္စည်းဝယ်ယူသိုလှောင်ရေး လုပ်ငန်းတာဝန် များ၊

( စ)

စာရင်းအင်းဌာန

ဌာနမှူး

ပို့ဆောင်ရေးဆိုင်ရာစာရင်းအင်းများပြုစုခြင်း၊

(ဆ)

ကုန်စည်ပို့ဆောင်ရေးဌာန

ဌာနမှူး

ကုန်စည်ပစ္စည်းများ ပို့ဆောင်ခြင်း၊

( ဇ)

ခရီးသည်ပို့ဆောင်ရေးဌာန

ဌာနမှူး

ခရီးသည်များ ပို့ဆောင်ခြင်း၊

(ဈ)

အငှားယာဉ်ဌာန

ဌာနမှူး

ယာဉ်ငယ်များဖြင့် ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ခြင်း၊