ကုန်းလမ်းပို့ဆောင်ရေး-လုပ်ငန်းစဉ်များ

ကုန်းလမ်းပို့ဆောင်ရေး၏ လုပ်ငန်းစဉ်များ

ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းစဉ်များ

ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် −

  • အဆင့်မီသော ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာအောင် စီမံဆောင်ရွက်ရန်၊
  • ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများမှ ဝင်ငွေရရှိနိုင်ရေး ဆောင်ရွက်ရန်၊
  • ပို့ဆောင်ရေးကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်။

ဌာနအလိုက်လုပ်ငန်းတာဝန်များ

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း   

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် အောက်ပါ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (၁၀)ခုဖွင့်လှစ်၍ လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည် -

(၁) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မန္တလေး)

(၂) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(တောင်ကြီး)

(၃) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရန်ကုန်)

(၄) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မိတ္ထီလာ)

(၅) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ပြည်)

(၆) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ပခုက္ကူ)

(၇) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မကွေး)

(၈) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရွှေဘို)

(၉) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မော်လမြိုင်)

(၁၀) ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ဟင်္သာတ)

 

ကုန်စည်ပို့ဆောင်ရေးယာဉ်များ

 

car


ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း  

ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်အခြေပြု အဝေးပြေးပို့ဆောင်ရေး၊ မန္တလေးမြို့နှင့် မော်လမြိုင် မြို့တွင်း ပို့ဆောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါ ဌာနခွဲ(၅)ခုကို ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည် -

(၁) ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၅) ( မြောက်ဥက္ကလာ )

(၂) ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၈) ( ဗိုလ်တထောင် )

(၃) ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၉) ( မြောက်ဒဂုံ )

(၄) ခရီးသည်ပို့ဆောင်ရေးဌာနခွဲ (မန္တလေး)

(၅) ခရီးသည်ပို့ဆောင်ရေးဌာနခွဲ (မော်လမြိုင်)

 

ခရီးသည်ပို့ဆောင်ရေးယာဉ်များ

B1

 

B2


အငှားယာဉ်ပို့ဆောင်ရေးလုပ်ငန်း   

အငှားယာဉ်ဌာနမှ ဆောင်ရွက်နေသာ လုပ်ငန်းများ

၁။ ကုန်းလမ်းပို့ဆောင်ရေးရှိ ယာဉ်မောင်းသင်တန်းကျောင်းများအတွက် လိုအပ်သော အမောင်းသင်ယာဉ်များ ငှားရမ်းပေးခြင်း။

၂။  အငှားယာဉ်ဌာနမှ ယာဉ်မောင်းများဖြင့် မြို့တွင်း၊ နယ်ဝေးခရီးသွားများအတွက် သက်သာ သော နှုန်းထားဖြင့် ပို့ဆောင်ပေးခြင်း။

၃။  ပုဂ္ဂလိကသို့ လပြတ်၊ နှစ်ချုပ်စနစ်ဖြင့် မော်တော်ယာဉ်များအား သက်သာသော နှုန်းထားဖြင့် ငှားရမ်းပေးခြင်း။

၄။  မိသားစုအပန်းဖြေခရီးများ၊ ဘုရားဖူးခရီးစဉ်များအတွက် သက်သာသော နှုန်းထားဖြင့် ယာဉ်စီးလုံးငှား ဆောင်ရွက်ပေးခြင်းများကိုလုပ်ဆောင်လျက်ရှိပါသည်။

 

အငှားယာဉ်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသော ယာဉ်များ

 

t1

 

t2


ကုန်းလမ်းပို့ဆောင်ရေးသည် ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ၌ ဖြတ်သန်းလာခဲ့သော ကာလတစ်လျောက်နှင့် ယနေ့အချိန်အထိ အောက်ပါပို့ဆောင်ရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်-

  • နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် ပို့ဆောင်ပေးခြင်း၊
  • နိုင်ငံတော်စီမံကိန်းလုပ်ငန်းများပို့ဆောင်ပေးခြင်း၊    
  • နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အခမ်းအနားများအတွက် ပို့ဆောင်ပေးခြင်း၊
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပို့ဆောင်ပေးခြင်း၊
  • တက္ကသိုလ်ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများအား ပို့ဆောင်ပေးခြင်း၊  
  • ဗဟိုဝန်ထမ်းတက္ကသိုလ်(‌အောက်မြန်မာပြည်)နှင့်(အထက်မြန်မာပြည်)သင်တန်းများ သို့ တက်ရောက်သော သင်တန်းသား များအား ကြို/ပို့ဆောင်ရွက်ပေးခြင်း၊
  • ဝန်ကြီးဌာနကိစ္စရပ်များအတွက် ပို့ဆောင်ပေးခြင်း၊ 
  • သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စရပ်များအတွက် ပို့ဆောင်ပေးခြင်း၊
  • ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ပို့ဆောင်ပေးခြင်း။

ယာဉ်မောင်းသင်တန်းများ

 

  • ရန်ကုန်တိုင်းဒေသကြီး     -  အခြေစိုက်အလုပ်ရုံ(၁)၊ (၃)
  • နေပြည်တော်                  -  အင်ဂျင်နီယာဌာန(ရွာတော်)
  • မန္တလေးတိုင်းဒေသကြီး    -  အခြေစိုက်အလုပ်ရုံ(၄)မန္တလေး၊ ကုန်စည်ဌာနခွဲ(မိတ္ထီလာ)
  • မွန်ပြည်နယ်                   -  ခရီးသည်ပို့ဆောင်ရေးဌာနခွဲ (မော်လမြိုင်)
  • ရှမ်းပြည်နယ်                  -  ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (တောင်ကြီး၊ လားရှိုး)
  • မကွေးတိုင်း                    -  ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မကွေး၊ ပခုက္ကူ)
  • ပဲခူးတိုင်း                        -ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (ပြည်)(တောင်ငူ)
  • ကယားပြည်နယ်             -  ကုန်စည်ပို့ဆောင်ရေးစခန်း(လွိုင်ကော်)
  • ဧရာဝတီတိုင်းဒေသကြီး   -  ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ဟင်္သာတ ၊ ကန်ကြီးထောင့်)
  • စစ်ကိုင်းတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရွှေဘို)
  • ရခိုင်ပြည်နယ်                 -  ကုန်စည်ပို့ဆောင်ရေးစခန်း(သံတွဲ)
  • ကရင်ပြည်နယ်                -  ကုန်စည်ပို့ဆောင်ရေးစခန်း(ဘားအံ)
  • ယာဉ်ကြီးမောင်းသင်တန်း -  အင်ဂျင်နီယာဌာန(ရွာတော်)
  • YBS အထူးခရီးသည်တင်ယာဉ်မောင်းသင်တန်းကို ခရီးသည်ပို့ဆောင်ရေးဌာနခွဲအမှတ်(၅)၊ ရန်ကုန်၌ ဖွင့်လှစ်ဆောင်ရွက်ထားရှိပါသည်။

ဆိုင်ကယ်စီးနင်းသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးသင်တန်း   

 

  • ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (မန္တလေး) နှင့် ကုန်စည်ပို့ဆောင်ရေးစခန်း (လားရှိုး) တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ယာဉ်ပြင်ဆင်ရေးသင်တန်းများ

 

  • ရန်ကုန်မြို့   -  အခြေစိုက်အလုပ်ရုံအမှတ်(၁)၊ အခြေစိုက်အလုပ်ရုံအမှတ်(၃)
  • မန္တလေးမြို့  -  အခြေစိုက်အလုပ်ရုံအမှတ်(၄)

 

ယာဉ်မောင်းသင်တန်းကျောင်းတွင် အသုံးပြုသော ယာဉ်ငယ်များ

 

Tr1

 

Tr2

ယာဉ်ကြီးမောင်းသင်တန်းတွင် အသုံးပြုသော ယာဉ်များ

TRR3

 

YBS အထူးခရီးသည်တင်ယာဉ်မောင်းသင်တန်း

 

tr4


ကုန်းလမ်းပို့ဆောင်ရေးနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသည့် (JV) ကုမ္ပဏီများ

ပြည်ပကုမ္ပဏီ (JV)

Myanmar Sunchang Transport Co., Ltd

  • စက်ယန္တရားများ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ စက်ကိရိယာများ တင်ပို့/သွင်းခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အရန်ပစ္စည်းများရောင်းချခြင်း၊ ကုန်ပစ္စည်း သယ်ယူခြင်း နှင့် သိုလှောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း

CJ Logistics RT Myanmar Co., Ltd

  • ကုန်ပစ္စည်းသိုလှောင်ခြင်း (Warehouse)၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း (Logistics)

 

ပြည်တွင်းကုမ္ပဏီ (JV)

 

အမြဲစိမ်းကုန်းလမ်းပို့ဆောင်ရေးကုမ္ပဏီလီမိတက်        

  • ရန်ကုန်မြို့တွင်းနှင့် အဝေးပြေး ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း

 

စန်းရောင်နီကုန်းလမ်းပို့ဆောင်ရေးကုမ္ပဏီလီမိတက်        

 

  • ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ယာဉ်ပြင်ဆင်ရေးလုပ်ငန်းနှင့် Commercial & Office Building