သင်္ဘောသားများအ၀င် သတင်းပို့လျှောက်ထားခြင်း

၀န်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

သင်္ဘောသားများသည် သင်္ဘောပေါ်သို့ သွားရောက်တာ၀န် ထမ်းဆောင်ပြီးနောက် ပြန်လည်ရောက်ရှိလာသည့်အခါ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲ အ၀င်သတင်း ပို့လျှောက်ထားရန်လိုအပ်ပါသည်။ ထိုသို့ လျှောက်ထားရန်အတွက်

(က)     DMA မှ အထွက်သတင်းပို့စဉ် ထုတ်ပေးထားသည့်                  Testimonial  (မူရင်း) ၊        

(ခ)       DMA မှ သတင်းပို့လျှောက်လွှာ ၊

(ဂ)       COC မိတ္တူ ၊ CDC မိတ္တူ ၊ Passport  မိတ္တူ၊

(ဃ)      D/R (or) Sea Service ရှိသူဖြစ်ပါက (၁၀) တန်းအောင် လက်မှတ်မိတ္တူတို့နှင့်တကွ ပြန်ရောက်ပြီး (၁)လ အတွင်းလူ ကိုယ်တိုင် သတင်းပေးပို့ရန်လိုအပ်ပါသည်။

၀န်ဆောင်ခ

မရှိပါ။   

လိုအပ်သောစာရွက် စာတမ်းများ

  • သင်္ဘောသားများ( Crew )ဖြစ်ပါက (၁၀)တန်းအောင်လက်မှတ် (မူရင်း၊ မိတ္တူ) ၊ COP (မူရင်း၊ မိတ္တူ)  ၊ CDC (မူရင်း၊ မိတ္တူ)  ၊ Passport  (မူရင်း ၊ မိတ္တူ)  တို့ ပူးတွဲ တင်ပြရမည်။
  • သင်္ဘောသား(အရာရှိ)ဖြစ်ပါက COC (မူရင်း၊ မိတ္တူ) ၊ CDC (မူရင်း၊ မိတ္တူ) ၊ Passport  မိတ္တူတို့ ပူးတွဲ တင်ပြရန် ၊
  • MMU ၊   MMMC     ကျောင်းဆင်းများ ( DC )    ဖြစ်ပါက ကျောင်းဆင်းလက်မှတ် ၊ MOA ၊ Training Record Book  ၊ COP (မူရင်း၊  မိတ္တူ)  ၊ CDC (မူရင်း၊ မိတ္တူ)  ၊ Passport  (မူရင်း ၊ မိတ္တူ)  တို့ ပူးတွဲတင်ပြရမည်။

လျှောက်ထားရန် အဆင့်များ

အဆင့်(၁)

DMA ရုံး မှ အ၀င်သတင်းပို့ လျှောက်လွှာ (၂) စောင် ၀ယ်ယူပြီး ဒေသခံကုမ္ပဏီ၏ တံဆိပ်တုံးနှင့်ဒါရိုက်တာ၏လက်မှတ် ရေးထိုးရန်နှင့် Testimonial ပေါ်တွင်လည်း ဒေသခံကုမ္ပဏီ၏ တံဆိပ်တုံးနှင့် ဒါရိုက်တာ၏ လက်မှတ်ရေးထိုးပြီး DMA ရုံး-ရေကြောင်းဌာနခွဲ (သင်တန်းဌာနစိတ်) သို့ လူကိုယ်တိုင် သတင်းပို့ လျှောက်ထားရန်လိုအပ်ပါသည်။

အဆင့်(၂)

ရေကြောင်းဌာနခွဲ တာ၀န်ခံအရာရှိထံသို့ သင်္ဘောသားမှ လိုအပ်သည့် စာရွက်စာတမ်းများနှင့်တကွ လူကိုယ်တိုင် လာရောက်၍ သတင်းပို့ရမည်။ အထောက်အထားများ ပြည့်စုံမှန်ကန်ပါက တာ၀န်ခံ အရာရှိမှ စစ်ဆေးအတည်ပြုပြီး Testimonial  အား (၁)ပတ်အတွင်း သင်္ဘောသားသို့ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

ဆက်သွယ်ရမည့် လိပ်စာ

ရန်ကုန်

DMA (ဒေါပုံသင်္ဘောကျင်း) ၊ ရေကြောင်းဌာနခွဲ ၊ဒေါပုံမြို့နယ် ။

၀န်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

ရန်ကုန်

ဒေါပုံသင်္ဘောကျင်း ၊ ရေကြောင်းဌာနခွဲ ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန။

Website လိပ်စာ

www.dma.gov.mm