ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ လုပ်ငန်းစဉ်များ

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မူဝါဒ

၁။    သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူများ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု မရှိစေရေးအတွက် ထိရောက်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်

၂။    ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သုတေသန စာတမ်းများ ပြုစုထုတ်ဝေရေး ဆောင်ရွက်ရန်

၃။    မြေငလျင်ကြောကြီးများ၏ ရွေ့လျားမှုနှင့် မြေငလျင် လှုပ်ရှားမှုများကို သတင်းထုတ်ပြန် နိုင်ရေးနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဆူနာမီ ရေလှိုင်းကြီးများ ဝင်ရောက်လာမှု ကြိုတင် ခန့်မှန်းနိုင်ရန်

၄။    မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ၏ မြစ်ရေကြီးခြင်း၊ သတိပေးချက်များနှင့် မြစ်ရေ အခြေအနေ သတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်

 

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်

၁။    သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး

၂။    ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး

၃။    နိုင်ငံတော်၏ စားနပ်ရိက္ခာထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် အထောက်အကူပြုရေး

၄။    နိုင်ငံတော်၏ အထူးစီမံကိန်းနှင့် လုပ်ငန်းကြီးများအတွက် အထိရောက်ဆုံး အထောက်အကူ ပြုရေး

၅။    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတပစ္စည်းများ ကာလကြာရှည်စွာ ထုတ်ယူ အသုံးပြုရေး

၆။    ဌာန၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး

 

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲများ

ဇလဗေဒဌာနခွဲ

၁။      ဇလဗေဒဌာနခွဲသည် ၁၉၆၆ ခုနှစ်မှစတင်၍ မြစ်ရေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နေ့စဉ် မြစ်ရေခန့်မှန်းချက်များ ထုတ်ပြန်ပေးခြင်း၊ မြစ်ရေကြီးခြင်း သတိပေးချက် နှင့် အခြေအနေသတင်း ထုတ်ပြန်ချက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး၍ ဇလဗေဒ ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးကို ကာကွယ်ပေးလျက် ရှိပါသည်။

၂။      မြန်မာနိုင်ငံ၏ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဌဝတီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်နှင့် လေးမြို့ မြစ်တို့ရှိ စခန်းပေါင်း (၄၁) စခန်းအတွက် နေ့စဉ်မြစ်ရေခန့်မှန်းချက်၊ သတိပေးချက်နှင့် မြစ်ရေ အခြေအနေသတင်းများကို ထုတ်ပြန်ပေးလျက် ရှိပါသည်။

ဇလဗေဒတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေ

          ဇလဗေဒဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

          (က)    ဇလဗေဒစခန်း (၃၀) စခန်း

          (ခ )    မိုးလေ၀သနှင့်ဇလဗေဒစခန်း (၃၉) စခန်း

ဇလဗေဒဆိုင်ရာတိုင်းတာချက်များ

          (က)    မြစ်ရေမှတ် တစ်နေ့ (၃)ကြိမ်

          (ခ )    ရေငွေ့ပျံနှုန်း တစ်နေ့ (၁)ကြိမ်

          (ဂ )    မြစ်ရေအပူချိန် တစ်နေ့ (၃)ကြိမ်

          (ဃ)    ရေစီးနှုန်း (နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (င )    မြစ်ရေထုထည်စီးနှုန်း(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (စ )    သဲနုန်းထုထည်စီးနှုန်း(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (ဆ)    မြစ်အောက်ခြေ ကန့်လန့်ဖြတ်ပုံစံ(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

 

မြေငလျင်ဌာနခွဲ

၁။      မြန်မာနိုင်ငံ၏ မြေငလျင်တိုင်းတာရေးလုပ်ငန်းအတွက် Willmore Springnether မြေငလျင်တိုင်းကိရိယာကို ရန်ကုန်(ကမ္ဘာအေး)၌ ၁၉၆၁-၆၂ ခုနှစ်တွင်လည်းကောင်း၊ ၁၉၆၅-၆၆ ခုနှစ်တွင် မန္တလေးမြေငလျင်စခန်းကို ဖွင့်လှစ်၍ မြေငလျင်တိုင်းတာရေးနှင့် မြေငလျင်သတင်း ထုတ်ပြန်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပြီး၊ မြေငလျင်လှုပ်ရှားမှုကို အချိန်နှင့်တစ်ပြေးညီ မြင်တွေ့နိုင်သည့်စနစ်ကို အသုံးပြုနိုင်သော မြေငလျင်တိုင်းတာရေးစက်များကို ၁၉၇၇ ခုနှစ်တွင် ရန်ကုန် (ကမ္ဘာအေး)၌ Long Period နှင့် Short Period အမျိုးအစား မြေငလျင်တိုင်း ကိရိယာများကို တိုးချဲ့တပ်ဆင်ခဲ့ပြီး၊ မန္တလေးမြို့တွင် Short Period အမျိုးအစား မြေငလျင်တိုင်း ကိရိယာများကို တိုးချဲ့တပ်ဆင်ခဲ့ပါသည်။

၂။      မြေငလျင်ဌာနခွဲသည် မြေငလျင်တိုင်းစခန်းများ ဖွင့်လှစ်ခြင်း၊ မြေငလျင်တိုင်းစက်များ တပ်ဆင်ခြင်း၊ မြေငလျင်တိုင်းစခန်းများမှ (၂၄)နာရီအချိန်ပြည့် တိုင်းတာချက် မှတ်တမ်းများကို လက်ခံရယူခြင်း၊ မြေငလျင်သတင်း ထုတ်ပြန်ပေးခြင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်း၊ မြေငလျင်အန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ မြေငလျင်တိုင်းစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်-

          (က)    မြေငလျင်တိုင်းစခန်း (Analog)                                   (၂) စခန်း

                   (ရန်ကုန်၊ မန္တလေး)

          (ခ )    အင်အားပြင်းမြေငလျင်တိုင်းစခန်း                                 (၁၁) စခန်း

                   (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပြည်

                   မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ ညောင်ဦး၊ ပဲခူး၊ ပုသိမ်)

          (ဂ )    လှိုင်းခွင်ကျယ်မြေငလျင်တိုင်းစခန်း                               (၁၂) စခန်း

                   (ရန်ကုန်၊ မန္တလေး၊ တမူး၊ ဟားခါး၊ ကျိုင်းတုံ၊

                   မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ

                   စစ်တွေ၊ ထားဝယ်)

 

မိုးလေ၀သဌာနခွဲ

၁။      မိုးလေ၀သဌာနခွဲသည် မိုးလေ၀သဆိုင်ရာ ခန့်မှန်းချက်၊ သတိပေးချက်များကို ကြိုတင်ပြီး အချိန်မီထုတ်ပြန်ပေး၍ ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံတော်အဖွဲ့အစည်းများနှင့် လုပ်ငန်းများ အတွက် မိုးလေ၀သဆိုင်ရာသဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးလျက် ရှိပါသည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ တည်ဆောက်ရေး၊ စက်မှုလုပ်ငန်းစသည့် ကဏ္ဍအသီးသီး၏ စီမံကိန်းများနှင့် နေ့စဉ်လည်ပတ်မှု လုပ်ငန်းများအတွက် လိုအပ်သော မှတ်တမ်းများ၊ ခန့်မှန်းချက်များ၊ စူးစမ်းလေ့လာချက်များ၊ အကြံပြုချက်များနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။      မိုးလေ၀သအချက်အလက်တိုင်းထွာရေးစခန်းများမှ ပေးပို့သော မှတ်တမ်း အချက်အလက် များကို လက်ခံရယူပြီး သေချာစွာစိစစ်ခြင်း၊ မိုးလေ၀သမြေပုံပေါ်တွင် ထည့်သွင်း ရေးဆွဲခြင်း၊ ဂြိုဟ်တုတိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ တိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ Global Telecommunication System (GTS) ဆက်သွယ်ရေးလမ်းကြောင်းမှ ပေးပို့သော အိမ်နီးချင်း နိုင်ငံများ၏ မိုးလေ၀သအချက်အလက်များကို လက်ခံရယူ၍ ဆန်းစစ်လေ့လာ၍ အချက်အလက် ဖလှယ်ခြင်းများကို ဆောင်ရွက်ရပါသည်။ ရရှိလာသော မိုးလေ၀သအချက်အလက်များကို လက်ရှိ မိုးလေ၀သအခြေအနေနှင့် ယှဉ်တွဲလေ့လာလျက် ခန့်မှန်းချက်/ သတိပေးချက်များ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

မိုးလေ၀သတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

          (က)    မိုးလေ၀သစခန်း                                                       (၆၃) စခန်း

          (ခ )    မိုးလေ၀သနှင့်ဇလဗေဒစခန်း                                        (၃၉) စခန်း

          (ဂ )    စိုက်ပျိုးရေးမိုးလေ၀သစခန်း                                        (၁၇) စခန်း

          (ဃ)    လေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံး                             (၈) ရုံး

          (င )    အလိုအလျောက်မိုးလေ၀သတိုင်းတာရေးစခန်း                 (၃၇) စခန်း

          (စ )    ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတိုင်းတာခြင်း                (၃) စခန်း

 

စိုက်ပျိုးရေးမိုးလေ၀သဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်

၁။      နိုင်ငံအတွင်း စိုက်ပျိုးရေးမိုးလေ၀သစခန်း (၁၇)စခန်း ဖွင့်လှစ်ထားရှိရာ စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ အချက်အလက်တိုင်းတာချက်များ ရယူခြင်း၊ စိစစ်ခြင်း၊ သုတေသနပြုခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး၊ လစဉ်စိုက်ပျိုးရေးမိုးလေ၀သစာစောင်ကို ၁၉၉၃ ခုနှစ် ဇွန်လမှစတင်၍ တစ်လလျှင် (၃)ကြိမ် ပြုစုထုတ်ဝေလျက် ရှိပါသည်။

၂။      စိုက်ပျိုးရေးစီမံကိန်းများတွင် လိုအပ်နေသော စိုက်ပျိုးသီးနှံ အမျိုးအစား ရွေးချယ်မှု၊ စိုက်ပျိုးသီးနှံ သက်တမ်းရွေးချယ်မှု၊ စိုက်ချိန် ပျိုးချိန် နှုတ်ချိန် သတ်မှတ်မှု၊ သီးနှံရာသီဥတု ပြက္ခဒိန် (Crop Weather Calendar) ရေးဆွဲမှု၊ Agrometeorological Advisory for Monywa and Nyaung Oo ကို အပတ်စဉ်ထုတ်ပြန်ပေးခြင်း၊ Famer Channel အတွက် အပတ်စဉ်သတင်းများ ထုတ်ပြန်ပေးခြင်း၊ သီးနှံပိုးမွှား ကျရောက်မှုဘေးမှ ကာကွယ်မှု၊ ဆည်ရေပေးဝေရေးဆိုင်ရာ စီမံကိန်းများ ချမှတ်နိုင်မှု စသည်တို့အတွက် လိုအပ်သော မိုးလေ၀သနှင့် ဇလဗေဒ၊ စိုက်ပျိုးရေး မိုးလေ၀သဆိုင်ရာ ရာသီဥတု အချက်အလက်များ ပံ့ပိုးပေးလျက် ရှိပါသည်။

 

လေကြောင်းမိုးလေ၀သဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁။      လေကြောင်းမိုးလေ၀သဌာနခွဲသည် လေကြောင်းမိုးလေ၀သဆိုင်ရာ တိုင်းထွာချက်များ တိုင်းတာရယူခြင်း၊ လေကြောင်းခရီးစဉ်များအတွက် ခန့်မှန်းချက်များ ထုတ်ပြန်ပေးခြင်းကို (၂၄) နာရီ အချိန်ပြည့် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်-

          လေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံး                                      (၈)ရုံး

          (နေပြည်တော်လေဆိပ်၊ ရန်ကုန်လေဆိပ်၊ မှော်ဘီလေတပ်စခန်း၊

          မိတ္ထီလာလေတပ်စခန်း၊ မန္တလေးလေဆိပ်၊ မြစ်ကြီးနားလေတပ်၊

          တောင်ငူလေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း)

၂။      နေ့စဉ်ပြည်တွင်း/ပြည်ပ ပျံသန်းနေသော ခရီးသည်တင်လေယာဉ်များနှင့် တပ်မတော် လေယာဉ်များအတွက် လေကြောင်းခရီးစဉ်တစ်လျှောက် ခန့်မှန်းချက်များ ထုတ်ပြန်ပေးခြင်း၊ လေဆိပ်အသီးသီး၏ မိုးလေ၀သအခြေအနေများကို ထုတ်ပြန်ပေးခြင်းများအပြင် အထူး လေကြောင်းခရီးစဉ်များအတွက် လိုအပ်သော မိုးလေ၀သခန့်မှန်းချက်များကို ထုတ်ပြန်ပေးပါသည်။ အချို့လေဆိပ်များတွင် လေကြောင်းမိုးလေ၀သစခန်းများ မရှိသောကြောင့် မိုးလေ၀သစခန်းများမှ မိုးလေ၀သခန့်မှန်းချက်များကို ထုတ်ပြန်ပေးရပါသည်။

၃။      လေကြောင်းသိပ္ပံနှင့် လေတပ်စခန်းဌာနချုပ်များတွင် လေယာဉ်မှူးများအတွက် လေကြောင်း မိုးလေ၀သဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ လေကြောင်းထိန်းရုံးဝန်ထမ်းများအား လေကြောင်းမိုးလေ၀သဆိုင်ရာ သင်တန်းများပို့ချပေးခြင်းနှင့် လေကြောင်း မတော်တဆဖြစ်မှုများ ရှိသည့်အခါ မိုးလေ၀သအခြေအနေများ ရှင်းလင်းပြောကြားခြင်းနှင့် အစီရင်ခံစာ ပြုစုပေးခြင်း ကိုလည်း ဆောင်ရွက်ပေးပါသည်။

 

အဏ္ဏဝါ/ရေဒါမိုးလေ၀သဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁။      ရေဒါမိုးလေ၀သစခန်းများဖြစ်သည့် ကျောက်ဖြူ၊ ရန်ကုန်ရေဒါစခန်းတို့မှ တိုင်းထွာချက် မှတ်တမ်းများ ပုံမှန်ရရှိရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် အခြေအနေတိုင်း စခန်းများမှ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် မှတ်တမ်းများကို တစ်လစာ စုဆောင်း၍ (၃)လအတွက် ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် ခန့်မှန်း တွက်ချက်ခြင်း၊ အလိုအလျောက် မိုးလေ၀သတိုင်းတာရေးစခန်း (၃၀) မှ မှတ်တမ်းများကို Manual Observation Data များဖြင့် နှိုင်းယှဉ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါသည်။

          (က)    မိုးလေ၀သရေဒါစခန်း                                                (၃)စခန်း

                   (ရန်ကုန်၊ ကျောက်ဖြူ၊ မန္တလေး)

          (ခ )    ပင်လယ်ရေမျက်နှာပြင် အခြေအနေတိုင်းစခန်း                 (၆)စခန်း

 

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ

          လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါသည်-

  • World Meteorological Organization – WMO
  • WMO Regional Association II – WMO/RAII
  • National Meteorological and Hydrological Services – NMHSs (WMO members)
  • United Nations Framework Convention on Climate Change – UNFCCC
  • Intergovernmental Panel on Climate Change – IPCC
  • WMO/ESCAP Panel on Tropical Cyclone – PTC
  • International Hydrological Programme – IHP
  • United Nations Economic and Social Commission for Asia and the Pacific – UNESCAP
  • United Nations Development Programme – UNDP
  • Asia Center for Air Pollution Research – ACAP
  • Acid Deposition Monitoring Network in East Asia – EANET
  • Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation – BIMSTEC
  • Asian Disaster Preparedness Center – ADPC
  • ASEAN Specialized Meteorological Center – ASMC
  • World Seismic Safely Initiative – WSSI
  • China Meteorological Administration – CMA
  • China Earthquake Administration – CEA
  • Japan International Cooperation Agency – JICA
  • Thailand International Cooperation Agency – TICA
  • Korea International Cooperation Agency – KOICA
  • Regional Integrated Multi-Hazard Early Warning System – RIMES
  • Indian National Centre for Ocean Information Services – INCOIS
  • Japan Meteorological Agency – JMA
  • Pacific Tsunami Warning Center – PTWC
  • Indian Ocean Tsunami Warning Center – IOTWC
  • United Nations Economic, Science and Cultural Organization – UNESCO
  • Intergovernmental Oceanographic Commission – IOC
  • Japan Aerospace Exploration Agency – JAXA
  • United States Agency for International Development – USAID
  • United Nations Environment Programme – UNEP
  • Indian Institute of Technology – IIT
  • Institute of Observational Research for Global Change, Japan
  • Japan Agency for Marine-Earth Science and Technology
  • Mekong River Commission – MRC
  • International Centre for Integrated Mountain Development – ICIMOD
  • ASEAN Sub-Committee on Meteorology and Geophysics – ASCMG
  • Intergovernmental Coordination Group for the Indian Ocean Tsunami Warning and Mitigation System – ICG/ IOTWS
  • Asian Disaster Reduction Center – ADRC
  • Greater Mekong Subregion – GMS

သင်တန်းများပို့ချခြင်း

၁။      ဌာနတွင်းဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းစေရန်နှင့် လုပ်ငန်း ကျွမ်းကျင်မှု ရှိစေရန်အတွက် မိုးလေ၀သ၊ ဇလဗေဒ၊ မြေငလျင်စသည့် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။

၂။      ၁၉၉၃-၉၄ ပညာသင်နှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနနှင့် သင်္ချာဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) မိုးလေ၀သနှင့် သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) ဇလဗေဒ ဘာသာရပ်များကို ဌာနတွင် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

၃။      ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးသည့်နည်းတူ အောက်ဖော်ပြပါ ဌာန/သင်တန်း များတွင် ဘာသာရပ်ဆိုင်ရာ ပို့ချခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်-

          (က)    နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်

          (ခ )    တပ်မတော်နည်းပညာတက္ကသိုလ်

          (ဂ )    လေကြောင်းသိပ္ပံနှင့် လေကြောင်းအင်ဂျင်နီယာတက္ကသိုလ်

          (ဃ)    မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

          (င )    မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

          (စ )    တပ်မတော်မိုးလေ၀သတိုင်းတာရေးတပ်

          (ဆ)    လေကြောင်းထိန်းသင်တန်း

          (ဇ )    လေယာဉ်မှူးကြီးလိုင်စင်သင်တန်း

          (ဈ)     သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းများ

 

ဘက်စုံသဘာဝဘေးကြိုတင်သတိပေးစနစ်ထူထောင်ခြင်း

၁။      မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်း၊ မုန်တိုင်းဒီရေဝင်ရောက်ခြင်း၊ ဆူနာမီလှိုင်းဝင်ရောက်ခြင်းစသည့် သဘာဝဘေးများအတွက် ကြိုတင်သတိပေး ခန့်မှန်းချက်များကို အချိန်မီ ထုတ်ပြန်ပေးနိုင်ရန်အတွက် ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင်ထားရှိပါသည်။ အဆိုပါ ဗဟိုဌာနတွင် တာဝန်ကျ ဝန်ထမ်းအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးလျက် (၂၄)နာရီအချိန်ပြည့် လုပ်ငန်းများ ဆောင်ရွက်ကြရပါသည်။ ဖြစ်ပေါ်လာသည့် သဘာဝဘေးများအတွက် ညွှန်ကြားရေးမှူးချုပ်ထံ ချက်ခြင်း အစီရင်ခံ တင်ပြ၍ ဝန်ကြီးဌာန၊ အထက်အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံ တင်ပြခြင်း၊ သက်ဆိုင်ရာ ဌာန/လုပ်ငန်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ မြန်မာ့အသံ/ရုပ်မြင် သံကြားတို့သို့ အချိန်မီ ပေးပို့နိုင်ရေး ဆောင်ရွက်ကြရပါသည်။

၂။      အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လမ်းညွှန်မှုကို ခံယူလျက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေး အမျိုးမျိုးတို့အတွက် ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်များနှင့် အခြေအနေ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက် ရှိပါသည်။

၃။      သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေး ဆောင်ရွက်ရာတွင် သတိပေးချက် များ အချိန်မီ ထုတ်ပြန်နိုင်ရေးသည် အဓိက အရေးပါသည့်အတွက် ခန့်မှန်းချက် ထုတ်ပြန်သည့် ခေတ်မီနည်းစနစ်များ အသုံးပြုခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များ တပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီ တိုင်းတာရေး ကိရိယာများ တိုးချဲ့တပ်ဆင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသားမိုးလေ၀သနှင့် ဇလဗေဒ ဌာနများနှင့် ဆက်သွယ် ဆောင်ရွက်လျက် ဒေသဆိုင်ရာခန့်မှန်းချက်များ လက်ခံရယူခြင်း၊ ခန့်မှန်းရေးဆိုင်ရာ သင်္ချာပုံစံများဖြင့် တွက်ချက် ထုတ်ပြန်သည့် နည်းပညာများ သင်ယူ လေ့လာ အသုံးချခြင်းဖြင့် ဌာန၏ လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ သတိပေးချက်၊ ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် သတင်းတိုဖြင့် ပေးပို့ခြင်းစနစ် တို့ကိုလည်း ဌာနအစီအစဉ်ဖြင့် ထူထောင်ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

 

ထုတ်ပြန်သည့် ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ

        (က)   ခန့်မှန်းချက်များ

                (၁)     နေ့စဉ်ခန့်မှန်းချက်များ

                   (၂)     နေ့စဉ်ဇလဗေဒခန့်မှန်းချက်

                   (၃)     (၁၀)ရက်ပတ် မိုးလေ၀သခန့်မှန်းချက်

                   (၄)     (၁၀)ရက်ပတ် ဇလဗေဒခန့်မှန်းချက်

                   (၅)     လအလိုက် မိုးလေ၀သခန့်မှန်းချက်

                   (၆)     လအလိုက် ဇလဗေဒခန့်မှန်းချက်

                   (၇)     မိုးရာသီယေဘုယျ မိုးလေ၀သခန့်မှန်းချက်

                   (၈)     မိုးရာသီယေဘုယျ ဇလဗေဒခန့်မှန်းချက်

                   (၉)     ဆောင်းရာသီအတွက် ယေဘုယျ မိုးလေ၀သခန့်မှန်းချက်

                   (၁၀)   မိုးဦး/မိုးလယ်/မိုးနှောင်း မိုးလေ၀သခန့်မှန်းချက်

                   (၁၁)   မိုးဦး/မိုးလယ်/မိုးနှောင်း ဇလဗေဒခန့်မှန်းချက်

                   (၁၂)   ဘင်္ဂလားပင်လယ်အော်၊ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ခန့်မှန်းချက်

                   (၁၃)   ပင်လယ်ပြင်ခရီး မိုးလေ၀သခန့်မှန်းချက်

                   (၁၄)   လေဆိပ်များအတွက် ခန့်မှန်းချက်

                   (၁၅)   အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်အတွက် မိုးလေ၀သခန့်မှန်းချက်

 

        (ခ )   သတိပေးချက်များ

                   (၁)     မြစ်ရေကြီးမည့် သတိပေးချက်

                   (၂)     ရေနည်းမည့် သတိပေးချက်

                   (၃)     မုန်တိုင်းသတိပေးချက်

                   (၄)     မုန်တိုင်းဒီရေသတိပေးချက်

                   (၅)     လေပြင်းတိုက်မည့် သတိပေးချက်

                   (၆)     ဆိပ်ကမ်းများသတိပေးချက်

                   (၇)     အချိန်အခါမဟုတ် မိုးရွာမည့် သတိပေးချက်

                   (၈)     မိုးကြီးမည့် သတိပေးချက်

                   (၉)     မြူထုဆိုင်းမည့် သတိပေးချက်

                   (၁၀)   လေဆိပ်များတွင် ထူးခြားသည့် မိုးလေ၀သအခြေအနေသတိပေးချက်

                   (၁၁)   လေဆိပ်များတွင် ဆိုးဝါးသည့် မိုးလေ၀သအခြေအနေသတိပေးချက်

 

        (ဂ)    အခြေအနေသတင်းထုတ်ပြန်ချက်

                   (၁)     မြစ်ရေကြီးမှုအခြေအနေသတင်းထုတ်ပြန်ချက်

                   (၂)     ထူးခြားမြစ်ရေအခြေအနေသတင်းထုတ်ပြန်ချက်

                   (၃)     ရေနည်းမည့် အခြေအနေသတင်းထုတ်ပြန်ချက်

                   (၄)     မုန်တိုင်းအခြေအနေသတင်းထုတ်ပြန်ချက်

                   (၅)     ထူးခြားမိုးလေ၀သအခြေအနေသတင်းထုတ်ပြန်ချက်

                   (၆)     မိုးဦး/မိုးလယ်/မိုးနှောင်းကာလ မိုးရွာသွန်းမှု အခြေအနေထုတ်ပြန်ချက်

                   (၇)     အယ်နီညို/လာနီညာဖြစ်စဉ်များနှင့်ပတ်သက်သည့် အခြေအနေထုတ်ပြန်ချက်