ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း လုပ်ငန်းစဉ်များ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ လုပ်ငန်းစဉ်များ

ရေရှည်မျှော်မှန်းချက်

နိုင်ငံတော်၏ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍအတွက် စိတ်ဓာတ်၊  စည်းကမ်း၊   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့်  အရည်အသွေးပြည့်မီသော  ဝန်ထမ်းကောင်းများ  လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်။


ရည်မှန်းချက်

  • လုပ်ငန်းလက်စွဲပါ လုပ်နည်းစနစ်များနှင့် တိုးတက်လာသော နည်းပညာ များကို ကျွမ်းကျင်တတ်မြောက်စေရေး လေ့ကျင့်ပေးရန်၊
  • လက်ဝယ်ရှိ စွမ်းအားစုများကို ထိရောက်စွာ ပေါင်းစပ်သုံးစွဲစီမံခန့်ခွဲ၍ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန်၊
  • အမျိုးသားနိုင်ငံရေးဖြစ်စဉ်အား သိမြင်နားလည်ပြီး ပြည်သူနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်၊

မူဝါဒ

ဝန်ထမ်းများအနေဖြင့် ပြုပြင်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ၊ နည်းပညာများကို ကောင်းစွာနားလည်ကြေညက်ပြီး လက်တွေ့အကောင်အထည် ဖော်ရာတွင် ကျွမ်းကျင်ပိုင်နိုင်အောင်မြင်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်စွမ်းရှိစေရေး လေ့ကျင့်ပေးရန်။


လုပ်ငန်းစဉ်များ

  • ကျောင်းရှိနည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသား/ သူများကို နည်း ပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက် တည့်မတ်မှန်ကန်စေရေးအတွက် ဦးတည် ရည်မှန်း လေ့ကျင့်ပျိုးထောင်ပေးခြင်း။
  • စာတွေ့သာမက လက်တွေ့နယ်ပယ်၌ပါ နှံ့စပ်ကျွမ်းကျင်စေရေးအတွက် လုပ်ငန်းခွင်နှင့် ဆက်စပ်သော စက်ရုံ၊ အလုပ်ရုံများ၊ သင်တန်းများသို့ သွားရောက် လေ့လာလေ့ကျင့်သင်ယူစေခြင်း။
  • ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံးအတွက်  အမှန်တကယ် လိုအပ်သည့်သင်တန်းများကို ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုခံယူ၍ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်း။
  • ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို အခြေခံ၊ မွမ်းမံနှင့် ဉာဏ်သစ်လောင်းဟူ၍ အဆင့်ဆင့်ဖွင့်လှစ်လေ့ကျင့် သင်ကြား ပေးခြင်း။
  • တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးတိုးတက်မြင့်မားရေးအတွက် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ နိုင်ငံတကာသင်တန်းကျောင်းကြီးများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ ပြည်တွင်း/ ပြည်ပသင်တန်းများတွင် ကျောင်းမှ ဝန်ထမ်းများ စဉ်ဆက်မပြတ် Training of Trainer ပါဝင်တက်ရောက်စေခြင်း။
  • နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အထောက်အကူပြု နိုင်ရေး နောက်တွဲပါယာဉ် (၂၂) ဘီးယာဉ်များ မောင်းနှင်နိုင်မည့် ကျွမ်းကျင်  ဝန်ထမ်းများ မွေးထုတ်ပေးခြင်း။

                   (နိုင်ငံတော်၏ စီးပွားရေးမူဝါဒပါ အပိုဒ်()နှင့်အပိုဒ်()ပါအချက်များအရ)

  • မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေးအတွက် ယာဉ်မောင်း၊ ယာဉ်ပြင်၊ ဂဟေ၊ လျှပ်စစ် အ‌ခြေခံသင်တန်းများ Public သို့ ဖွင့်လှစ်ပေးနိုင်ရေး စည်းရုံးဆောင် ရွက်ခြင်း။

                   (နိုင်ငံတော်၏စီးပွားရေးမူဝါဒပါအပိုဒ်()နှင့် အပိုဒ်()ပါ အချက်များအရ)

  • ဝန်ကြီးဌာနနှင့် လက်အောက်ခံဌာန (၁၈) ခု၏ လုပ်ငန်းခွင် လိုအပ်ချက် များနှင့် အညီ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ တိုးမြှင့်ဖွင့်လှစ်  သင်ကြားပေးနိုင်ရေးအတွက် ကျောင်း၏ Capacity ကို မြှင့်တင်တည် ဆောက်ခြင်း။  

ကျောင်းတည်နေရာပြမြေပုံ၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မိတ္ထီလာမြို့


ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ရေပေးဝေမှုစနစ်

                                                    


ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း လျှပ်စစ်ဓါတ်အားလိုင်းစနစ်


 


ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းနည်းပြများ၏

ပညာအရည်အချင်းအ‌ခြေပြဇယား 


၂၀၁၇-၂၀၁၈ ခုနှစ်၊ သင်ကြားလေ့ကျင့်ရေးနှစ်၊

သင်တန်းများဖွင့်လှစ်ရန် လျာထားသည့်အခြေအနေ

စဉ်

သင်တန်းအမည်

သင်တန်း

အမျိုးအစား

သင်တန်း

အကြိမ်

သင်တန်းသား

ဦးရေ

(က)

သင်ကြားလေ့ကျင့်ရေး(စာပေ)

၆ မျိုး

၈ ကြိမ်

၂၀၃ ဦး

( ခ )

သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)

၁ မျိုး

၁ ကြိမ်

၂၇ ဦး

( ဂ )

မော်တော်ယာဉ်သင်တန်းဌာနခွဲ

၂ မျိုး

၃ကြိမ်

၆၆ ဦး

(ဃ)

ရထားသင်တန်းဌာနခွဲ

၂၃ မျိုး

၂၆ ကြိမ်

၆၃၁ ဦး

( င )

စက်မှုလက်မှုသင်တန်းဌာနခွဲ

၂ မျိုး

၃ ကြိမ်

၁၉ ဦး

( စ )

ဆက်သွယ်ရေးသင်တန်းဌာနခွဲ

၄ မျိုး

၇ ကြိမ်

၂၂၆ဦး

 

စုစုပေါင်း

၃၈ မျိုး

၄၈ ကြိမ်

၁၁၇၂  ဦး

 


၂၀၁၇-၂၀၁၈ ခုနှစ်၊ သင်ကြားလေ့ကျင့်ရေးနှစ်အတွင်း

သင်တန်းများ ဖွင့်လှစ်ဆဲအခြေအနေ

စဉ်

သင်တန်းအမည်

သင်တန်း

အမျိုးအစား

သင်တန်း

အကြိမ်

သင်တန်း

သား

ဦးရေ

(က)

သင်ကြားလေ့ကျင့်ရေး (စာပေ)

၁ မျိုး

၁ ကြိမ်

၂၉ ဦး

( ခ )

သင်ကြားလေ့ကျင့်ရေး (ပစ္စည်း)

-

-

-

( ဂ )

မော်တော်ယာဉ်သင်တန်းဌာနခွဲ

၁ မျိုး

၁ ကြိမ်

၃၅  ဦး

(ဃ)

ရထားသင်တန်းဌာနခွဲ

၅ မျိုး

၆  ကြိမ်

၁၈၁ ဦး

( င )

စက်မှုလက်မှုသင်တန်းဌာနခွဲ

-

-

-

( စ )

ဆက်သွယ်ရေးသင်တန်းဌာနခွဲ

-

-

-

 

စုစုပေါင်း

၇ မျိုး

၈ ကြိမ်

၂၄၅ ဦး


၂၀၁၇-၂၀၁၈ ခုနှစ်၊ သင်ကြားလေ့ကျင့်ရေးနှစ်၊

သင်တန်းများဖွင့်လှစ်ရန်ကျန်အခြေအနေ

စဉ်

သင်တန်းအမည်

သင်တန်း

အမျိုးအစား

သင်တန်း

အကြိမ်

သင်တန်းသား

ဦးရေ

(က)

သင်ကြားလေ့ကျင့်ရေး(စာပေ)

၅ မျိုး

၇ ကြိမ်

၁၇၄ ဦး

( ခ )

သင်ကြားလေ့ကျင့်ရေး(ပစ္စည်း)

၁ မျိုး

၁ ကြိမ်

၂၇ ဦး

( ဂ )

မော်တော်ယာဉ်သင်တန်းဌာနခွဲ

၂ မျိုး

၂ကြိမ်

၃၃ ဦး

(ဃ)

ရထားသင်တန်းဌာနခွဲ

၁၈မျိုး

၂၅ ကြိမ်

၄၆၁ ဦး

( င )

စက်မှုလက်မှုသင်တန်းဌာနခွဲ

၂ မျိုး

၃ ကြိမ်

၁၉ ဦး

( စ )

ဆက်သွယ်ရေးသင်တန်းဌာနခွဲ

၄ မျိုး

၇ ကြိမ်

၂၂၆ဦး

 

စုစုပေါင်း

၃၂ မျိုး

၄၅ ကြိမ်

၉၄၀ ဦး


သင်တန်းနည်းပြ တာဝန်ယူနိုင်မှု

တာဝန်ယူပို့ချနိုင်သည့်သင်တန်းစုစုပေါင်း                            (၅၁)မျိုး

သင်တန်းအားလုံးအတွက်-

  • ကျောင်းမှ နည်းပြတာဝန်ယူနိုင်မှု ( ၆၅.၈၀%)   
  • ပြင်ပနည်းပြတာဝန်ယူနိုင်မှု (၃၄.၂၀% )

ယခုဖွင့်လှစ်မည့်သင်တန်းအမျိုးအစား                               (၃၈)မျိုး

သင်တန်းအရေအတွက်                                                  (၄၈)ခု

နည်းပြတာဝန်ယူနိုင်မှု                                             ( ၆၇.၃၅%)

ပြင်ပနည်းပြတာဝန်ယူနိုင်မှု                                      (၃၂.၆၅%)


နှစ်အလိုက် သင်တန်းဖွင့်လှစ်ခဲ့မှု

အခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

သင်တန်းအမျိုး

အစားပေါင်း

သင်တန်း

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၂၀၁၄-၂၀၁၅

၂၈

၃၁

၆၁၁

၂၀၁၅-၂၀၁၆

၂၉

၃၃

၇၉၄

၂၀၁၆-၂၀၁၇

၃၄

၄၃

၁၀၈၇

၂၀၁၇-၂၀၁၈

၃၈

၄၈

၁၁၇၂(လျာထား)

၂၀၁၆-၂၀၁၇ ခု၊ သင်ကြားလေ့ကျင့်ရေးနှစ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်ထက် ၂၉၃ ဦး တိုးမြှင့်ဖွင့်လှစ်နိုင်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၂၀၁၆-၂၀၁၇ ထက်  ၇၅ ဦး တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။


ပြင်ပယာဉ်မောင်းသင်တန်း

ဖွင့်လှစ်ခဲ့မှုအခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ   မှ  ၂၀၁၇ ခုနှစ် ဧပြီ  ထိ

၂၁၇

၂၃၃၁၀


ပြင်ပယာဉ်ပြင်သင်တန်း

ဖွင့်လှစ်ခဲ့မှုအခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

အကြိမ်ရေ

သင်တန်းသား

ဦးရေ

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ   မှ ၂၀၁၇ ခုနှစ် ဧပြီ  ထိ

၉၉

၂၀၈၆


ပြင်ပယာဉ်မောင်း/ယာဉ်ပြင်သင်တန်း

               


ပြင်ပယာဉ်မောင်း/ယာဉ်ပြင်သင်တန်း

 


Public Workforce  သင်တန်း

ဖွင့်လှစ်ခဲ့မှုအခြေအနေ

သင်ကြားလေ့ကျင့်ရေးနှစ်

သင်တန်းအမည်

သင်တန်းကာလ

သင်တန်းသားဦးရေ

၂၀၁၄-၂၀၁၅

Automotive Mechanic

(Level-1)(၁/၂၀၁၄)

၁၂

၂၅

၂၀၁၄-၂၀၁၅

ElectricArcWelding

(Level-1)(၁/၂၀၁၄)

၁၂

၁၂

၂၀၁၄-၂၀၁၅

Automotive Mechanic

(Level-1)(၂/၂၀၁၅)

၂၅


Public Workforce  သင်တန်းသားများ လေ့ကျင့်နေပုံ


ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
အထူးသင်တန်းများဖွင့်လှစ်ပေးနိုင်မှု
အကြိမ်(၂၈)ကြိမ်၊ သင်တန်းသား(၁၃၄၈) ဦး

စဉ်

သင်တန်းအမည်

သင်တန်း အကြိမ်

သင်တန်းသား ဦးရေ 

သင်ကြားလေ့ကျင့် ပေးသည့်နှစ်

အထူးစက်ခေါင်းမောင်း (စစ်သည်)

၁၂၇

၁၉၈၈-၈၉(၂)ကြိမ်၊ (၇၇)ဦး

၂၀၁၂-၀၃(၁)ကြိမ်၊ (၃၂)ဦး

၂၀၀၈-၀၉(၁)ကြိမ်၊ (၁၈)ဦး

အထူးစက်ခေါင်းမောင်း မွမ်းမံ (စစ်သည်)

၆၂

၁၉၉၂-၉၃(၁)ကြိမ်၊ (၁၈)ဦး

၂၀၀၄-၀၅(၁)ကြိမ်၊ (၁၄)ဦး

၂၀၀၈-၀၉(၁)ကြိမ်၊ (၃၀)ဦး

အ‌ခြေခံရုံပိုင် (စစ်သည်)

၃၃

၁၉၈၉-၉၀(၂)ကြိမ်၊ (၃၃)ဦး

အခြေခံယာဉ်မောင်းနှင့် ကြံ့ခိုင်ရေး (စစ်သည်)

၆၀၃

၁၉၉၆-၉၇(၂)ကြိမ်၊ (၄၀၃)ဦး

၁၉၉၇-၉၈(၁)ကြိမ်၊ (၂၀၀)ဦး

အ‌ခြေခံယာဉ်‌မောင်း (နယ်စပ်/စည်ပင်)

၁၅၁

၂၀၀၉-၁၀(၂)ကြိမ်၊ (၆၀)ဦး

၂၀၁၀-၀၁(၃)ကြိမ်၊ (၉၁)ဦး

အထူးအခြေခံယာဉ်ပြင် (နယ်စပ်/စည်ပင်)

၃၉

၂၀၀၉-၁၀(၁)ကြိမ်၊ (၁၉)ဦး

၂၀၁၀-၁၁(၁)ကြိမ်၊ (၂၀)ဦး

အထူးအခြေခံယာဉ်မောင်း (ရေအရင်းအမြစ်)

၆၁

၂၀၁၀-၁၁(၁)ကြိမ်၊ (၃၀)ဦး

၂၀၁၁-၁၂(၁)ကြိမ်၊ (၃၁)ဦး

RG တွင်းတူးစက်မောင်းနှင့် ကြံ့ခိုင်ရေး (ရေအရင်းအမြစ်)

၃၁

၂၀၁၁-၁၂(၁)ကြိမ်၊ (၃၀)ဦး

အထူးအခြေခံယာဉ်‌မောင်း (ပြည်ထဲရေး)

၁၂၀

၂၀၁၂-၁၃(၃)ကြိမ်၊ (၁၂၀)ဦး

တစ်ကြိမ်၊လျှင် (၄၀)ဦး

၁၀

အထူးအခြေခံယာဉ်‌မောင်း (ပြည်ထဲရေး)

၄၀

၂၀၁၃-၁၄(၁)ကြိမ်၊ (၄၀)ဦး

၁၁

အခြေခံယာဉ်မောင်း စက်ပြင် (အ.မ.စ)

၆၀

၂၀၁၃-၁၄(၂)ကြိမ်၊ (၆၀)ဦး

၁၂

ကွန်ပျူတာပုံဆွဲ (ရေအရင်းအမြစ်)

၂၀

၂၀၁၃-၁၄(၁)ကြိမ်၊ (၂၀)ဦး

 


လက်ရှိသင်တန်းသားအိပ်ဆောင်များအခြေအနေ

၁။   အမျိုးသားအိပ်ဆောင်         - ၁၆ ဆောင် x    ၃၀ ဦး         =                 ၄၈၀ ဦး

၂။    ၃ ထပ်အိပ်ဆောင်               -   ၁ ဆောင်  x  ၁၂၄ ဦး        =                  ၁၂၄ ဦး

၃။   အမျိုးသမီးအိပ်ဆောင်        -   ၃ ဆောင်  x    ၃၀ ဦး        =                   ၉၀ ဦး

၄။   အရာထမ်းအိပ်ဆောင်        -   ၁ ဆောင်   x   ၃၀ ဦး        =                   ၃၀ ဦး

       (အမျိုးသား) စုစုပေါင်း(အများဆုံးလက်ခံနိုင်မှု)               =               ၇၂၄ ဦး


ကုတင်/ဘီရို/သေတ္တာစာရင်း

၁။   ကုတင်(သုခ/SP1/ကပရ/ဗဆက/ခေါက်ကုတင်/ သံကုတင်)   =           ၃၈၂ လုံး

၂။    ဘီရို                                                                                   =           ၂၈၁ လုံး

၃။   သစ်သားသေတ္တာ                                                                =           ၂၂၁ လုံး

၄။   လက်တင်ပါထိုင်ခုံ                                                              =           ၄၅၃ လုံး

လက်ရှိအ‌ခြေအနေအရ တပြိုင်တည်းသင်ကြားပေးနိုင်မှု                =  ၃၅၀ - ၄၀၀ ဦး


စာသင်ခန်းများအခြေအနေ

၁။   နှစ်ထပ်ဆောင်  စာသင်ခန်း -  ၈ ခန်း  x    ၄၀ ဦး             =                 ၃၂၀ ဦး

၂။    ဌာနခွဲစာသင်ခန်းများ

       -   ရထားသင်တန်းဌာနခွဲ             - ၈  ခန်း  x    ၂၀ ဦး   =                 ၁၆၀ ဦး

       -   မော်တော်ယာဉ်သင်တန်းဌာနခွဲ -  ၁  ခန်း  x    ၂၀ ဦး =                    ၂၀ ဦး

       -   စက်မှုလက်မှုသင်တန်းဌာနခွဲ   -  ၁  ခန်း  x    ၂၀ ဦး =                    ၂၀ ဦး 

            စုစုပေါင်း(အများဆုံးလက်ခံနိုင်မှု)                          =                ၅၂၀ ဦး

၃။   သရုပ်ပြဆောင်                                                              -                 ၇ ဆောင်

၄။   လက်တွေ့လေ့ကျင့်ရေးကွင်း                                           -                   ၄ ကွင်း

       (က)     သရုပ်ပြဘူတာယာဒ်ဝန်း

       (ခ)     စစ်ရေးပြလေ့ကျင့်ရေးကွင်း

       (ဂ)     ကျောင်းဝန်းယာဉ်မောင်းလေ့ကျင့်ရေးကွင်း

       (ဃ)     ကျောင်းရှေ့ယာဉ်မောင်းလေ့ကျင့်ရေးကွင်း


တစ်နေ့တာ သင်တန်းအချိန်ဇယား

၁။     ၀၅:၀၀                              -   အိပ်ယာထချိန်

၂။     ၀၅:၃၀-၀၆:၃၀                   -   နံနက်ကျန်းမာရေးလေ့ကျင့်ချိန်

၃။     ၀၇:၃၀                               -   တန်း စီချိန်(သင်တန်းတက်)

၄။     ၀၈၀၀-၀၈:၄၀                    -   ပထမအချိန်

၅။    ၀၈:၄၅-၀၉:၂၅                    -   ဒုတိယအချိန်

၆။    ၀၉:၃၅-၁၀:၁၅                    -   တတိယအချိန်

၇။     ၁၀:၂၀-၁၁:၀၀                    -   စတုတ္ထအချိန်

၈။    ၁၁:၀၀-၁၂:၃၀                    -   နေ့လယ်စာ စားချိန်

၉။    ၁၂:၃၀-၁၃:၁၀                    -   ပဉ္စမအချိန်

၁၀။  ၁၃:၁၅-၁၃:၅၅                    -   ဆဌမအချိန်

၁၁။   ၁၄:၀၅-၁၄:၄၅                    -   သတ္တမအချိန်

၁၂။   ၁၄:၅၀-၁၅:၃၀                    -   အဌမအချိန်

၁၃။   ၁၆:၀၀-၁၇:၀၀                    -   အားကစား + သန့်ရှင်းရေး

၁၄။   ၁၇:၃၀-၁၈:၃၀                    -   ညစာစားချိန်

၁၅။  ၁၉:၀၀-၂၀:၃၀                    -   ညစာကြည့်ချိန်/ ညလေ့ကျင့်ခန်း

၁၆။  ၂၁:၃၀                                   -   မီးပိတ်/ ညအိပ်ချိန်                                   


     

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
   လစဉ်/အပတ်စဉ် စစ်ဆေးခြင်းလုပ်ငန်းဇယား

စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း

၁။      ကျောင်းအုပ်ကြီး                          -   လတစ်လ၏စတုတ္ထပတ် သောကြာနေ့      (အရာထမ်း/အမှုထမ်းအားလုံး)

၂။      ဒုတိယကျောင်းအုပ်ကြီး                -   လတစ်လ၏ပထမ ပတ် တနင်္လာနေ့ (နည်းပြနှင့် သင်တန်းသားများအားလုံး)

၃။      ညွှန်ကြားရေးမှူး(စီမံ)                  -   လတစ်လ၏ဒုတိယပတ် သောကြာနေ့      (စီမံခန့်ခွဲရေးဝန်ထမ်းများအားလုံး)

၄။      ညွှန်ကြားရေးမှူး/                        -   ကျန်သီတင်းပတ် တနင်္လာနေ့များ 

          ဒုတိယ-ညွှန်ကြားရေးမှူး(သလရ) -   (နည်းပြနှင့် သင်တန်းသားအားလုံး)


အိပ်ဆောင်ခင်းကျင်းမှု စစ်ဆေးခြင်း

၁။  ကျောင်းအုပ်ကြီး                              -   လတစ်လ၏ တတိယပတ် သောကြာနေ့

၂။  ဒုတိယကျောင်းအုပ်ကြီး                   -   လတစ်လ၏ဒုတိယပတ် သောကြာနေ့

၃။  ညွှန်ကြားရေးမှူး/                            -   ကျန်သီတင်းပတ် အင်္ဂါနေ့

      ဒုတိယညွှန်ကြားရေးမှူး(သလရ)


စာသင်ဆောင်များ/စားရိပ်သာနှင့်ကျောင်းဝင်းအတွင်းလှည့်လည်စစ်ဆေးခြင်း

၁။ ကျောင်းအုပ်ကြီး                   - တစ်လလျှင် တစ်ကြိမ်

၂။ ဒုတိယကျောင်းအုပ်ကြီး         - တစ်လလျှင် နှစ်ကြိမ်

၃။ ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူးများ -  တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ်

မှတ်ချက်။   တာဝန်ရှိအရာရှိကြီးများသည် လစဉ်/အပတ်စဉ် စစ်ဆေးခြင်းလုပ်ငန်း ဇယားအတိုင်း မပျက်မကွက်စစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးချက် အစီရင်ခံစာများအား ကျောင်းအုပ်ကြီးထံသို့ စစ်ဆေးသည့်နေ့ရက် နေ့လည် (၁၂:၀၀) မတိုင်မီ အပြီး ပြုစုတင်ပြရမည်။


ကျောင်းအုပ်ကြီးမှဝန်ထမ်းများအားစစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း


ကျောင်းအုပ်ကြီးမှ စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု(အမျိုးသား)အား ဆုချီးမြှင့်စဉ်


ဒုတိယကျောင်းအုပ်ကြီးမှ စစ်ရေးပြနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံး ဆု(အမျိုးသမီး)အား ဆုချီးမြှင့်စဉ်

 


ကျောင်းအုပ်ကြီးမှ သရုပ်ပြဆောင်များနှင့် အိပ်ဆောင်များအား လှည့်လည်စစ်ဆေးခြင်း


ကျောင်းအုပ်ကြီးမှ သရုပ်ပြဆောင်များနှင့်စာသင်ဆောင်များအား လှည့်လည်စစ်ဆေးခြင်း


ကျောင်းဆေးပေးခန်းစစ်ဆေးမှုမှတ်တမ်း

 


သင်တန်းသားများ အလွယ်တကူငွေထုတ်နိုင်ရန်Mobile ATM စက်တပ်ဆင်ဆောင်ရွက်မှုမှတ်တမ်း

 


သင်တန်းသားများ အတွက် ရေသန့်စက် တပ်ဆင်ပေးမှု မှတ်တမ်း


Driving Simulator ဖြင့် လက်တွေ့လေ့ကျင့် မောင်းနှင်ပေးမှုမှတ်တမ်း


Driving Simulator ဖြင့် မောင်းနှင်သည့်မြင်ကွင်းပုံ မှတ်တမ်း


Traction Motor  ဖြင့် မောင်းနှင်သည့်မြင်ကွင်းပုံမှတ်တမ်း


သရုပ်ပြရထားငယ်မောင်းနှင်မှု မှတ်တမ်း


သင်တန်းသားအိပ်ဆောင်(Kit Layout)ခင်းကျင်းထားရှိမှုမှတ်တမ်း


သင်တန်းသားအိပ်ဆောင်များတွင် သစ်ပင်များစိုက်ပျိုးထားပုံ


သင်ကြားလေ့ကျင့်ရေးဆိုင်ရာ

ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ

  • တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အတွေးအခေါ်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်များ မြှင့်တင်တည့်မတ်ပေးနိုင်မည့် အထူးသဖြင့် ဝန်ထမ်းများ ၏ တွေးခေါ်မှုပုံစံ Mindset ကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲပေးနိုင်မည့် ဘာသာရပ်များအား ထည့်သွင်းပို့ချခြင်း။
  • နည်းပြများအပိုင်းတွင် ခေတ်နှင့်အညီ ဆရာဗဟိုပြုသင်ကြားမှုစနစ်မှ ကျောင်းသား ဗဟိုပြုသင်ကြားမှုစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် နည်းပြမွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း။
  • သင်တန်းများအနေဖြင့် တစ်ဆင့်ခံ သင်ကြားသင်ယူမှုထက် ကိုယ်တိုင်လေ့လာ ဆည်းပူးမှု (Self Study) စနစ်သို့ ကူးပြောင်းရန် (အထူးသဖြင့် အရာရှိအဆင့် သင်တန်းများတွင် Self Study စနစ်သို့ ပြောင်းလဲရန်) တွန်းအားပေး ဆောင် ရွက်ခြင်း။
  • ယာဉ်မောင်း၊ ယာဉ်ပြင်သင်တန်းများ၌ ခေတ်နှင့်အညီ E.F.I ၊ Antiskid Brake  နှင့်  Power Steering စနစ်များ ထည့်သွင်းပို့ချနိုင်ရန်၊ Driving Simulator များ ဖြင့် သင်ကြားစစ်ဆေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ။
  • ရထားသင်တန်းများ၌ Locomotive Driving Simulator ဖြင့် သင်ကြားနိုင်ရန် တင်ပြဆောင်ရွက်ခြင်း ။
  • မြို့ပြအင်ဂျင်နီယာသင်တန်းများတွင်  ရေလမ်းထိန်းသိမ်းခြင်း/ မြေတိုင်းဘာသာ ရပ်များ ထည့်သွင်းတိုးမြှင့်ခြင်း ။
  • သံလမ်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများတွင် ခေတ်မီနည်းစနစ်များ ထပ်မံ ဖြည့်စွက်ခြင်း၊ ဓာတ်ငွေ့ဂဟေဆက်သံလမ်းများ၊ ကွန်ကရစ်ဇလီဖားများနှင့် ပတ်သက် ၍ ထပ်မံဖြည့်ဆည်းသင်ကြားပို့ချခြင်း။
  • ကျောင်းရှိ ဝန်ထမ်းနည်းပြများကို အမြင်ကျယ်စေရန် နိုင်ငံရပ်ခြားများသို့ ပညာသင်၊ အလုပ်ရုံဆွေးနွေးပွဲ၊  လေ့လာရေး ခရီးစဉ်များစေလွှတ်ပေးခြင်း။
  • ဒီဂရီဘွဲ့၊ ဒီပလိုမာလက်မှတ်များ ပေးနိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ခြင်း။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပြင် အခြားသော ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါသည်။ လိုအပ်သော သင်ကြား လေ့ကျင့်မှု ဆိုင်ရာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပါက အရည်အချင်း မြင့်မားသော အရည်အသွေးအာမခံချက်ရှိသည့် ကျွမ်းကျင်သူများကို သင်ကြား လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။