Advanced Excel/Advanced Networking Course 1 သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Advanced Excel Course သင်တန်းနှင့် (ဒုတိယအကြိမ်) Advanced Networking Course 1 သင်တန်းများဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၅၃)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ သင်ကြားပေးလိုက်သော ဘာသာရပ်များသည် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်  စီမံရေးဆွဲထားခြင်း ဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် ဌာနအဖွဲ့အစည်းများ တွင် လက်တွေ့ပြန်လည် အသုံးချနိုင်စေလိုကြောင်း၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နည်းပညာ လျင်မြန်တိုးတက်လာသည့် ယနေ့ခေတ်လိုမျိုးတွင် နိုင်ငံအနေဖြင့်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများဖြင့်ဖြစ်စေ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် သာမာန်အဆင့် ကွန်ပျူတာသုံးတတ်ရုံဖြင့် မလုံလောက်ဘဲ အိုင်စီတီကို အသုံးချ၍ စွမ်းဆောင်ရည်ပြည့်ဝသော၊ ဖန်တီးနိုင်စွမ်းရှိသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ကြိုးစားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

   သင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို မိမိဌာနတွင် ထပ်ဆင့်ပြန်လည်မျှဝေကြရန်၊ သက်ဆိုင်ရာ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်နှင့် အိုင်စီတီဗဟုသုတများ  တိုးတက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ယင်းနောက် Advanced Excel Course သင်တန်းတွင် ပထမဆုရရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်မေသော်တာကဗျာအား၄င်း၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်မေဖြူဖြူသွယ်အား၄င်း၊ တတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်မေဇင်ဦးတို့အား၄င်း ညွှန်ကြားရေးမှူးချုပ်မှ ဆုများ ချီးမြှင့် ပေးခဲ့သည်။ ဆက်လက်ပြီး Advanced Networking Course 1 သင်တန်းတွင် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ဦးစည်သူဖြိုးအား၎င်း၊ ဒုတိယဆုရရှိသော  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်ဆွေဇင်ဦး နှင့် တတိယဆုရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ‌ဒေါ်ဇင်မာစိုးတို့အား သင်တန်းကျောင်း ကျောင်းအုပ်မှ အသီးသီးဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။