” Incident Handling – Intrusion Detection (ဒုတိယအကြိမ်)” သင်တန်းအားဖွင့်လှစ်

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ ” Incident Handling – Intrusion Detection (ဒုတိယအကြိမ်)” သင်တန်းအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်းတွင် (၂၅.၇.၂၀၂၂)ရက်နေ့မှ (၂၉.၇.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

သင်တန်းတွင် Module (4)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) – Advanced Persistent Threats၊ Module (2) – Incident Handling Process၊ Module (3) – Tools Explanationနှင့် Module 4 – Hands-on Exercise တို့ဖြစ်ကြပါသည်။

အဆိုပါသင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာန/ ဗဟိုအစိုးရ အဖွဲ့အစည်း(၂၇)ခုမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ( ၂၈ )ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။