(၅) ကြိမ်မြောက် ASEAN Ministerial Conference on Cybersecurity နှင့် Singapore International Cyber Week သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး Online စနစ်ဖြင့် တက်ရောက်

        (၅) ကြိမ်မြောက် ASEAN Ministerial Conference on Cybersecurity နှင့် Singapore International Cyber Week (SICW) သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး သည် အခြားကိုယ်စားလှယ်များ နှင့်အတူ Online Video Conferencing စနစ်ဖြင့် အောက်တိုဘာလ (၆) ရက်နေ့တွင် Singapore International Cyber Week ဖွင့်ပွဲအခမ်းအနားနှင့် အောက်တိုဘာလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ASEAN Ministerial Conference on Cybersecurity ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ Rule-based Regional Norm အဖြစ် သတ်မှတ်နိုင်ရေး ကိစ္စရပ် များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအား အခြား ASEAN နိုင်ငံများမှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မျှဝေဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

      SICW ကို စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ Virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်းနှင့် အဆိုပါ အခမ်းအနား များသို့ ASEAN နိုင်ငံများမှ ဆိုက်ဘာလုံခြုံရေးနှင့်သက်ဆိုင်သောဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ASEAN အထွေအထွေအတွင်းရေးမှူးချုပ်နှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။

       ထို့အပြင် GovWare ပြပွဲအစီအစဉ်အဖြစ် ICT Solution များကို Virtual Platform ဖြင့် လေ့လာနိုင်ကြောင်း သိရှိရပါသည်။ ယခင် ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ ASEAN Ministerial Conference on Cybersecurity နှင့် Singapore International Cyber Week ကို စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။