ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

e-Government ဌာနမှ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ

      မြန်မာနိုင်ငံတွင် e-Government စနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအသီးသီးမှ ပါဝင်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန သည် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးဌာနမှ Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်နှင့်အညီ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနသည် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် အဓိကလိုအပ်ချက်များဖြစ်သည့် −

(က) ICT Infrastructure (Network, Data Centers, IACs, etc.,) များ တည်ဆောက်  ပေးခြင်း၊

(ခ) Common Application များ အသုံးပြုနိုင်ရန် ဆောင်ရွက်ဝန်ဆောင်မှုပေးခြင်း၊

(ဂ) နည်းပညာအထောက်အပံ့ပေးခြင်း၊ အကြံပြုခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေး ခြင်း၊ Seminar ၊Workshop များ ကျင်းပပြုလုပ်ပေးခြင်း၊

(ဃ) နိုင်ငံတကာချေးငွေ/ထောက်ပံ့ငွေများဖြင့် e-Government ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င) ဝန်ကြီးဌာနများမှဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

၁။ e-Government ဌာနမှ လက်ရှိဆောင်ရွက်နေသောစီမံကိန်း/လုပ်ငန်းများ

      (က) ICT Infrastructure : e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အောက် ဖော်ပြပါ ICT Infrastructure များကို တည်ဆောက်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်−

        (၁) e-Government Wide Area Fiber Network (e-GWAN)  

      အစိုးရအဖွဲ့အစည်းအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်း စဉ်များအား ချိတ်ဆက်အသုံးပြုနိုင်ရန်နှင့် e-mail, EDMS, GPMS, CSMS, Myanmar National Portal and Video Conferencing စသည့် Common application များအား ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်၍ နေပြည်တော် e-GWAN ကွန်ယက်အား တည်ဆောက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

e-GWAN

      (၂) Government Video Conferencing System/Network 

         နေပြည်တော်ရှိ အစိုးရဗဟိုရုံးများ၊ ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများအကြား Online အသုံးပြုပြီး၊ အစည်းအဝေးများ ပြုလုပ်နိုင်ရန် Video Conferencing စနစ်အား တည်ဆောက်၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

        (၃) Data Center

       နေပြည်တော်၊ S12 အိတ်ချိန်း အဆောက်အဦတွင် တည်ရှိသည့် e-Government Data Center တွင် e-Government Common Applications စနစ်များအား ဝန်ဆောင်မှုပေးနိုင်ရန် နှင့် Server Co-location ဝန်ဆောင်မှုများ ကို ဆောင်ရွက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အစိုးရဌာန အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား ချိတ်ဆက်အသုံးပြုနိုင်ရန်နှင့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာန အသီးသီးမှ e-mail, Electronic Document Management System (EDMS), Government Personnel Management System (GPMS), Civil Service ID Management System (CSMS), Myanmar National Portal, Video Conferencing အစရှိသည့် Common Application များအားချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

    (၄) Information Access Center (IAC)  

         ICT မှတဆင့် Knowledge economy ဆီသို့ ပါဝင်ဆောင်ရွက်နိုင်ရန်၊ e-Government အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သော ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ရန်၊ G2C အသုံးပြုနိုင်ရေးနှင့် ICT awareness ကို မြှင့်တင်ရန်၊ ပညာရေးတွင် ICT အသုံးပြုမှုကို မြှင့်တင်ပေးနိုင်ရန်  ရည်ရွယ်၍  ပြည်သူများမှ Internet အခမဲ့အသုံးပြု​​နိုင်ရန် Information Access Center (IAC) ကို တည်ဆောက်၍ ဝန်ဆောင်မှု ပေးထားလျက်ရှိလျက်ရှိပါသည်။

(ခ) Common Application

      အစိုးရအဖွဲ့အစည်းများ အကြား သဘောသဘာဝတူညီသည့် လုပ်ငန်းများအား စုစည်းပေါင်းစပ်၍ မျှဝေအသုံးပြုနိုင်ရန် အောက်ပါ Common Application များကို ဆောင်ရွက်ဝန်ဆောင်မှု ပေးလျက် ရှိပါသည်−

     (၁) Government Personnel Management System (GPMS)    

           အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ဗဟိုရုံးများနှင့် ICT နည်းပညာအသုံးပြု၍ ထိရောက်လျင်မြန်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိပါသည်။ Government Personal Management System (GPMS) စနစ်သည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းရေးရာကိစ္စရပ်များအား IT နည်းပညာအသုံးပြု၍ ထိရောက်လျှင်မြန်စွာ စီမံခန့်ခွဲနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။ ဤစနစ်တွင် ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း၊ ရာထူးခန့်အပ်မှုနှင့် တာဝန်ထမ်းဆောင်မှုသမိုင်း၊ ခွင့်မှတ်တမ်း၊ သင်တန်းဆိုင်ရာအချက်အလက်၊ ဝန်ထမ်းအကဲဖြတ်မှတ်တမ်းများ၊ ဝန်ထမ်းအင်အားနှင့် ဌာနဖွဲ့စည်းပုံများ အစရှိသည့် အချက်အလက်များကို သက်ဆိုင်ရာ Server များ အသီးသီးတွင် လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိပြီး မိမိလိုအပ်သည့် အခြေအနေနှင့် ကိုက်ညီမည့် အချက်အလက်၊ စာရင်းဇယား၊ အစီအရင်ခံစာများအား လွယ်ကူလျင်မြန် မှန်ကန် တိကျစွာ ရှာဖွေ ထုတ်ယူနိုင်သော စနစ်တစ်ခု ဖြစ်ပါသည်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ် (GPMS) ၏ အကျိုးသက်ရောက်မှုများ

  • ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများကို တိကျလျင်မြန်အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊
  • ကိုယ်ရေးမှတ်တမ်းအချက်အလက်များကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ခြင်း၊
  • လိုအပ်ချက်နှင့်အညီ သင့်လျော်သော ဝန်ထမ်းများအား တာဝန်ပေးအပ်နိုင်ခြင်း၊
  • ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများ ဆုံးဖြတ်ချက်ချရာတွင် အထောက်အပံ့ပေးနိုင်ခြင်း၊
  • ဝန်ထမ်းရေးရာ အချက်အလက်များ သိမ်းဆည်းရာတွင် လုံခြုံမှုရှိခြင်း၊

      (၂) Electronic Document Management System (EDMS)

         Document management (create, register, send/receive, comment/instruction, read/edit, and enclose) အပါအဝင် ရုံးလုပ်ငန်းများကို ထိရောက်စွာနှင့် လွယ်ကူလျင်မြန်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါသည်။  

      (၃) e-mail

         အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအားလုံးမှ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိသော e-mail စနစ်အား encryption ပြုလုပ်၍ အစိုးရအဖွဲ့အစည်းများမှ လုံခြုံ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် တာဝန်ယူဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

      (၄) e-Meeting

            ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော အစည်းအဝေးများ ကျင်းပခြင်း   များတွင် ICT နည်းပညာ အသုံးပြု၍ လွယ်ကူ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် e-Meeting စနစ်အား တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ 

       (၅) Ministry Website  

          ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းများ၊ လုပ်ငန်း ဆောင်ရွက်နေမှုများအား လွှင့်တင်၍ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

      (၆) Civil Service ID Management System (CSMS)

         အစိုးရဌာန ဆိုင်ရာများ အားလုံး တစ်ပြေးညီအသုံးပြုရန်အတွက် ဝန်ထမ်းများ ဝန်ထမ်းစိစစ်ရေး ကဒ်များကို Smart Card စနစ်ဖြင့် စတင်အသုံးပြုနိုင်ရန်၊ ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း အချက်အလက်များအား စုစည်းသိမ်းဆည်း၍ မျှဝေအသုံးပြုနိုင်ရန်အတွက် Common Application Software ဖြစ်သော Civil Service ID Management System စနစ်အား တည်ဆောက်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။  ဝန်ထမ်းများ ဝန်ကြီးဌာန များသို့ ဝင်ထွက်ရာနှင့် အခြား ဆက်စပ် နေရာများတွင် ဝန်ထမ်းဖြစ်ကြောင်း သက်သေခံ Smart Card အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Smart Card တွင်ပါဝင်မည့် အချက်အလက် သိမ်းဆည်းနိုင်မှုအပေါ်မူတည်၍ အခြား ဆက်စပ် Application များကိုလည်းမိမိတို့ဝန်ကြီးဌာနမှ လိုအပ်ချက်နှင့်အညီ တိုးချဲ့အသုံးပြုသွားနိုင်ပါသည်။

(ဥပမာ - Staff Enrollment System, Payroll System)

၁။ GPMS စနစ်နှင့်ချိတ်ဆက် အသုံပြုနိုင်မည့် ဝန်ထမ်းရေးရာ e-ID စနစ်တခုတည်ဆောက်သွားနိုင်ရန်။

၂။ဝန်ထမ်းများ၏ဝန်ထမ်းစိစစ်ရေး card များကို Smart Card စနစ်ဖြင့်စတင်အသုံးပြုနိုင်ရန်။

၃။ GPMS စနစ်တွင်သိမ်းဆည်းထားရှိပြီးဖြစ်သော ဝန်ထမ်းများ၏ အချက်အလက်များအား စုစည်းမျှဝေအသုံးပြုနိုင်မည့် Central Database စနစ် တည်ဆောက်ရာမှ National Database အဆင့်သို့အဆင့်မြှင့်တင်သွားနိုင်ရန်။

CSID စနစ်တွင်ပါဝင်သော Modules များမှာ

  • Smart Card Printing & Encoding
  • Access Control & Monitoring
  • GPMS Integration
  • Reporting

      (၇) e-Government Service Delivery Unit ဖွဲ့စည်းတည်ဆောက်ခြင်း စီမံကိန်း

          မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ planning, designing, implementing, နှင့် marketing လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ်များ ပေးနိုင်စေရန်ရည်ရွယ်၍  ဖွဲ့စည်း  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

      (၈) Myanmar e-Government National Portal တည်ဆောက်ခြင်း စီမံကိန်း

          မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-service များအား တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ လွယ်ကူလျင်မြန်သော၊ ကောင်းမွန်ထိရောက် သော Single Window Public Services ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ Myanmar National Portal တည်ဆောက်ခြင်း စီမံကိန်း‌အား ဆောင်ရွက်ပြီးစီးခဲ့ပြီး  အစိုးရဌာနအသီးသီးမှ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင် ကျွမ်းကျင်စွာ လွှင့်တင်သွားနိုင်ရန်ရည်ရွယ်၍ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း Myanmar National Portal User Training သင်တန်းအား အစိုးရဌာနအဖွဲ့အစည်းအသီးသီးသို့ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး (၂၇.၉.၂၀၁၈) တွင်   Myanmar National Portal အား Domain Name (www.myanmar.gov.mm) ဖြင့် လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။

၂။ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ

     (၁) Cyber Legal Framework ရေးဆွဲခြင်းစီမံကိန်း

         မြန်မာနိုင်ငံတွင် e-Government နှင့်   e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် e-Commerce e-Government တို့နှင့်စပ်လျဉ်း၍ Cyber Law and Policies များကို ရေးဆွဲသွားနိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။

     (၂) Government Integrated Data Center (e-GIDC)  တည်ဆောက်ခြင်းစီမံကိန်း

          မြန်မာနိုင်ငံ တွင် e-Government လုပ်ငန်းစဉ်များအား တိုးတက်များပြားလာမည့် e-Services များအား နိုင်ငံသားများအား ပိုမိုကောင်းမွန်သော Online ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်းစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။